ရဟန်းသံဃာကို ဖိနပ်မချွတ်ပဲ လှူရင် အလှူမြောက်ပါသလား။
ရဟန်းသံဃာကို လှူရင် ဖိနပ်ချွတ်ပြီးမှ လှူရတယ်လို့ မိဘဆရာများက သင်ခဲ့ကြပါတယ်။ ဖိနပ်မချွတ်ပဲ လှူခဲ့ရင် အလှူမြောက်ပါသလား။
အကျိုးအပစ်ရှိပါသလား။
ရဟန်းတွေရဲ့ ၂၂၇ သွယ်သော သိက္ခာပုတ်မှာ ခြေနင်း၊ဖိနပ် စီးထားသောသူကို တရားမဟောရဟု ပါရှိပါတယ်။ ဒါကြောင့် အကယ်၍
မိမိမှ ဖိနပ်မချွတ်ပဲ လှုဒါန်းရင် အလှုခံ ရဟန်းမှ တရားဟောပြောခြင်လျှင်တောင်မှ ဟောပြောခွင့် မရ ဖြစ်နေမှာ ဖြစ်တဲ့အတွက်ကြောင့်
ဖိနပ်မစီးသင့်ပါဘူး။ ဘုန်းကြီးကျောင်းဝင်းအတွင်းဝင်လျှင် ဖိနပ်ချွတ်ဝင် ကြသော သဘောတရားနဲ့ အတူတူပါပဲ။ သာသနာတော်မှာ
သီးသန့် သတ်မှတ်(ဖိနပ်ချွတ်ရမည်ဟု) ထားတာ မတွေ့ရှိပါ။
ဖိနပ်မချွတ်လည်းအလှူတော့မြောက်တယ် ဒါပေမယ့် သကစ္စမဖြစ်ပါဘူး။ ဒါနအကျိုးရတယ် သကစ္စအကျိုးမရပါဘူး။
သက္ကစ္စဆိုတာရိုရိုသေသေလှူတာ လေးလေးစားစားလှူတာကိုပြောတာပါ။ ဒါနအကျိုးကြောင့်ကြွယ်ဝမယ်၊ အခြွေအရံပေါမယ်။ ဒါပေမယ့်
သက္ကစ္စမဖြစ်တော့အခြွေအရံကအစကိုယ့်ကိုမလေးစားဘူးပေါ့။ လူလေးစားမခံရဘူးပေါ့။
ဘကြီးတော်မင်းနဲ့ မယ်နုတို့ဟာအဖိုး၃သိန်းတန်တဲ့အုတ်ကျောင်းကိုရေစက်ချတဲ့နေ့မှာ ဆရာတော်ဦးဗုဓ်ဟာ
ကန်တော့ခန်းပြီးတာတောင်သီလမပေးဘူးတဲ့။ ဘာလို့လဲဆိုတော့ ဘကြီးတော်ဟာထိခြင်းငါးပါးနဲ့မရှိခိုးပဲခေါင်းအုံးခံထားလို့တဲ့။
ခေါင်းအုံးဖယ်ပြီးတာတောင် ရှိခိုးတာအချိုးကျမှ သီလပေးသတဲ့ဗျာ။
အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Credit:မင်္ဂလာသတင်းစဉ် မှ ကူးယူဖော်ပြသည်။
Unicode