Knowledge

လောကကြီးထဲမှာကိုယ့်အတွက်အကောင်းဆုံးလူကိုပြပါဆိုရင် အမေ ကိုပြလိုက်ပါ

လောကကြီးမှာ ကိုယ့်အပေါ်အရမ်းကောင်းပြီးအရမ်းကိုယုံရပါတယ်ဆိုတဲ့သူတွေဟာ အချိန်တွေ၊အခြေအနေတွေပြောင်းလဲသွားတဲ့အခါ ကိုယ့်အပေါ်ပြောင်းလဲလာပြီး ယုံလို့မရတဲ့သူတွေဖြစ်သွားတတ်ပါတယ်။

ဒါပေမယ့် ကိုယ့်အပေါ်ဘယ်သူတွေဘယ်လောက်ပဲ ပြောင်းလဲသွားပေမယ့် ဘယ်တော့မှပြောင်းလဲမသွားမယ့် သူတစ်ယောက်ရှိပါတယ်။ အဲ့ဒါကတော့ အမေပါပဲ။ အမေဆိုတာ …..

ကိုယ့်ကိုတံဆိပ်မကပ်တဲ့သူ

ကိုယ်ဟာ ဘယ်လိုလူမျိုးလဲ၊ လူကောင်းလား၊ လူဆိုးလား၊ စိတ်ဓာတ်ပျော့ညံ့သူလား၊ အရှုံးသမားလား စသဖြင့် ကိုယ့်ကိုတံဆိပ်တွေကပ်ပြီး မကြည့်တတ်သူဖြစ်ပါတယ်။ ကိုယ်ဘယ်လိုလူမျိုးဖြစ်ဖြစ် ကိုယ့်အပေါ် မပြောင်းလဲတဲ့တစ်ယောက်တည်းသောသူဟာ အမေပါ။

ကိုယ့်ကိုအကောင်းဆုံးနှစ်သိမ့်ပေးတတ်သူ

ကိုယ့်စိတ်အဆင်မပြေမှုတွေဖြစ်လာတဲ့အခါ၊ အားငယ်ဝမ်းနည်းပြီး ပြိုလဲနေတဲ့အခါ၊ တစ်ယောက်ယောက်ဆီက အားပေးမှုတွေရဖို့လိုအပ်လာတဲ့အခါတွေမှာ ကိုယ့်စိတ်အဆင်ပြေဖို့အတွက် အကောင်းဆုံးနှစ်သိမ့်ပေးတတ်သူဟာ အမေပါ။

ကိုယ်နဲ့ပတ်သက်လာရင် သူရဲ့ကိုယ်ကျိုးကိုမကြည့်တဲ့သူ

ဘယ်သူတွေဘယ်လောက်ပဲ ကိုယ့်အပေါ်ကောင်းပါစေ၊ သူတို့ကိုယ်ကျိုးကိုမကြည့်ဘဲ ကိုယ့်အတွက်ပဲကြည့်ပေးတတ်တဲ့သူဆိုတာ အမေကလွဲရင်ဘယ်သူမှမရှိပါဘူး။ သူ့အတွက်အကျိုးအမြတ်ကိုမစဉ်းစားဘဲ ကိုယ့်အတွက်ပဲကြည့်ပေးတဲ့ အကောင်းဆုံးလူသားတစ်ယောက်ဖြစ်ပါတယ်။

ကိုယ်ပျော်ရွှင်ဖို့ အမြဲမျှော်လင့်နေတဲ့သူ

သူငယ်ချင်း၊မိတ်ဆွေတွေဆိုတာက ကိုယ်ကျရှုံးနေချိန်မှာ သနားတတ်ပေမယ့် ကိုယ်အောင်မြင်တဲ့အချိန်မှာ မုဒိတာပွားနိုင်တဲ့သူရှားပါတယ်။ ကိုယ်အောင်မြင်ဖို့၊ ပျော်ရွှင်ဖို့အမြဲမျှော်လင့်နေတတ်တာဟာ အမေကလွဲရင် တခြားဘယ်သူမှမရှိပါဘူး။

ကိုယ့်အတွက်အမှန်ကိုပြောပေးတတ်သူ

အမှန်တရားက ဘယ်လောက်ပဲခါးသီးနေပါစေ၊ ကိုယ်ကြားဖို့လိုတယ်ဆိုရင် မဖြစ်မနေပြောတတ်သူဖြစ်ပါတယ်။ ကိုယ်ကြားဖို့လိုတဲ့အမှန်တရားကိုဖုံးကွယ်ထားပြီး သကာဖုံးနေတဲ့စကားတွေပဲပြောတတ်တဲ့သူတွေနဲ့တော့ ဘယ်လိုမှနှိုင်းလို့မရတဲ့သူ၊ ကိုယ့်အပေါ်အမြဲတမ်းစစ်မှန်တဲ့သူက အမေပါ။

written by PP

Unicode