Local News

ခါတိုင်းနဲ့မတူဘဲ တမူ ထူးခြားနေတဲ့ ထီးလိုမင်းလို ဘုရား ကောင်းကင်ယံ

ခါတိုင်းနဲ့မတူဘဲ တမူ ထူးခြားနေတဲ့ ထီးလိုမင်းလို ဘုရား ကောင်းကင်ယံ

၂.၂.၂၀၂၁ ရက်နေ့ ဟာတော့ မြန်မာတစ်နိုင်ငံလုံး ပြည်လုံးကျွတ် ဆန္ဒပြခဲ့တဲ့ ၂ ငါးလုံးအရေးတော်ပုံ နေ့ ဖြစ်ပါတယ်။

အဲ့ဒီနေ့မှာ ပုဂံမှာ တည်ရှိတဲ့ ထီလိုမင်းလို ဘုရားရဲ့ နေဝင်ချိန် ကောင်းကင်ယံဟာ မှိုင်းညို့ညို့နဲ့ ရမ်းရောင် သမ်းနေတာကို ထူးခြားစွာနဲ့ မြင်တွေ့ခဲ့ရပါတယ်။

ဒီဓာတ်ပုံကို ရိုက်ကူးခဲ့ ဓာတ်ပုံဆရာ သိန်းဇော်က အခုလိုပြောပါတယ်။ “ရိုက်ကူးထားတဲ့ ကင်မရာက fuji x-s10 ပါဗျ နေဝင်ချိန်မှာရိုက်ထားဖြစ်ပါတယ်၊ အဲ့ဒီ့ချိန်က လှလည်းလှတယ် ၊ Photo shop တွေ Effect တွေ မသုံး ထားပါဘူး” လို့ဆိုပါတယ်။

အဆိုပါဖြစ်ရပ်ကို မြင်တွေ့ခဲ့ရတဲ့ ပြည်သူ တစ်ဦးဖြစ်သူ ဒေါ်မိုးသဲ က ” ဟုတ်တယ် ဟိုနေ့ညကလည်း တရေးနိုးတော့ ကောင်းကင်ကြီးက လင်းလင်းကြီး ဖြစ်နေတာ တမျိုးပဲ” လို့ ပြောပါတယ်။

ဒီ ဓာတ်ပုံဟာ အွန်လိုင်းမှာ လူပြောများနေပါတယ်။တစ်ချို့မယုံကြည်တဲ့ သူများကလည်း PhotoShop လို့ ပြောဆိုနေကြပြီး၊ လူ အများစုကတမြန်မာနိုင်ငံအတွက် ကောင်းသော နိမိတ်ဖြစ်လာဖို့ ဆုတောင်းနေကြပါတယ်။

Unicode





