သိန်း ( ၂၀ )ကို လက်ဖက်ရည် တစ်ခွက်နဲ့လဲခဲ့တဲ့ လူရိုးကြီး ”
အမေက အလုပ်ကိစ္စနဲ့ ရွှေပြည်သာ ဘက်ကို ခိုင်းလို့ မင်္ဂလာဒုံဈေးအဖြတ်မှာ ဒုတ်ထိုးဆိုင်လေးသန့်လို့ ဗိုက်ဆာဆာနဲ့ ဝင်စားမိခဲ့တယ်။နမော်နမဲ့ နိုင်တဲ့ ကျွန်တော်က စားအပြီးမှာရွှေဘူး ကျကျန်ခဲ့မိတယ်။
နောက် ၅ မိနစ်လောက်နေမှ သတိရလို့ ဟိုဒီရှာရင်း သွားပြန်မေးတော့ အကို ကျွန်တော်ရွှေဘူးလေး ကျခဲ့တာတွေ့မိလားမသိဘူး။
ဟန်းချိန်းရင် စိန်လက်စွပ် တစ်ကွင်းရယ် တန်ဖိုးရယ် အတိကျ ပြောပြလိုက်တော့ လောဘစိတ်မရှိဘဲ ပြန်ပေးတယ်ဗျာ။ကျေးဇူးတင်လို့ လက်ထဲပါသမျှ ပိုက်ဆံတွေအကုန်လုံးနဲ့ ကန်တော့တာ မယူဘူးဗျာ
(သူ့ကို လ္ဘက်ရည် တစ်ခွက်ပဲ တိုက်ပါတဲ့ ) ဘယ်လို လူရိုးကြီးလဲ လ္ဘက်ရည်ဆိုင်ရောက်တော့ အတင်းကန်တော့တာပါဆိုပြီး ထပ်ပေးပြန်တော့လည်း မယူဘူး
သူပြန်ပြောတဲ့ စကားလေးက ( ငါ့ ညီ အကိုတို့က မရှိလို့ လမ်းဘေးမှာ ဈေးရောင်းစားတာ ဘယ်သူ့ပစ္စည်းမှ အလကားမယူပါဘူး တဲ့ )
တကယ့်ကို လူရိုး လူမှန်ကြီးပါ ဗျာ။လမ်းကြုံရင် ဝင်ပြီးအားပေးလိုက်ပါဦး
Credit – Ko Htet
Unicode
Credit – Ko Htet