Health

အမျိုးသမီးတိုင်း သိသင့်သော သားအိမ်ကင်ဆာ၏ အဖြစ်အများဆုံးရောဂါလက္ခဏာ (၁၀) ချက်

အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေ အတွက် သတိပေး လက္ခဏာတွေကို လျစ်လျူရှု မထားသင့်ပါဘူး။ ဒီလက္ခဏာတွေကို အစောပိုင်း အဆင့်ကတည်းက သိနားလည်မှသာ ကုသမှု ကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

(၁) တင်ပဆုံ နာကျင်ကိုက်ခဲခြင်း

ချက်အောက်ပိုင်း တင်ပဆုံတွင်းမှာ နာကျင်တာနဲ့ တင်းနေတာစတဲ့ လက္ခဏာ တွေကို တာရှည်ခံစား နေရရင် သတိထားသင့်ပါတယ်။ ဒါက ရာသီအကြို ဝေဒနာ မဟုတ်ဘူး ဆိုတာ သေချာဖို့တော့ လိုပါတယ်။

တင်ပဆုံတွင်း နာကျင်ကိုက်ခဲမှုဟာ မမျိုးဥအိမ်ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ၊ မိန်းမကိုယ် ကင်ဆာစတဲ့ ကင်ဆာတွေနဲ့ ဆက်စပ်မှုရှိလို့ သတိထား သင့်ပါတယ်။

(၂) ဝမ်းဗိုက်ဖောင်းခြင်း၊ လေပွခြင်း

ဝမ်းဗိုက်ဖောင်းတာနဲ့ လေပွတာက မမျိုးဥအိမ်ကင်ဆာမှာ အတွေ့ရများတဲ့ လက္ခဏာတွေ ဖြစ် ပါတယ်။ လေပွတာကြောင့် ဘောင်းဘီ ကြယ်သီးကိုတောင် မတပ်နိုင်အောင် ဖြစ်နေ တာမျိုး၊ ဘောင်းဘီဆိုက်ကြီး တာကို ဝတ်ရတာမျိုး ဖြစ်နေရင် ဒီလက္ခဏာတွေကို လျစ်လျူမရှုသင့်ပါဘူး။

(၃) ခါးအောက်ပိုင်း ကြာရှည် ကိုက်ခဲခြင်း

ခါးနာတာက ခါးအောက်ပိုင်းမှာ အဖြစ်များပြီး စူးရှတဲ့ ကိုက်ခဲမှုမျိုးကို ခံစားရ တတ် ပါတယ်။ တချို့အမျိုး သမီးတွေက ကလေးမွေးတဲ့ ခံစားချက်မျိုးနဲ့ ဆင်တူတယ်လို့ ဆိုကြပါတယ်။ ခါးနာတာက မမျိုးဥအိမ် ကင်ဆာရဲ့ လက္ခဏာတစ်ရပ်ပါ။

(၄) ကြာရှည် ဖျားနာခြင်း

ခုနစ်ရက်ထက် ပိုကြာကြာ ဖျားရင် ဒါမှမဟုတ် အဖျားက မပျောက်နိုင်ဖြစ်နေရင် ဆရာဝန်နဲ့ ပြသင့်ပါ တယ်။ ကြာရှည်ဖျားနာတာက ကင်ဆာရဲ့ လက္ခဏာ တစ်ရပ် ဖြစ်နိုင်လို့ပါ။ ဒါပေမဲ့ အများအားဖြင့် ဖျားတာ က တခြားအပရိက ဝေဒနာတွေရဲ့ လက္ခဏာလည်း ဖြစ်တတ်ပါတယ်။

(၅) မိန်းမကိုယ်မှ ပုံမမှန်သွေးဆင်းခြင်း

မိန်းမကိုယ်က ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာက စိုးရိမ်ရပါတယ်။ ရာသီသွေး အလွန်အမင်း ဆင်းတာ၊ ရာသီလာချိန် တစ်ချိန်နဲ့ တစ်ချိန်ကြား သွေးဆင်းတာ၊ သွေးဆင်းတာတွေ အားလုံးက ပုံမမှန် သွေးဆင်းမှုတွေဖြစ်ပြီး အမျိုးသမီး ကင်ဆာ လက္ခဏာတွေလည်း ဖြစ်ပါတယ်။ ဒီလက္ခဏာတွေက သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ မမျိုးဥအိမ် ကင်ဆာတို့နဲ့ ဆက်စပ်မှု ရှိပါတယ်။

(၆) ဝမ်းသွားသော အလေ့အထ ပြောင်းလဲမှု ကြာရှည်ဖြစ်ပေါ်ခြင်း

ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ ဝမ်းထဲ သွေးပါတာ၊ လေထတာ၊ ဝမ်းအရည်ကျဲကျဲ သွားတာနဲ့ အူအလေ့အထ ပြောင်းလဲမှုတွေ ဖြစ်ရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဒါတွေက မီးယပ်သားဖွားကင်ဆာနဲ့ အူမကြီးကင်ဆာ လက္ခဏာတွေနဲ့ ဆက်စပ် နေတတ်ပါတယ်။

(၇) အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် များစွာလျော့ကျခြင်း

ဘာအကြောင်းရင်းမှ မရှိဘဲ ကိုယ်အလေးချိန် ၁၀ ပေါင်နဲ့အထက် လျော့ကျ တာက ပုံမှန် မဟုတ်ပါဘူး။ အမျိုးသမီး တစ်ဦးရဲ့ ကိုယ်အလေးချိန်က တစ်လအတွင်း အတက်အကျ ဖြစ်နိုင်ပေမယ့် ၁၀ ပေါင်နဲ့အထက် လျော့ကျရင် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

(၈) မိန်းမကိုယ် ပုံမမှန်ပြောင်းလဲမှုများ

မိန်းမကိုယ်မှာ အနာဖြစ်တာ၊ အရည်ကြည်ဖြစ်တာ၊ အရေပြား အရောင်ပြောင်း လဲတာနဲ့ မိန်းမကိုယ်ကနေ ပုံမမှန် အရည်ဆင်းတာတွေဖြစ်ရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

(၉) ရင်သားပြောင်းလဲခြင်း

လစဉ် ရင်သား စစ်ဆေးမှုအတွင်း အဖုအကျိတ်ပေါ်တာ၊ နာကျင်တာ၊ ရင်သားက အရည်ထွက်တာ၊ ရင်သား နီမြန်းတာနဲ့ ရောင်ရမ်းတာတို့ ဖြစ်နေရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ပါ။

(၁၀) နုံးချည့်ညောင်းညာခြင်း
အဖြစ်များဆုံး ကင်ဆာလက္ခဏာ တစ်ရပ်က နုံးချည့်ညောင်းညာတာပါ။ ကင်ဆာ အဆင့်မြင့်တဲ့အခါ ပိုမို နုံးချည့် ညောင်းညာနိုင်ပေမယ့် ကင်ဆာ အစောပိုင်း အဆင့်မှာကတည်းက သိသာထင်ရှားတဲ့ ဝေဒနာပါ။

နေ့စဉ် ပုံမှန်လုပ်ဆောင်မှုတွေ လုပ်တာတောင် နုံးချည့်ညောင်း ညာ နေဆဲ ဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အခြားအကြောင်းအရင်းတစ်ခုခုကြောင့်လည်း ဒီလိုရောဂါလက္ခဏာများဖြစ်တတ်တာကြောင့် သေချာစေရန် ဆရာဝန်နဲ့လည်းတိုင်ပင်စစ်ဆေးဖို့အကြံပြုပါရစေ။

Unicode