၁၂ နှစ်ကြာကယ်ဆယ်ရေးတာဝန်ကိုထမ်းဆောင်လာသော ခွေးလေးသေဆုံးသွား၍ ဂုဏ်ပြုအခမ်းအနားကျင်းပ
လွန်ခဲ့သောရက်ပိုင်းက တရုတ်နိုင်ငံရှိ ၁၂ နှစ်ကြာအတူတကွ တာဝန်ထမ်းဆောင်လာခဲ့သည့် သေဆုံးသွားသော ထျဲန်းပေါင် လို့အမည်ပေးထားတဲ့ ကယ်ဆယ်ရေးခွေးလေးတစ်ကောင်၏ အုတ်ဂူပေါ်တွင် ဝမ်းနည်းသတိရစွာဖြင့်ငိုကြွေးနေသော ဝမ်ရုကျဲန် ဆိုသူလုပ်ဖော်ကိုင်ဖက်စစ်သားအရာရှိတစ်ဦး၏ လွမ်းဆွတ်ဖွယ်ပုံရိပ်များကို တွေ့ရှိရမှာဖြစ်ပါတယ်။
အင်္ဂလိပ်စပရင်းကားစပါယ်နီယာယ်ခွေးအမျိုးစားဖြစ်ပြီး ထျဲန်းပေါင်အမည်ကတော့ နတ်ပြည်ကအမွေလို့ အဓိပ္ပာယ်ရပါတယ်။ ပြီးခဲ့သောလအတွင်းမှာ ကိုယ်တွင်းအင်္ဂါလုပ်ဆောင်ချက်များချို့ယွင်းမှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ဆိုကြပါတယ်။သြဂုတ်လအလယ်လောက်က ချန်တုန်းပြည်နယ်မှာ ခွေးလေး၏နှုတ်ဆက်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါတယ်။
နှစ်ပေါင်းများစွာအလုပ်တွေလက်တွဲလာကြသော ဝမ်ရုကျဲန် ဆိုသူသည် ခွေးလေးရဲ့အုတ်ဂူ၌ သန့်ရှင်းရေးပြုလုပ်ပေးရင်း အချစ်ဆုံးအဖော်မွန်ခွေးလေးအားဝမ်းနည်းကြေကွဲစွာဖြင့် “မင်းကို ထာဝရတန်ဖိုးထားတယ်၊ ကောင်းရာသုဂတိရောက်ပါစေ” လို့စိတ်မကောင်းစွာ နောက်ဆုံးအနေဖြင့်သူနှုတ်ဆက်ခဲ့ပါတယ်။
၎င်းခွေးလေးသည် ၂၀၀၈ ခုနှစ်၌မွေးဖွားပြီး အဲ့ဒီနှစ်အတွင်းမှာပဲ ကယ်ဆယ်ရေးနှင့်မီးသတ်ဌာန၌တာဝန်ထမ်းဆောင်ရန် ချန်တုန်းရှာဖွေစစ်ဆေးရေးအဖွဲ့နှင့်ကယ်ဆယ်ရေးသင်တန်းမှ အနံ့ခံရှာဖွေရေးခွေးအဖြစ်လေ့ကျင့်ရန် ဝမ်ရုကျန် ဆီသို့စေလွှတ်ခြင်းခံခဲ့ရပါတယ်။ခွေးလေးသည် ပါးနပ်ပြီးရှက်တတ်သော
အလွန်ရဲရင့်သည့်ခွေးတစ်ကောင်ဖြစ်ပါတယ်။ သူ့ရဲ့သက်တမ်းတလျှောက်လုံးမှာ ပြီးမြောက်အောင်မြင်စွာတာဝန်ထမ်းဆောင်နိုင်ခဲ့သော လုပ်ငန်း
ပေါင်း ၃၀ ကျော်ရှိခဲ့ပါတယ်လို့ ဝမ်က ဆိုပါတယ်။ဥပမာအားဖြင့် ၎င်းသည် ၂၀၁၀ ခုနှစ်တွင် အမျိုးသားအမဲလိုက်ခွေးချန်ပီယံဆုရရှိထားပြီး၂၀၁၁ ခုနှစ်တွင် ၂၀၁၀ ခုနှစ်က တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ယူဆူမြို့ငလျင်မှအသက်ရှင်ကျန်ရစ်သူများအားရှာဖွေခြင်းအတွက် ချီးကျူးထိုက်သောခွေး
ဆုကိုလည်း ချီးမြှင့်ခံခဲ့ရပါတယ်။ဝမ်၏ပြောကြားချက်အရ အဲ့တုန်းက လှုပ်ခတ်သွားသောငလျင်ကြောင့်လူပေါင်း ၂,၆၉၈ ဦးထက်မနည်းသေဆုံးသွားခဲ့ပြီး၊ ဤခွေးလေးက လူများစွာကိုကယ်တင်သွားရုံသာမက သူ့အသက်ကိုပါ ကယ်တင်ပေးသွားကြောင်း ဆိုပါတယ်။ဘာလို့လဲဆိုတော့ ဖရိုဖရဲပြိုပျက်နေသောအဆောက်အဦးများကြားထဲက အသက်ရှင်ကျန်ရစ်သူများကိုလိုက်လံရှာဖွေနေစဉ်မှာ သူသတိမေ့မျောသွားခဲ့ပါတယ်။
ထိုအခါ သူ့ကိုနိုးလာအောင် ခြေထောက်ကိုမသိမသာလေးပါးစပ်နဲ့ကိုက်ပေးနေ၍ လူတွေကို ဟောင်ပြီးအကူအညီလှမ်းတောင်းနေခဲ့ရာ နောက်ဆုံး၌တခြာ
းကယ်ဆယ်ရေးသမားများက ကျွန်တော့်ကိုလာကယ်တင်သွားပြီး ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်တော်နဲ့ခွေးလေးက အကောင်းဆုံးအချစ်ဆုံးမိတ်ဆွေတစ်ဦးသကဲ့သို့ ချစ်ခြင်းမေတ္တာတွေပွားများလာခဲ့တယ်လို့ ဆိုပါတယ်။၂၀၁၅ ခုနှစ်တွင် ထျဲန်ဂျင်းမြို့ရှိ ဓာတုဗေဒပစ္စည်းများသိုလှောင်သောဂိုဒေါင်တစ်လုံးပေါက်ကွဲမှုကြောင့်
လူ ၁၇၃ ဦးသေဆုံးပြီး ရာနှင့်ချီဒဏ်ရာရရှိခဲ့သော ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေမှာလည်း ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ထို့နောက် ၂၀၁၆ ခုနှစ်၌ ၈ နှစ်ကြာတာဝန်ထမ်းဆောင်လာသောခွေးအား အလုပ်
ကအငြိမ်းစားရသွားပြီး၊ ဝမ်နှင့် ပထမဆုံးခွဲနေရတဲ့အခြေအနေဖြစ်ပြီးနောက် ခွေးများဂေဟာသို့ပြောင်းရွှေ့ထားလိုက်ပါတယ်။
၎င်းနေရာမှာ ခွေးက ပျော်ရွှင်မှုမရှိကြောင်းသိရသော ဝမ်တစ်ယောက်ဟာသူကိုယ်တိုင်ဂရုစိုက္စောင့်ရှောက်လိုသောဆန္ဒဖြင့် သူ့ရဲ့ကြီးကြပ်ရေးမှူးထံ ခွင့်တောင်းစာပို့လိုက်ရာ သူ့ရဲ့အကြီးအကဲထံက ခွင့်ပြုချက်ရခဲ့ပြီး ၄ နှစ်ကြာအတူနေသွားပြီးနောက် ပြီးခဲ့သောဇူလိုင်လအကုန်တွင်
ခွေးကလေးကသေဆုံးသွားခဲ့ပါတယ်။ချန်တုန်းမီးသတ်ဌာနသည် ယင်းသူရဲကောင်းခွေးအား နှုတ်ဆက်ရန် အထူးဈာပနအခမ်းအနားကို ကျင်းပပြုလုပ်ပေးခဲ့ပြီး ဂျီနန်မြို့ရှိအများအကျိုးပြုသောခွေးသင်္ချိုင်း၌ သဂြိုလ်မြှုပ်နှံလိုက်ကြောင်း သိရှိရပါတယ်။
popolay