Love

ရေစက်ရှိလို့ ဆုံစည်းခဲ့ရပြီး ဆပ်ရန်အကြွေးတွေ ကျန်ခဲ့လို့ ပြန်ပေးဆပ်ရတယ်လို့သာ ဖြေတွေး မှတ်ယူလိုက်ပါတယ်

မတော်တဆများ နင်ငါ့ကို သတိရခဲ့တဲ့အခါ ငါ့အချစ်ကို နင် မြင်လာမှာပါ

တစ်နေ့ ….နင်ငါ့ကို သတိရချင် ရမယ် လွမ်းချင်လည်း လွမ်းနိုင်မယ် ဒါကို ငါသေချာမသိနိုင်ဘူး

ဒါပေမယ့် …သေချာတာတစ်ခုကတော့ မတော်တဆများ နင်ငါ့ကို သတိရခဲ့တဲ့အခါ နင့်အပေါ် စိတ်ရင်းနဲ့ချစ်ခဲ့တဲ့ ငါ့အချစ်ကို နင် မြင်လာမှာပါ

သိပ်နာကျင်ခဲ့ရပေမယ့်လည်း အရာရာကို ငါ ခွင့်လွတ်ပါတယ် ငါ့အပေါ် အနိုင်ယူခဲ့ ဆိုးခဲ့ ရက်စက်ခဲ့တာတွေအတွက် နင့်စိတ်မှာ အားနာပြီးတော့ အပြစ်ရှိသလို ခံစားနေရမှာမျိုးလည်း မဖြစ်စေချင်ပါ

ဒီလိုပါပဲ ….တချို့အချစ်တွေက တစ်ဘဝစာလို့ ထင်မှတ်ခဲ့ပေမယ့် တကယ့်ကို တစ်ခဏသာပဲ ဖြစ်ခဲ့ရတယ်

ဘာတွေ ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့ပါ….ရှေ့ဆက်ရမယ့် ဘဝမှာ …နင်ဆိုတဲ့ လူတစ်ယောက် နာကျင်ခြင်းတွေ ဝဋ်ကြွေးတွေကင်းပြီး အရာရာ အဆင်ပြေ ပျော်ရွှင်နိုင်ပါစေလို့ တိတ်တိတ်လေး ငါ ဆုတောင်းပေးပါတယ် ။

Credit

Unicode