Love

မျက်မမြင်အချစ်

မျက်မမြင်အချစ်

တစ်ခါတုန်းက လူတစ်ယောက်ဟာ အလွန် ချောမောလှပတဲ့မိန်းကလေးတစ်ယောက်နဲ့ ချစ်ကျွမ်း ဝင်ခဲ့ပြီး လက်ထပ်ယူခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အပြန်အလှန် ချစ်မြတ်နိုးကြတာမို့ အိမ်ထောင်ရေး ဟာ သာယာခဲ့ပါတယ်။ တစ်ခါတုန်းက လူတစ်ယောက်ဟာ အလွန် ချောမောလှပတဲ့မိန်းကလေးတစ်ယောက်နဲ့ ချစ်ကျွမ်း ဝင်ခဲ့ပြီး လက်ထပ်ယူခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အပြန်အလှန် ချစ်မြတ်နိုးကြတာမို့ အိမ်ထောင်ရေး ဟာ သာယာခဲ့ပါတယ်။

အိမ်ထောင်သက်တစ်နှစ်လောက် ကြာလာတဲ့ အခါမှာတော့ မိန်းကလေးဟာ အရေပြားရောဂါတစ်ခု စွဲကပ်လာတာမို့ အလှအပတွေ ယိုယွင်းစ ပြုလာပါ တယ်။ မိန်းကလေးဟာ ရောဂါဖြစ်စကတည်းက စိုးရိမ်စိတ် ရှိလာပါတယ်။ ရောဂါကြောင့် အလှအပ တွေ ယိုယွင်းသွားရင် ယောကျာ်းဖြစ်သူက သူ့အပေါ် အချစ်ပြယ်သွားမှာ စိုးရိမ်လို့ပါ။ ဒါ့ကြောင့် သူဟာ ပိုပြီး အလှပြင်လာခဲ့ပါတယ်။ ဇနီးဖြစ်သူမှာ အဲဒီလိုမျိုး စိုးရိမ်စိတ်တွေ ဖြစ် ပေါ်နေတာကို ယောကျာ်းဖြစ်သူကလည်း ရိပ်စား မိပါတယ်။ ဒါကြောင့် ဇနီးဖြစ်သူ စိတ်ချမ်းသာအောင် အရင်ကထက် ပိုပြီး ဂရုစိုက်ပေးပါတယ်။ ရောဂါကို လည်း ငွေကုန်ကြေးကျခံပြီး ကုသပေးပါတယ်။ တစ်နေ့တော့ ယောကျာ်းဟာ အလုပ်ကိစ္စနဲ့ ခရီးဝေးထွက်သွားရပါတယ်။

သုံးလလောက်တောင် အချိန်ကြာသွားပါတယ်။ ပြန်လာတော့ သူ့လုပ်ဖော် ကိုင်ဖက်တစ်ဦးက တွဲပြီး အိမ်လိုက်ပို့ပေးပါတယ်။ကားမတော်တဆမှုဖြစ်ပြီး မျက်စိနှစ်ဖက်လုံး ကွယ် သွားတာမို့ တွဲပြီး ပို့ပေးရတာပါ။ ဇနီးဖြစ်သူဟာ ယောကျာ်းအတွက် စိတ် မကောင်းလွန်းလို့ မျက်ရည်ကျရပါတယ်။ တစ်ဖက် မှာလည်း ယောကျာ်းဖြစ်သူ မျက်မမြင်ဖြစ်သွားတဲ့ အတွက် အရေပြားရောဂါကြောင့် သူမဆီမှာ အလှ အပတွေ ယိုယွင်းနေတာကို မမြင်ရတော့ဘူး၊ သူမ ကို အချစ်ပြယ်သွားမှာမဟုတ်တော့ဘူးလို့ တွေးမိ ပါတယ်။ အဆိုးနဲ့အကောင်း နှစ်ခုလုံး ဒွန်တွဲဖြစ်ပေါ် လာတာပဲလို့ သူမ ယူဆခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဇနီးဖြစ်သူဟာ မျက်မမြင် ယောကျာ်းကို လိုလေသေးမရှိ ပြုစုစောင့်ရှောက်ပါ တယ်။

နှစ်ယောက်တည်းနေကြတာဆိုတော့ ဇနီး ဖြစ်သူဟာ အချက်အပြုတ်အလျှော်အဖွတ်အလုပ် တွေလုပ်နေရင် မျက်မမြင်ယောကျာ်းကို မစောင့် ရှောက်ရမှာ စိုးတဲ့အတွက် အိမ်ဖော်ငှားလိုက်ပါတယ်။အိမ်မှုကိစ္စတွေကို အိမ်ဖော်နဲ့ လွှဲပေးထားပြီး သူမက တော့ ယောကျာ်း အိပ်ရာထတဲ့အချိန်ကစလို့ အိပ်ရာဝင်တဲ့ အချိန်အထိ ဖေးမတွဲကူ စောင့်ရှောက် ပါတယ်။ ဇနီးဖြစ်သူရဲ့ ဖေးမတွဲကူ စောင့်ရှောက်မှုကို ခံရတဲ့ယောကျာ်းဖြစ်သူဟာ မျက်မမြင်ဖြစ်သွားလို့ စိတ်ဓာတ်ကျစရာမလိုတဲ့အပြင် သူ့ရဲ့ စီးပွားရေးလုပ် ငန်းကိုပါ ဆက်လုပ်နိုင်ခဲ့ပါတယ်။

စာရင်းဇယားတွေ၊ လုပ်ငန်းနဲ့ပတ်သက်တဲ့ဆက်သွယ်ပေးပို့လာသမျှ စာ တွေကို ဇနီးက ဖတ်ပြရပါတယ်။ သူက ပြန်လည် ပေးပို့မယ့်စာတွေကို ရေးပေးရပါတယ်။ အလုပ်ကိစ္စ နဲ့ အပြင်သွားရင်လည်း ဇနီးက တွဲပြီး လိုက်ပို့ပေး ပါတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဇနီးအလိမ္မာ လေး ရထားတယ်လို့ ချီးကျူးစကား ပြောကြပါ တယ်။ ဒီလိုနဲ့ တစ်ယောက်က မျက်မမြင်ဖြစ်၊ တစ် ယောက်က အရေပြားရောဂါကြောင့် အလှတွေ ပျက် ယွင်းနေပေမယ့် တစ်ယောက်နဲ့တစ်ယောက် အချစ် မပြယ်ကြဘဲ တိုးလို့တောင် ကြင်နာယုယခဲ့ကြပါ တယ်။ အဲဒီလို တစ်ယောက်နဲ့တစ်ယောက် တကယ် ချစ်ကြတဲ့ဇနီးမောင်နှံကို ကံကြမ္မာက မျက်နှာသာ မပေးခဲ့ပါဘူး။

မျက်မမြင်ယောကျာ်းက မျက်စိသာ မမြင်တာ ကျန်းကျန်းမာမာပါပဲ။ ဇနီးသည်ကတော့ မျက်စိမြင်ပါလျက် အရေပြားရောဂါက ကုမရတဲ့ အထိ ဆိုးရွားလာပြီး နောက်ဆုံး ကွယ်လွန်သွားပါ တယ်။ ယောကျာ်းဖြစ်သူဟာ ဆောက်တည်ရာမရ အောင် ငိုေြွကးရပါတယ်။ အားရအောင် ငိုေြွကးပြီး တဲ့အခါမှာတော့ ဇနီးဖြစ်သူကို ကောင်းကောင်းမွန်မွန် သြင်္ဂိုဟ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဇနီးဖြစ်သူ ကွယ်လွန်သွားတာဟာ ညဘက် ကြီးဖြစ်တာမို့ ဇနီးဖြစ်သူရဲ့အလောင်းကို ပြင်ဆင် ရာမှာ သူတစ်ယောက်တည်း ပြင်ဆင်ခဲ့ရပါတယ်။ သူတို့ ငှားထားတဲ့အိမ်ဖော်အမျိုးသမီးကြီးဆိုတာ မနက်အလုပ်ဆင်း၊ ညနေအလုပ်ပြန်ဖြစ်တာမို့ ည ဘက်မှာ ဘယ်သူမှမရှိပါဘူး။

မနက် မိုးလင်းလို့ အိမ်ဖော်အမျိုးသမီးကြီးက အိမ်ရှေ့တံခါးမှာ ဘဲလ်တီးတဲ့အခါ ယောကျာ်းဖြစ်သူ က တံခါးသွားဖွင့်ပေးတော့ အဲဒီအမျိုးသမီးကြီးက တအံ့တဩနဲ့ မေးပါတယ်။ “ဆရာက တံခါးဖွင့်ပေးနိုင်တယ် ဟုတ်လား၊ ဆရာမရော” ယောကျာ်းဖြစ်သူဟာ အမျိုးသမီးကြီးရဲ့ အမေး စကားကြောင့် မျက်ရည်ကျရပြန်ပါတယ်။ ဇနီးဖြစ် သူဟာ သူမရဲ့ ရောဂါပြင်းထန်လာပေမယ့် မနက်ဘက် အိမ်ဖော်အမျိုးသမီးကြီးလာတိုင်း တံခါးထဖွင့် ပေးတဲ့အလုပ်ကို မပျက်မကွက် လုပ်ပေးခဲ့သူပါ။မနေ့မနက်ကလည်း တံခါးထဖွင့်ပေးတဲ့အလုပ်ကို သူမကိုယ်တိုင် လုပ်ခဲ့ပြီးမှ အိပ်ရာထဲ ပြန်လှဲနေခဲ့ တာပါ။ ညကျတော့ ရောဂါဖောက်ပြီး ကွယ်လွန်သွားခဲ့ပြီလေ။

“ဆရာမ ညက ဆုံးသွားပြီ၊ ကျွန်တော် အတတ် နိုင်ဆုံး ပြင်ဆင်ပေးထားတယ်၊ သွားကြည့်လိုက်ပါ ဦး၊ လိုအပ်တာရှိရင် ပြောပါ”

အိမ်ဖော်အမျိုးသမီးကြီးဟာ အိမ်ရှင်ယောကျာ်း ကို ထားခဲ့ပြီး ဧည့်ခန်းမှာ ပြင်ဆင်ပေးထားတဲ့ အိမ်ထောင်ရှင်မရဲ့ အလောင်းဆီ ပြေးသွားခဲ့ပါတယ်။ ပြီးတော့ ငိုကြွေးမိပါတယ်။

သူမအတွက် အရမ်း ကောင်းတဲ့ အလုပ်ရှင်အိမ်ထောင်ရှင်မမို့ပါ။ ရှိုက်ကြီးတငင် ငိုကြွေးနေရာက သူမဆီကို အိမ် ရှင်ယောကျာ်း လမ်းလျှောက်လာနေတာကို တွေ့ရ လို့ အံ့ဩတကြီး ဖြစ်သွားပါတယ်။

မျက်ရည်သုတ် ရင်း မေးလိုက်မိတဲ့အထိပါ။

“ဆရာက ကိုယ့်ဘာသာ လမ်းလျှောက်နိုင် တယ် ဟုတ်လား”

အိမ်ရှင်ယောကျာ်းက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ပြန်ဖြေပါတယ်။

“ကျွန်တော်က အစကတည်းက မျက်မမြင်မှ မဟုတ်တာ၊ မျက်မမြင်ဖြစ်ချင်ယောင် ဆောင်ခဲ့ တာ”

သူက ဇနီးဖြစ်သူရဲ့ အလောင်းဘေးမှာ ဒူး ထောက်ထိုင်ချလိုက်ရင်း အိမ်ဖော်အမျိုးသမီးကြီးကို ရှင်းပြလိုက်ပါတယ်။

“ခင်ဗျားရဲ့ အိမ်ရှင်မက အရေပြားရောဂါ စ ဖြစ်ကတည်းက သူ အလှအပတွေ ယိုယွင်းလာရင် ကျွန်တော် အချစ်ပြယ်သွားမလားလို့ စိုးရိမ်နေခဲ့တာ လေ၊ ကျွန်တော်က မျက်မမြင်အဖြစ် ဟန်ဆောင် လိုက်တော့ သူ့မှာ အဲဒီ စိုးရိမ်စိတ်တွေ မရှိတော့ ဘဲ သေတဲ့အထိ စိတ်အေးသွားခဲ့ရတယ်၊ တကယ် တော့ ကျွန်တော်က သူ့ကို လှလို့ ချစ်ခဲ့တာမှ မဟုတ်တာ၊ ကျွန်တော့်အပေါ် သူချစ်တဲ့ နှလုံးသား ထဲက အချစ်စစ်ကိုသာ တန်ဖိုးထားပြီး ချစ်ခဲ့တာပဲ”

သင်ခန်းစာကတော့ ယောကျာ်းနဲ့ မိန်းမ အပြန် အလှန် ချစ်ကြတယ်ဆိုတာ အလှအပ၊ ဓနဥစ္စာ အစရှိတဲ့အပေါ်ယံအချက်အလက်တွေအပေါ် ချစ် ကြတာမျိုး မဖြစ်သင့်ပါဘူး။ အပေါ်ယံအချက်အလက် တွေဟာ အပြောင်းအလဲ ရှိစမြဲပါ။ ရင်ထဲနှလုံးသား ထဲကနေ ပေါက်ဖွားလာတဲ့ အချစ်စစ်အချစ်မှန်နဲ့ သာ ချစ်ကြရမှာဖြစ်ပါတယ်။ ဒါမှသာ အပေါ်ယံ အချက်အလက်တွေ ဘယ်လောက်ပဲ ပြောင်းလဲ ပြောင်းလဲ ရာသက်ပန် ရိုးမြေကျ ချစ်သွားနိုင်ကြမှာ ဖြစ်ပါတယ်။

အောင်အေး(ရန်ကုန်တက္ကသိုလ်)

Unicode