သားသမီးများကို ငရဲပေးတဲ့မိဘဆိုတာ တကယ်ရှိပါသလား
သင်မဖတ်ပဲကျော်သွားလျှင် ဘာတစ်ခုမှ သိမယ်မဟုတ်ပါ)သားသမီးများကိုငရဲပေးတဲ့မိဘဆိုတာ တကယ်ရှိပါတယ်။(၁) `အပြစ်တင်လွန်းတဲ့မိဘ´ဘာလုပ်လုပ်အပြစ်တင်နေတတ်တာတနည်းဆိုရရင် လောဘကြီးမိကြတာပါ။အသုံးမကျဘူးဆိုတဲ့ဘောင်ထဲသွတ်သွင်းတာ သားသမီးက တကယ်အသုံးမကျတာဖြစ်ချင်ဖြစ်မယ်။ဒါပေမဲ့အသုံးမကျတာကိုပဲ
ဖောက်မြင်နေတတ်တာ ဒါကိုကြားရဖန်များလာတဲ့အခါ ဒေါသကမိဘကိုပြန်ခံပြောတတ်ဖို့စတင်လာတယ်
(၂) `ဘက်လိုက်တာ´သားသမီးချင်းတူတူ
ငါ့သမီး/သားလေးဘက်လိုက်ဆက်ဆံတတ်တာဘက်လိုက်တတ်တဲ့မိဘတွေရဲ့ သားသမီးတွေဟာမစည်းလုံးကြတာများတယ်။မိဘကသွေးခွဲထားလို့ပါ`နင်ကညံ့တယ်နင်ကတော်တယ်´ဆိုပြီးကွာလတီခွဲလိုက်တဲ့ကုန်ပစ္စည်းတွေဟာဘယ်တော့မှဈေးနှုန်းညှိမရကြတော့ဘူး။ဘက်လိုက်မှုကမလေးစားမှုကို အစပျိုးပါတယ်အချင်းချင်းမနာလိုစိတ်ကနေအမုန်းတရားပွားများလာတယ်။ကလေးဘဝကတည်းကအရိုးစွဲတဲ့အမုန်းတရားကဘယ်တော့မှဖျောက်မရတော့ဘူးမိဘတွေသာမရှိကြတော့ရင်ဒီမောင်နှမတွေဟာပက်သက်စရာ လုံးဝကိုမရှိတော့တဲ့လူတွေဖြစ်နေကြပါလိမ့်မယ်။
(၃) ဆဲဆိုလွန်းတာ နေ့စဉ် အဆဲခံရတဲ့လူဟာမခံချင်စိတ်ကြောင့် ဒေါသများမယ် ပြန်ပြောမိရင်တော့မိဘကိုခံပြောသလိုဖြစ်တယ်။ငရဲကြီးမယ် ဒုက္ခရောက်မှအေးမယ်ခွေးဖြစ်မှာဆိုတဲ့ကျိန်စာဆန်ဆန်စကားတွေဟာအရမ်းဆိုးပါတယ်။ကောင်းကောင်းမွန်မွန် ပြောပြီးခိုင်းလို့ရနိုင်ပေမယ့် ဆဲရေးပြီးမှလုပ်မယ် ထင်တဲ့အတွေးနဲ့ခိုင်းတာဟာဆိုးဝါးလွန်းပါတယ်။
(၄) `သားသမီးအိမ်ထောင်ရေးကိစ္စကို စွက်ဖက်တာ´`နင့် ယောက်ကျားကဘယ်လို´`နင်ယူထားတဲ့ မိန်းမကဘယ်လို´ဆိုတာမျိုးမပြောသင့်ပါဘူး။သားသမီးရဲ့ရွေးချယ်မှုကိုလဲလေးစားရပါမယ်သူတောင် သူ့ဘဝကိုသူနေတတ်လို့နေနေတာပါ။သားသမီးကသူ့အိမ်ထောင်နဲ့ပက်သက်ပြီးကူညီပါလို့မပြောမချင်း ဝင်ပါစရာမလိုတာပါ။ငါ့သမီးမှန်တယ် ငါ့သားမှန်တယ်ဆိုတဲ့အယူအဆဟာမှားပါတယ်။ကိုယ့်သားသမီးအကြောင်းသိတယ်ဆိုတာကလေးဘဝမှာပဲဖြစ်ပါလိမ့်မယ်။ကလေးဘဝမှာသာမိဘနဲ့တစ်နေကုန်ရှိနေလို့သူတို့အကျင့်လေးတွေသိနေကြရတာသူတို့်အရွယ်ရောက်တဲ့အခါမိဘနဲ့နေချိန်နည်းလေ မိဘကသားသမီးစိတ်ကို
မသိရလေဆိုတာကိုသတိထားသင့်ပါတယ်။သားသမီးဆိုတာ မိဘကိုအစစအရာရာပြောပြချင်တဲ့အရွယ်ဆိုတာ အသက်လေးငါးဆယ်နှစ်အရွယ်မှာပဲရှိတယ်။ဒါကိုကလေးလိုပဲအကုန်သိချင်အကုန်ဖြေရှင်းပေးချင်တယ်ဆိုရင်တော့တကယ်ဖြစ်လာရင်တောင် မိဘကိုမတိုင်ပင် ကြတော့တာများပါတယ်။`ငါပြောသားပဲ´ဆိုတဲ့စကားနောက်ကအပြစ်တင်မှုတွေဟာပြဿနာကိုဖြေရှင်းဖို့ ဝေးကွာစေတာသားသမီးတွေကရိပ်စားမိကြပါတယ်။သားသမီးအကြောင်းတကယ်သာသိရင် ဒါမျိုးမလုပ်သင့်တာကိုသိကိုသိထားရမယ်။
(၅) `သားသမီးကိုပြောဆိုဆက်ဆံပုံ မှားတာ´အချို့ မိဘတွေရှိပါတယ် ပြင်ပမှာတော့ လူငယ်လူကြီးမရွေးကိုအရမ်းအလေးထားဆက်ဆံတတ်ပါတယ်။ပြောရရင်လူတွေအပေါ်လေးစားမှုရှိတာပေါ့သားသမီးကိုကျ အဲ့လိုမလုပ်နိုင်ကြပါဘူး။သားသမီးဆိုတာ ငယ်နိုင်လိုဖြစ်နေတော့စိတ်အလိုမကျတိုင်းသားသမီးကိုနှိမ်နေတတ်တာမျိုးပါ။စေတနာစကားပေမယ့်..အပြောမတတ်ရင်နားခါးတာလူ့သဘာဝပါ။အပြင်ပန်းကမှတ်မထားချင်ရင်နေမယ်စိတ်ခံစားချက်ကတော့မိဘကငါပြောတိုင်းမကောင်းမြင်တယ်ဆိုပြီးဒေါသကြီးနေတတ်တဲ့သားသမီးတွေရှိလာရတာပါ။
စိတ်ဆိုတာအမြဲကြည်သာမနေပါဘူး။အမြဲနားပူအောင်နေ့စဉ်ဆုံးမစကားဆိုမနေမိပါစေနဲ့။သူနေ့စဉ်လုပ်တာတွေမှတ်ထားပြီးတစ်ပတ်တစ်ခါတစ်လတစ်ခါလောက်သာစားပွဲဝိုင်းမှာအေးအေးဆေးဆေးပဲဆုံးမစကား တစ်ခွန်းချင်းပြောသင့်ပါတယ်။တစ်ပတ်တစ်ခါမို့ဆုံးမရတာ စိတ်လဲရှည်တယ်သားသမီးအနေနဲ့လည်းမိဘက ချက်ကျလက်ကျပြောတော့ငြင်းရခက်တယ်။သူ့အမှားကိုဆင်ခြင်နိုင်တယ်`ဒေါသပါတဲ့ ဆုံးမစကားဟာပြောင်းပြန်အကျိုးသက်ရောက်ပါတယ်။ဘာလို့လဲဆိုတော့
သားသမီးဆိုတာလူသားမို့ဒေါသထွက်ရင်အရွဲ့တိုက်တတ်လို့ပါ အဆင်မပြေမှုတွေကိုသူတို့လဲမလိုလားကြပါဘူး။ဒါပေမဲ့ ငြင်းဆန်မရရင်တော့မိဘနဲ့ထိပ်တိုက်ရင်ဆိုင်ခြင်းထက်အဝေးကို ပြေးသွားလိုက်တာအကုသိုလ်အနည်းဆုံး အဆင်ပြေဆုံးလို့ထင်မြင်ယူဆလာကြပါတယ်။
မိဘနဲ့အဆင်မပြေတဲ့သားသမီးဟာ သူ့ဖာသာရပ်တည်နေရတဲ့အခါမှာလဲအဆင်ပြေဘို့ဆိုတာမလွယ်ကူပါဘူး။အဆင်ပြေပြေ မပြေပြေ မိဘမသိပါစေနဲ့အဆင်ပြေတယ်ပဲပြောလိုက်ပါ။တွေးပူနေတတ်တဲ့မိဘကိုလည်းစိတ်မပင်ပန်းစေသလို အကုသိုလ်လဲနည်းစေပါတယ်။တတ်နိုင်ရင်အဝေးကနေထောက်ပံ့ခြင်းကိုလုပ်လို့ရပါတယ်။အနီးမှာပဲ နေမယ်ဆိုလဲမိဘနဲ့အဆင်ပြေအောင်နည်းလမ်းရှာပြီးစိတ်လျော့ကြပါ။မိဘဆိုတာ အဖိုးတန်ပါတယ်ဒါပေမယ့်သားသမီးဆိုတာလဲ လူသားမို့သူလဲသူ့တန်ဖိုးနဲ့သူရှိတယ်ဆိုတာမိဘများအထူးသတိထားကြည့်ကြပြီးမိဘနဲ့သားသမီးများဆက်ဆံရေးဟာလဲပိုအဆင်ပြေကြမှာပါ။