သူ႔နာမည္က ဘရက္ကမ္းဘဲလ္ျဖစ္သည္။ သူ႔ကို အေမရိကန္ျပည္ေထာင္စု အိုင္အိုဝါျပည္နယ္တြင္ ေမြးဖြားႀကီးျပင္းခဲ့သည္။ အိုင္အိုဝါျပည္နယ္ တကၠသိုလ္တြင္ ဗုဒၶဘာသာႏွင့္ ဝိပႆနာအေၾကာင္း မသင္ယူမီက ကမ္းဘဲလ္သည္ ကက္သလစ္ခရစ္ယာန္ဘာသာ ဝင္တဦးျဖစ္ခဲ့သည္။
ဘြဲ႕ရၿပီးေနာက္ သူသည္ ၿငိမ္းခ်မ္း ေရးတပ္ဖြဲ႕မ်ားႏွင့္အတူ မြန္ဂိုလီးယားႏိုင္ငံ၌ အမႈထမ္းခဲ့သည္။ ဤတြင္ ကမ္းဘဲလ္သည္ တိဘက္ဗုဒၶဘာသာ ႏွင့္ ထိေတြ႕ခဲ့ရသည္။
ကမ္းဘဲလ္က သူသည္ ဗုဒၶဘာသာကို စိတ္ဝင္စားသည္။ ဗုဒၶဘာသာသည္ ဘ၀ ဒႆနိကေဗဒတခုထက္ ပိုမိုေလးနက္သည္။ ကက္သလစ္ဘာသာတြင္ သူျမင္ေတြ႕ခဲ့ရသည့္ အက်င့္ပ်က္ မႈအလားအလာႏွင့္ အေဆာင္အေယာင္အဆင္တန္ဆာမ်ားသည္ ဗုဒၶဘာသာတြင္မရွိဟုလည္း သူ႔အေနႏွင့္ ယူဆပါသည္။
အေမရိကန္ျပည္ေထာင္စုသို႔ ျပန္ေရာက္လာေသာအခါ ကမ္းဘဲလ္သည္ ေက်ာင္းျပန္တက္သည္။ နာ႐ိုပါတကၠသိုလ္၏ ဘာသာေရးဆိုင္ရာဘြဲ႕ဒီဂရီ အစီအစဥ္တြင္ စာရင္းေပးသြင္းသည္။ တခ်ိန္တည္းတြင္ သူ၏ယုံၾကည္ကိုးကြယ္မႈအသစ္ ဗုဒၶဘာသာကို ဆက္လက္ေလ့လာလိုက္စားခဲ့သည္။ နာမည္ေက်ာ္ ဗုဒၶ ဘာသာတရားေဟာဆရာ ဒေဇာ့ခ်န္ပြန္ေလာ့ရင္ပိုခ်ီ က သူ႔ကို လူဝတ္ေၾကာင္ဗုဒၶဘာသာဥပသကာတဦး အျဖစ္ ဘြဲ႕အပ္ႏွင္းခဲ့သည္။
၂၀၁၃ ခုႏွစ္တြင္ ကမ္းဘဲလ္သည္ ေကာ္လိုရာဒိုရွိနာ႐ိုပါတကၠသိုလ္မွ ဘာသာေရးပညာဆိုင္ရာ မာစ တာဘြဲ႕ရရွိခဲ့သည္။ ယခုအခါ သူသည္ အေမရိကန္ ေလတပ္၏ ပထမဆုံးဗုဒၶဘာသာတရားေဟာဆရာ အျဖစ္ အမႈထမ္းေနသည္။ အေမရိကန္စစ္တပ္တြင္ သူ၏ရာထူးအဆင့္မွာ စစ္ဗိုလ္ေလးျဖစ္သည္။
ဗုဒၶဘာသာသည္ လူ႔ေလာကီအရႈပ္အေထြး၊ လူ႔ဘဝလမ္းခရီးတြင္ လူတဦးတေယာက္အေနျဖင့္ စိတ္စြမ္းအားႀကီးမားေအာင္ ဘယ္လိုလုပ္ရမယ္ဆိုတာ ေလ့လာသင္ယူတဲ့ဘာသာရပ္ျဖစ္သည္။ ဘဝမွာၿငိမ္း ၿငိမ္းခ်မ္းခ်မ္း စိတ္လက္ေပါ့ပါးစြာ ေနထိုင္ႏိုင္ေစမည့္ အေလ့အက်င့္ေကာင္းမ်ား ရရွိေစသည္ဟု ကမ္းဘဲလ္က သုံးသပ္သည္။ ”ဗုဒၶဘာသာမွာ စိတ္ပိုင္းဆိုင္ရာ ရႈေထာင့္တခုရွိတယ္”ဟု သူက မွတ္ခ်က္ျပဳသည္။
”ဒါေပမဲ့ လူေတြ ပိုမိုလြယ္ကူစြာ နားလည္သေဘာေပါက္နားလည္ႏိုင္ေစဖို႔အတြက္ ဒီစိတ္ပိုင္းဆိုင္ရာ ရႈေထာင့္ဆိုတဲ့ ေဝါဟာရကို ေဖာ္ျပရတာျဖစ္ပါတယ္” ဟု ကမ္းဘဲလ္က ေျပာသည္။
ကမ္းဘဲလ္သည္ နာ႐ိုပါတကၠသိုလ္တြင္ ေက်ာင္းသားတဦးအျဖစ္ ေက်ာင္းတက္တုန္းမွာပဲ ဗုဒၶ ဓမၼႏွင့္ပတ္သက္ၿပီး ေဟာေျပာမႈကို စတင္ခဲ့သည္။
အနီးအနားရွိ ဒင္ဗာစစ္မႈထမ္းေဟာင္းေဆး႐ုံတြင္ စိတ္ ေဝဒနာရွင္မ်ားကို ေမတၱာတရား၊ ဝိပႆနာက်င့္စဥ္တို႔ႏွင့္ပတ္သက္ၿပီး ေဟာေျပာပို႔ခ်ေပးသည္။ အရာရွိ သင္တန္းဆင္းၿပီးေနာက္ ဒင္ဗာၿမိဳ႕ဆင္ေျခဖုံး၊ ေအာ္႐ို ရာရွိ ဘတ္ကေလ ေလတပ္အေျခစိုက္စခန္းသို႔ ေျပာင္းေ႐ႊ႕အမႈထမ္းသည္။
သူသည္ ေလတပ္အမႈထမ္း အားလုံးအတြက္ တနလၤာ၊ ဗုဒၶဟူးႏွင့္ ေသာၾကာေန႔ မ်ားတြင္ ဗုဒၶဘာသာသင္တန္းမ်ား ဖြင့္လွစ္ေပးသည္။ အမႈထမ္းမ်ားအေနႏွင့္ သူ႔သင္တန္းမ်ားကို ႀကဳံလွ်င္ ႀကဳံသလို တက္ေရာက္နားေထာင္ႏိုင္ၾကသည္။
သူသည္ ဝိပႆနာသင္တန္းမ်ား၊ ဓမၼႏွင့္ပတ္သက္ေသာ ေဟာေျပာပြဲမ်ား ေဆြးေႏြးပြဲမ်ားကို အပတ္စဥ္ စတင္ခဲ့သည္။
ဗုဒၶဘာသာတို႔၏ ဘဝတန္ဖိုးမ်ားႏွင့္ စစ္မႈထမ္း ဘဝအၾကား အေတြးအေခၚအယူအဆအရ ဆန႔္က်င္ ဘက္ျဖစ္မေနဘူးလားဆိုသည့္ ေမးခြန္းကို ကမ္းဘဲလ္က ”ဒါဟာ အရမ္းေကာင္းတဲ့ေမးခြန္းတခုပဲ။ အရင္ ဒီေမးခြန္းနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ့္အေနနဲ႔ အေတာ့ကို အခက္အခဲေတြ႕ခဲ့ရတယ္။
စစ္ဘက္တရားေဟာဆရာ တဦးအေနနဲ႔ ကြၽန္ေတာ္သည္ တိုက္ခိုက္ေရးသမားတဦး မဟုတ္ဘူး။ လက္နက္ လုံးဝကိုင္ေဆာင္ခြင့္မရွိဘူး။ လက္နက္ကိုင္ေဆာင္တာ ေတြ႕ျမင္ရရင္ ကြၽန္ေတာ္ အမႈထမ္းဘဝမွ ထုတ္ပယ္ခံရႏိုင္တယ္။ ဒါဟာ ဂ်ီနီဗာကြန္ဗင္းရွင္းရဲ႕ အစိတ္အပိုင္းျဖစ္တယ္”ဟု ေျပာၾကားခဲ့သည္။
ဆက္လက္ၿပီး ၎က ”ကြၽန္ေတာ့ရည္မွန္းခ်က္က ေလတပ္သားေတြ စိတ္ပိုင္းဆိုင္ရာအရ ႀကံ့ခိုင္ေစ ဖို႔ျဖစ္တယ္။ အျပန္အလွန္အားျဖင့္ တပ္ဖြဲ႕ဝင္ေတြ အေနနဲ႔ ဘဝမွာ ႀကဳံေတြ႕ေနရတဲ့ဒုကၡမ်ားမွ ဘက္စုံ သက္သာရာရသြားေစဖို႔ ျဖစ္ပါတယ္။ သူတို႔ေတြ စစ္တပ္ထဲကထြက္သြားတဲ့အခ်ိန္မွာလည္း လူ႔အဖြဲ႕အစည္းတြင္ ယုံၾကည္မႈအျပည့္ျဖင့္ လုပ္ေဆာင္ႏိုင္ၾကမယ္။ လူတဦးခ်င္းအေနနဲ႔လည္း ေပ်ာ္႐ႊင္က်န္းမာၾကမွာျဖစ္တယ္”ဟု ရွင္းျပသည္။
မိမိအမႈထမ္းေနသည့္ ပတ္ဝန္းက်င္ရွိလူမ်ားကို တိုက္႐ိုက္ကူညီျခင္းအျပင္ ကမ္းဘဲလ္က သူ႔အေနႏွင့္ ဒီကေန႔ ကမာၻႀကီးတြင္ ေတြ႕ျမင္ေနရသည့္ ဆန႔္က်င္ ဘက္အစြန္းႏွစ္ရပ္ ဘက္ႏွစ္ဘက္ကြဲေနသည့္အေျခအေနသို႔ ေရာက္ရွိျခင္းကို ေလွ်ာ့ခ်ေရး ကူညီဖို႔ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားသည္။
သူတပါးကို အျပစ္ဖို႔မည့္အစား မိမိအတြင္းစိတ္ကိုျပန္ၾကည့္ရန္ ဗုဒၶဘာသာႏွင့္ ဗုဒၶရဲ႕ ဓမၼမ်ားက နည္းလမ္းမ်ားအျဖစ္ တည္ရွိေနသည္ဟု ရႈျမင္ပါေၾကာင္း ေျပာသည္။
တရားေဟာဆရာတဦးအျဖစ္ လုပ္ကိုင္ရတဲ့ အေတြ႕အႀကဳံအရ ကြၽႏု္ပ္တို႔သည္ ဒုကၡကို ကုစားဖို႔ ဒုကၡကိုရင္ဆိုင္ၾကရမွာ ျဖစ္တယ္။ ႐ုပ္ျမင္သံၾကားအေပၚ အခ်ိန္ကုန္ေနျခင္း၊ လြန္က်ဴးစြာအရက္ေသာက္စား ျခင္း၊ သို႔မဟုတ္ ကြၽႏု္ပ္တို႔ ခံစားခ်က္ကို အေႏွာင့္အယွက္မေပးႏိုင္ေအာင္ အျခားနည္းလမ္းတခုခုကို အသုံးခ်လ်က္ နာက်င္မႈမွ ထြက္ေျပးရန္ အခ်ိန္ကုန္ဆုံးေနလွ်င္ ကြၽႏု္ပ္တို႔သည္ ဘယ္ေတာ့မွ ဘဝ၏အခက္ အခဲမ်ားကို ကုစားႏိုင္မည္မဟုတ္ပါ”ဟု ဘရက္ကမ္းဘဲလ္ကေျပာၾကားခဲ့သည္။
S.M
Ref : (Global Buddhist door)
Unicode
အမေရိကန်လေတပ်၏ ပထမဆုံးဗုဒ္ဓဘာသာ တရားဟောဆရာ BRETT CAMPBELL
သူ့နာမည်က ဘရက်ကမ်းဘဲလ်ဖြစ်သည်။ သူ့ကို အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ်တွင် မွေးဖွားကြီးပြင်းခဲ့သည်။ အိုင်အိုဝါပြည်နယ် တက္ကသိုလ်တွင် ဗုဒ္ဓဘာသာနှင့် ဝိပဿနာအကြောင်း မသင်ယူမီက ကမ်းဘဲလ်သည် ကက်သလစ်ခရစ်ယာန်ဘာသာ ဝင်တဦးဖြစ်ခဲ့သည်။
ဘွဲ့ရပြီးနောက် သူသည် ငြိမ်းချမ်း ရေးတပ်ဖွဲ့များနှင့်အတူ မွန်ဂိုလီးယားနိုင်ငံ၌ အမှုထမ်းခဲ့သည်။ ဤတွင် ကမ်းဘဲလ်သည် တိဘက်ဗုဒ္ဓဘာသာ နှင့် ထိတွေ့ခဲ့ရသည်။
ကမ်းဘဲလ်က သူသည် ဗုဒ္ဓဘာသာကို စိတ်ဝင်စားသည်။ ဗုဒ္ဓဘာသာသည် ဘ၀ ဒဿနိကဗေဒတခုထက် ပိုမိုလေးနက်သည်။ ကက်သလစ်ဘာသာတွင် သူမြင်တွေ့ခဲ့ရသည့် အကျင့်ပျက် မှုအလားအလာနှင့် အဆောင်အယောင်အဆင်တန်ဆာများသည် ဗုဒ္ဓဘာသာတွင်မရှိဟုလည်း သူ့အနေနှင့် ယူဆပါသည်။
အမေရိကန်ပြည်ထောင်စုသို့ ပြန်ရောက်လာသောအခါ ကမ်းဘဲလ်သည် ကျောင်းပြန်တက်သည်။ နာရိုပါတက္ကသိုလ်၏ ဘာသာရေးဆိုင်ရာဘွဲ့ဒီဂရီ အစီအစဉ်တွင် စာရင်းပေးသွင်းသည်။ တချိန်တည်းတွင် သူ၏ယုံကြည်ကိုးကွယ်မှုအသစ် ဗုဒ္ဓဘာသာကို ဆက်လက်လေ့လာလိုက်စားခဲ့သည်။ နာမည်ကျော် ဗုဒ္ဓ ဘာသာတရားဟောဆရာ ဒဇော့ချန်ပွန်လော့ရင်ပိုချီ က သူ့ကို လူဝတ်ကြောင်ဗုဒ္ဓဘာသာဥပသကာတဦး အဖြစ် ဘွဲ့အပ်နှင်းခဲ့သည်။
၂၀၁၃ ခုနှစ်တွင် ကမ်းဘဲလ်သည် ကော်လိုရာဒိုရှိနာရိုပါတက္ကသိုလ်မှ ဘာသာရေးပညာဆိုင်ရာ မာစ တာဘွဲ့ရရှိခဲ့သည်။ ယခုအခါ သူသည် အမေရိကန် လေတပ်၏ ပထမဆုံးဗုဒ္ဓဘာသာတရားဟောဆရာ အဖြစ် အမှုထမ်းနေသည်။ အမေရိကန်စစ်တပ်တွင် သူ၏ရာထူးအဆင့်မှာ စစ်ဗိုလ်လေးဖြစ်သည်။
ဗုဒ္ဓဘာသာသည် လူ့လောကီအရှုပ်အထွေး၊ လူ့ဘဝလမ်းခရီးတွင် လူတဦးတယောက်အနေဖြင့် စိတ်စွမ်းအားကြီးမားအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ လေ့လာသင်ယူတဲ့ဘာသာရပ်ဖြစ်သည်။ ဘဝမှာငြိမ်း ငြိမ်းချမ်းချမ်း စိတ်လက်ပေါ့ပါးစွာ နေထိုင်နိုင်စေမည့် အလေ့အကျင့်ကောင်းများ ရရှိစေသည်ဟု ကမ်းဘဲလ်က သုံးသပ်သည်။ ”ဗုဒ္ဓဘာသာမှာ စိတ်ပိုင်းဆိုင်ရာ ရှုထောင့်တခုရှိတယ်”ဟု သူက မှတ်ချက်ပြုသည်။
”ဒါပေမဲ့ လူတွေ ပိုမိုလွယ်ကူစွာ နားလည်သဘောပေါက်နားလည်နိုင်စေဖို့အတွက် ဒီစိတ်ပိုင်းဆိုင်ရာ ရှုထောင့်ဆိုတဲ့ ဝေါဟာရကို ဖော်ပြရတာဖြစ်ပါတယ်” ဟု ကမ်းဘဲလ်က ပြောသည်။
ကမ်းဘဲလ်သည် နာရိုပါတက္ကသိုလ်တွင် ကျောင်းသားတဦးအဖြစ် ကျောင်းတက်တုန်းမှာပဲ ဗုဒ္ဓ ဓမ္မနှင့်ပတ်သက်ပြီး ဟောပြောမှုကို စတင်ခဲ့သည်။
အနီးအနားရှိ ဒင်ဗာစစ်မှုထမ်းဟောင်းဆေးရုံတွင် စိတ် ဝေဒနာရှင်များကို မေတ္တာတရား၊ ဝိပဿနာကျင့်စဉ်တို့နှင့်ပတ်သက်ပြီး ဟောပြောပို့ချပေးသည်။ အရာရှိ သင်တန်းဆင်းပြီးနောက် ဒင်ဗာမြို့ဆင်ခြေဖုံး၊ အော်ရို ရာရှိ ဘတ်ကလေ လေတပ်အခြေစိုက်စခန်းသို့ ပြောင်းရွှေ့အမှုထမ်းသည်။
သူသည် လေတပ်အမှုထမ်း အားလုံးအတွက် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့ များတွင် ဗုဒ္ဓဘာသာသင်တန်းများ ဖွင့်လှစ်ပေးသည်။ အမှုထမ်းများအနေနှင့် သူ့သင်တန်းများကို ကြုံလျှင် ကြုံသလို တက်ရောက်နားထောင်နိုင်ကြသည်။
သူသည် ဝိပဿနာသင်တန်းများ၊ ဓမ္မနှင့်ပတ်သက်သော ဟောပြောပွဲများ ဆွေးနွေးပွဲများကို အပတ်စဉ် စတင်ခဲ့သည်။
ဗုဒ္ဓဘာသာတို့၏ ဘဝတန်ဖိုးများနှင့် စစ်မှုထမ်း ဘဝအကြား အတွေးအခေါ်အယူအဆအရ ဆန့်ကျင် ဘက်ဖြစ်မနေဘူးလားဆိုသည့် မေးခွန်းကို ကမ်းဘဲလ်က ”ဒါဟာ အရမ်းကောင်းတဲ့မေးခွန်းတခုပဲ။ အရင် ဒီမေးခွန်းနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ အတော့ကို အခက်အခဲတွေ့ခဲ့ရတယ်။
စစ်ဘက်တရားဟောဆရာ တဦးအနေနဲ့ ကျွန်တော်သည် တိုက်ခိုက်ရေးသမားတဦး မဟုတ်ဘူး။ လက်နက် လုံးဝကိုင်ဆောင်ခွင့်မရှိဘူး။ လက်နက်ကိုင်ဆောင်တာ တွေ့မြင်ရရင် ကျွန်တော် အမှုထမ်းဘဝမှ ထုတ်ပယ်ခံရနိုင်တယ်။ ဒါဟာ ဂျီနီဗာကွန်ဗင်းရှင်းရဲ့ အစိတ်အပိုင်းဖြစ်တယ်”ဟု ပြောကြားခဲ့သည်။
ဆက်လက်ပြီး ၎င်းက ”ကျွန်တော့ရည်မှန်းချက်က လေတပ်သားတွေ စိတ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်စေ ဖို့ဖြစ်တယ်။ အပြန်အလှန်အားဖြင့် တပ်ဖွဲ့ဝင်တွေ အနေနဲ့ ဘဝမှာ ကြုံတွေ့နေရတဲ့ဒုက္ခများမှ ဘက်စုံ သက်သာရာရသွားစေဖို့ ဖြစ်ပါတယ်။ သူတို့တွေ စစ်တပ်ထဲကထွက်သွားတဲ့အချိန်မှာလည်း လူ့အဖွဲ့အစည်းတွင် ယုံကြည်မှုအပြည့်ဖြင့် လုပ်ဆောင်နိုင်ကြမယ်။ လူတဦးချင်းအနေနဲ့လည်း ပျော်ရွှင်ကျန်းမာကြမှာဖြစ်တယ်”ဟု ရှင်းပြသည်။
မိမိအမှုထမ်းနေသည့် ပတ်ဝန်းကျင်ရှိလူများကို တိုက်ရိုက်ကူညီခြင်းအပြင် ကမ်းဘဲလ်က သူ့အနေနှင့် ဒီကနေ့ ကမ္ဘာကြီးတွင် တွေ့မြင်နေရသည့် ဆန့်ကျင် ဘက်အစွန်းနှစ်ရပ် ဘက်နှစ်ဘက်ကွဲနေသည့်အခြေအနေသို့ ရောက်ရှိခြင်းကို လျှော့ချရေး ကူညီဖို့မျှော်လင့်ကြောင်း ပြောကြားသည်။
သူတပါးကို အပြစ်ဖို့မည့်အစား မိမိအတွင်းစိတ်ကိုပြန်ကြည့်ရန် ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓရဲ့ ဓမ္မများက နည်းလမ်းများအဖြစ် တည်ရှိနေသည်ဟု ရှုမြင်ပါကြောင်း ပြောသည်။
တရားဟောဆရာတဦးအဖြစ် လုပ်ကိုင်ရတဲ့ အတွေ့အကြုံအရ ကျွနု်ပ်တို့သည် ဒုက္ခကို ကုစားဖို့ ဒုက္ခကိုရင်ဆိုင်ကြရမှာ ဖြစ်တယ်။ ရုပ်မြင်သံကြားအပေါ် အချိန်ကုန်နေခြင်း၊ လွန်ကျူးစွာအရက်သောက်စား ခြင်း၊ သို့မဟုတ် ကျွနု်ပ်တို့ ခံစားချက်ကို အနှောင့်အယှက်မပေးနိုင်အောင် အခြားနည်းလမ်းတခုခုကို အသုံးချလျက် နာကျင်မှုမှ ထွက်ပြေးရန် အချိန်ကုန်ဆုံးနေလျှင် ကျွနု်ပ်တို့သည် ဘယ်တော့မှ ဘဝ၏အခက် အခဲများကို ကုစားနိုင်မည်မဟုတ်ပါ”ဟု ဘရက်ကမ်းဘဲလ်ကပြောကြားခဲ့သည်။
S.M
Ref : (Global Buddhist door)