ဦးရေပြားယားယံခြင်းကို သက်သာစေသော သဘာဝနည်းလမ်းများ
ဦးရေပြားယားယံခြင်းဟာ လူကြားသူကြားသွားတဲ့အခါ စိတ်အနှောက်အယှက် ၊ စိတ်မသက်မသာ အဖြစ်ရဆုံး ကိစ္စဖြစ်ပါတယ်။
ဦးရေပြားပေါ်မှာရှိတဲ့ဗောက်နဲ့အရေပြားခြောက်သွေ့ခြင်းတွေဟာ ဦးရေပြားယားယံခြင်းကိုအဓိကဖြစ်စေတဲ့အကြောင်းရင်းတွေဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် အဲ့ဒီစိတ်ရူပ်စရာတွေကို သဘာဝနည်းလမ်းတွေနဲ့လွယ်လွယ်ကူကူ ကုသနိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေဖော်ပြပေးလိုက်ပါတယ်။
ရှားစောင်းလက်ပတ်ပင်
အရေပြားခြောက်သွေ့ခြင်းဟာ ဦးရေပြားယားယံစေတဲ့အချက်တွေထဲကတစ်ခုဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်တွေမှာ အန်တီမိုက်ခရိုဘိုင်ရယ် ၊ ရေ
ဓာတ်ထိန်းညှိ့ပေးမှု နဲ့ ချောမွတ်စေတဲ့ဂုဏ်သတ္တိတွေ ရှိနေပါတယ်။
ဒါကြောင့် ရှားစောင်းလက်ပတ်ကရတဲ့ gel ကိုဦးရေဖျားပေါ်မှာလိမ်းပေးနိုင်ပြီး မိနစ် ၂၀ ခန့်ထားကာ ခေါင်းလျော်ပေးနိုင်ပါတယ်။ တစ်ပတ်မှာ ၂ ကြိမ်လုပ်ခြင်းဖြင့် ရလဒ်ကိုသိသာလာစေနိုင်ပါတယ်။
Tea tree oil
Tea tree oil တွေမှာ ယောင်ယမ်းခြင်းကိုသက်သာစေပြီး အန်တီမိုက်ခရိုဘိုင်ရယ်တွေ ပါဝင်တာကြောင့် ယားယံခြင်းအတွက်အထူးကောင်းမွန်စေပါတယ်။
ဒါ့အပြင် ဗောက်ဖြစ်စေတဲ့ မှို နဲ့ဗိုက်ရပ်စ်တွေကိုလဲ တိုက်ခိုက်နိုင်တာကြောင့် ကိုယ်သုံးနေကျ ခေါင်းလျော်ရည်ထဲမှာ tea tree oil ကိုထည့်ပြီး ပုံမှန်ခေါင်းလျော်ပေးနိုင်ပါတယ်။
အုန်းဆီ
အုန်းဆီဟာ ဦးရေဖျားယားယံခြင်းကိုသက်သာစေနိုင်တဲ့ အခြားသော သဘာဝ အစိုဓာတ်ထိန်းညှိ့ပေးတဲ့ အရာတစ်ခုဖြစ်ပါတယ်။
အုန်းဆီကိုအနည်းငယ်အပူပေးပြီး ဦးရေဖျားပေါ်လိမ်းပေးပါ။ တစ်ပတ်ကို နှစ်ကြိမ်လုပ်ပေးခြင်းဖြင့် ဆံကေသာ ကိုအာဟာရဖြစ်စေပြီး ယားယံတတ်တဲ့ဦးရေပြားကိုချောမွေ့စေနိုင်ပါတယ်။
ပျားလပို့
ပျားလပို့တွေမှာလဲ ဗီတာမင် ဘီတူး၊ ဘီဖိုက် နဲ့ အန်တီမိုက်ခရိုဘိုင်ရယ် တွေပါဝင်ကြပါတယ်။ ပျားလပို့ ၉ ခုနဲ့ ရေ တစ်ခုစာကိုရောစပ်ပြီး ဆံပင်ပေါင်းပေးနိုင်ပါတယ်။
ဆံပင်ပေါင်းထားစဉ်မှာ ပုဝါတစ်ခုနဲ့ ၃ နာရီကြာပတ်ထားပေးပါ။ အဲ့ဒီနောက်ရေနဲ့ဆေးချနိုင်ပါတယ်။
သံလြင္ဆီ
သံလွင်ဆီ ကို ဆံကေသာနဲ့ဦးရေဖျားကိုလိမ်းပြီး shower cap နဲ့ တစ်ညလုံးစာ ၆ နာရီမျှ စွပ်ထားပါ။ အဲ့ဒီနောက် ခေါင်းလျော်ချနိုင်ပါတယ်။
ဒီနည်းလမ်းက အရေပြားယားယံခြင်းကိုသက်သာစေခြင်း၊ အစိုဓာတ်ထိန်းပေးခြင်း နဲ့ဦးရေပြားကိုလဲ အာဟာရဖြစ်စေနိုင်ပါတယ်။
Unicode