ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်တဲ့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့အံ့ဖွယ် ၉ ပါး
ပရိသတ်ကြီးတို့ရေ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီးကို ဖူးမြော်ဖူးကြမှာပါ……ကျိုက်ထီးရိုးစေတီတော် မြတ်ကြီးဟာ ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ တန်ခိုးကြီးဘုရားလေးဆူထဲမှာ တစ်ဆူအပါအဝင်ဖြစ်ပြီး အရှေ့ရိုးမတောင်တန်း၏ ပေါင်းလောင်းတောင်ပေါ်မှာ စံပယ်တော်မူလျက်ရှိပါတယ်။
ပင်လယ်ရေမျက်နှာနှာပြင်အထက် ပေ ၃၆၀ဝ မှာရှိပြီး စေတီတော်ရဲ့ ကျောက်တုံးကြီး လုံးပတ်က ၅၅ တောင် တစ်မိုက်ခန့်ရှိပြီး အမြင့်ကတော့ ၈၃ တောင်မြင့်ပါတယ်။ မြတ်စွာဘုရားဆံတော်များ ကိန်းဝပ် အပူဇော်ခံယူနေတယ်ဆိုတဲ့ ယုံကြည်မှုနဲ့ မြန်မာနိုင်ငံအရပ်ရပ်က ဘုရားဖူးများ လာရောက်ဖူးမြော်ကြသည်သာမက အခုနောက်ပိုင်းမှာ နိုင်ငံတကာက ကမ္ဘာလှည့်ခရီးသွားတွေပါ လာရောက်ကြပြီး စည်ကားလျက်ရှိပါတယ်။
မရောက်ဖူးသေးတဲ့ မိတ်ဆွေများအတွက် ကျိုက်ထီးရိုးစေတီတော်ကြီးရဲ့ အံဖွယ် ၉ ပါးကို ပြောပြပေးလိုက်ပါတယ်…
( ၁ ) မြတ်စွာဘုရား ဆံတော်မြတ်ကို မိမိဆံကျစ်၌် အမြဲကိုးကွယ်သော တိဿရသေ့ကြီး နာမကျန်းဖြစ်၍ ထိုဆံတော်မြတ်ကို ဌာပနာ၍ ဘုရားတည်လိုသောအခါ သိကြားမင်းသည် ထိုရသေ့၏ ဦးခေါင်းနှင့်တူသော ကျောက်တုံးကြီးကို သမုဒ္ဒရာအတွင်းမှဆောင်ယူ၍ ကျိုက်ထီးရိုးကျောက်ဆောင်ထိပ်၌ ဘုရားတည်ရန် တင်ထားခြင်း။
(၂ ) ထိုကျောက်တုံးကြီးသည် ကျောက်တောင်စောင်းထိပ်၌ တည်ပါလျက် ငလျင်လှုပ်ခြင်းစသော အကြောင်းကြောင့် ရွေ့လျားခြင်း မရှိခြင်း။ (၃) ထိုကျောက်တုံးကြီးပေါ်၌ ခက်ခဲစွာစေတီတည်ထားခြင်း။ ( ၄ ) မြတ်စွာဘုရား၏ ဆံတော် ဌာပနာခြင်း။
(၅ ) ကမ္ဘာပေါ်တွင် ကျိုက်ထီးရိုးစေတီနှင့်တူသော စေတီမရှိခြင်း။ ( ၆ ) ဘုရားဖူးတို့သည်ခက်ခဲစွာ တောတောင်လျှိုမြောင်တို့ကို ဖြတ်ကျော်၍ တောင်တက်ဘုရားဖူးရခြင်း။ ( ၇ ) ဘုရားဖူးတို့သည် ဖူးမဝဖြစ်၍ နောက်ထပ်လာရောက် ဖူးပါရစေဟု ဆုတောင်းခြင်း၊ အခေါက်များစွာ လာရောက်ဖူးမြော်ကြရခြင်း။
( ၈ ) ဘုရားဖူးတို့သည် ဘေးရန်အန္တရာယ်မရှိ၊ ကြည်နူးချမ်းသာခြင်း။
( ၉ ) နှစ်စဉ်မပျက် တောင်တက်ဘုရားဖူးများ အဆင်းအတက် ရှိလျက်ရင်ပြင်တော်၌ ပြည့်ကြပ်များပြားခြင်း။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်ပရိသတ်ကြီးတို့လည်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို မဖူးမြော်ဖူးသေးရင်လည်း သွားရောက်ဖူးမြော်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်.
Unicode