Love

ခိုင်မာတဲ့အချစ်နဲ့ မခိုင်ခံ့တဲ့အချစ် နှစ်ခုရဲ့ခြားနားချက်

ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲ။ အချိန်ယူစဉ်းစားရမယ့် မေးခွန်းလေးတစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

အချစ်ဆိုတာ ခံစားချက်တစ်ခုလား။ စိတ်လှုပ်ရှားမှု တစ်ခုပဲလား။ ဒါ ကျွနု်ပ်တို့ အားလုံးခံစားတဲ့ အရာတစ်ခုခုပဲလား။ အချစ်ဆိုတာ ကျွနု်ပ်တို့ကို စိတ်ခံစားချက်တွေဖြစ်ပေါ်စေတယ်။ အချစ်ဟာ ဆောင်ရွက်ချက်အမျိုးမျိုးကိုလည်း လုပ်ဆောင်စေတယ်။ ယခုခေတ်မှာ ချစ်ခြင်းမေတ္တာမှာ နှစ်မျိုးနှစ်စားရှိနိုင်တယ်လို့ စူးစမ်းမှုတွေ လုပ်နေကြတယ်။

ခိုင်မာသောအချစ်နဲ့ မခိုင်ခံ့တဲ့အချစ်။ချစ်ခြင်းမေတ္တာအမျိုးမျိုးယျေဘူယျအားဖြင့် ချစ်ခြင်းမေတ္တာကို အခြေအနေပေါ်မှီတည်တဲ့ အချစ်( conditional love) သို့မဟုတ် အကန့်အသတ်မဲ့အချစ်(unconditional love) လို့ ဖွင့်ဆိုထားတာတွေ ကြားဖူးကြတယ်။ အခြေအနေအရကြောင့်ဖြစ်လာတဲ့ ချစ်ခြင်းမေတ္တာဟာ ကြိုတင်တွေ့မြင်နေရတဲ့ အခြေအနေတစ်ရပ်အပေါ်အခြေခံထားတဲ့ ကြောင်းအရာတစ်ခုခုကြောင့် နှစ်ခြိုက်သဘောလာတွေ့ခြင်း၊ ချစ်စိတ်ဝင်လာခြင်းဖြစ်ပါတယ်။ ဥပမာ – ငါအတွက် ဒါကို လုပ်ပေးတဲ့အတွက် ဒီလူ့ကို ငါချစ်တယ်။ မလုပ်ပေးရင် မချစ်ဘူး ဆိုတာမျိုးပေါ့။

အကန့်အသတ်မဲ့ ချစ်ခြင်းဆိုသည်မှာတော့ ငါ့ကို စိတ်နာကျင်မှုတွေဖြစ်နိုင်ချေရှိတဲ့ အကြောင်းခိုင်လုံမှုတွေရှိနေသည်ဖြစ်စေ ငါတို့ရဲ့ရည်ရွယ်ထားတဲ့ ဘဝခရီးလမ်းတစ်ခုလုံးအတွက် ငါသူ့ကို ချစ်နေဦးမှာပါ။ မှတ်သားထားရမယ့် အချက်က အကန့်အသတ်မဲ့အချစ်လို့ပြောဆိုရာမှာ အရှုံးပေးခြင်း၊ နားလည်မှုကင်းတဲ့ ဆက်ဆံရေးမှာ အသက်ရှင်ခြင်း ဒါမှမဟုတ် အလွဲသုံးစားပြုခြင်းစတဲ့ အချက်တွေကို ပြောချင်တာတော့ မဟုတ်ပါဘူး။ ချစ်တဲ့စိတ်က ရင်ထဲအမြဲတမ်း ကိန်းအောင်းနေတာဖြစ်ကြောင်း ရိုးရိုးလေးသာ ဆိုလိုတာပါ။ မိခင် သို့မဟုတ် ဖခင်တစ်ဦးက သူတို့ သားသမီးအပေါ် မေတ္တာရှိတဲ့နည်းတူပေါ့။

ခိုင်မာတဲ့အချစ်နဲ့ မခိုင်ခံ့တဲ့အချစ်

အခြေနေပေါ်မှီတည်တဲ့ ချစ်ခြင်းမေတ္တာနဲ့ အကန့်အသတ်မဲ့ချစ်ခြင်းမေတ္တာတွေရဲ့သဘောတရားကို ခ

ဏဘေးဖယ်ထားပြီး ချစ်ခြင်းမေတ္တာနှစ်မျိုးကို ကြည့်ကြရအောင်။မခိုင်ခံ့တဲ့ အချစ်ကို ကိုယ်နဲ့လက်ရှိ နေထိုင်ကောင်းနေထိုင်နေရနိုင်တဲ့ သူတစ်ဦးကို ပျော်ရွှင်စေဖို့ ကိုယ့်ဘောထား အမြင်တွေ ခေါက်ထားလိုက်တာမျိုး၊၊ စွန့်လွှတ်အနစ်နာခံခြင်းလို့ လည်း ဒါကိုရှုမြင်နိုင်ပါတယ်။

တခြားသူတစ်ယောက်အပေါ် မှီခိုနေရတဲ့အချိန် ဒါမှမဟုတ် ကိုယ့်ရဲ့ပျော်ရွှင်မှု၊ ဝမ်းမြောက်မှုအတွက် သူတို့ကို အလိုရှိနေတဲ့အချိန်မှာလည်း အချစ်ဟာ မခိုင်ခံ့တဲ့ ချစ်ခြင်းမေတ္တာမျိုး ဖြစ်သွားနိုင်တယ်။ မခိုင်ခံ့တဲ့အ
ချစ်ကြောင့် ဘဝမှာ အခက်အခဲကြုံလာတဲ့နဲ့အမျှ အဲ့ဒီအခိုက်အတန့်တွေမှာ သင့်ကို ပိတ်လှောင်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ရိုးရိုးရှင်းရှင်းဆိုရရင် မခိုင်ခံ့တဲ့အချစ်ဟာ စိတ်ကူးထဲသာရှိတဲ့ ချစ်ခြင်းမေတ္တာ
သဘောတရားထက်တော့ နည်းနည်းပိုပါတယ်။ခိုင်မာတဲ့အချစ်ဟာ နှစ်ဦးနှစ်ဖက်ကြား အတုံ့အလှည့်ရှိခြင်း တစ်ခုပါပဲ။ ဘာတွေဖြစ်နေဖြစ်နေ ဘယ်တော့မှ အရှုံးမပေးဘူး။ တစ်ဦးကိုတစ်ဦး မစွန့်လွှတ်ဘူး။ ရင်ထဲမှလာတဲ့ ခံစားချက်နဲ့ အပြင်ဘက်က ဖြစ်တဲ့ ခံစားချက်နှစ်ခုအပေါ် ခြေခံထားတယ်။ သူတို့ခံစားရတဲ့ သူတို့ပျော်ရွှင်မှု၊ဝမ်းနည်းမှုနဲ့ သူတို့ ရှိနေဖို့ နားလည်မှုပေးထားတတ်ကြတယ်။ နားလည်မှုမရှိဘဲ ထင်မြင်ချက်တွေနဲ့သာ နေထိုင်ရခြင်းကို သဘောမကျကြဘူး။

သင့်ကို သင့်ချစ်သူက ပြသနာလိုက်ရှာနေရင်တောင် သူ့ကို အကူအညီပေးပြီး နားလည်မှုပေးပါ။ အတူတကွနေထိုင်ခြင်းဟာ အပြန်အလှန်ဆက်နွယ်မှုဖြစ်စေပြီး ဆက်ဆံရေးတိုးတက်ကောင်းမွန်စေနိုင်တယ်။ ဘဝတလျောက်လည်း အတူလက်တွဲ လုပ်ဆောင်နိုင်ကြတယ်။

Trend Myanmar