အရမ်း တန်ဖိုး ရှိတဲ့ ဆေးမြီးတို မှတ်စု လေးမို့ လိုအပ်တဲ့အချိန် သုံးလို့ရအောင် ရှယ်ပြီး သိမ်းထားစေချင်ပါတယ်ရှင့်..။
အရမ်း တန်ဖိုး ရှိတဲ့ ဆေးမြီးတို မှတ်စုလေး မဖတ်အားသေးရင်လည်း လိုအပ်တဲ့အချိန် သုံးလို့ရအောင် ရှယ်ပြီးသိမ်းထားနော်
၁။ သွေးတိုး လို့ သွေးကျလိုလျှင် သံပုရာသီးတစ်လုံးကို ( ၁၅ ) မိနစ်ခန့်ကြာအောင်ရေစိမ်ပြီး အရည်ညှစ်၍ ကြက်ဥ တစ်လုံး ဖောက်ထည့်ကာရောမွှေသောက်လိုက်ပါ။
သွေးကျဆေး အထူး သောက်စရာမလိုဘဲ သက်သာပျောက်ကင်းစေပါသည်။
၂။ အပူကျိတ်ဖြစ်ရင် ပါးချိတ်အောက်နှင့် ပေါင်ကြား တို့တွင် ပေါက်တက်သော အပူကျိတ်များကိုပျောက်လိုလျှင် နနွင်းခါးဥကို သွေးလိမ်းပါ။
သုံးကြိမ်မျှ လူးရုံ လိမ်းရုံနှင့် ပျောက်ကင်းစေပါသည်။
၃။ အိပ်မပျော်ခြင်းဖြစ်လျှင် ဒန့်ကျွဲမြစ်ကိုပြုတ်၍ သကြား အနည်းငယ်ထည့်ပြီးသောက်ပါ။
တစ်ခါသောက်လျှင် အကြမ်းပန်းကန်နှင့်တစ်လုံးသောက် ည ၊ နံနက် သောက်ပါ။ အိပ်မပျော်ခြင်းဝေဒနာ သက်သာပျောက်ကင်းစေမည်။
၄။ ပန်းသေပန်းညှိုး ရောဂါ ဖြစ်လျှင် ကစော့ပုပ်မြစ်ကိုအခြောက်လှန်း အမှုန့်ပြုပြီး ပျားရည်နှင့်သောက်ပါ။ရက်မရှည်ဘဲ ပျောက်ကင်းစေပါသည်။
၅။ အမျိုးသမီး များ မီးယပ်ဖြူဆင်းရောဂါဖြစ်လျှင် အဝေရာရွက် ကို မကြာခဏ သုပ်စာထို့အပြင် သိန္ဓော ဆားတစ်ဆ ၊ လက်ပံပွင့်ခြောက်မှုန့်နှစ်ဆတို့ကို ထောပတ်နှင့် ရော၍ ကွမ်းသီးလုံးခန့်နံနက် ၊ ည ခွဲပြီးစားပါ ပျောက်ကင်းစေပါသည်။
၆။ သွားကိုက် သွားဖုံးရောင် သွားပြည်ယိုဖြစ်လျှင်မာလကာခေါက်ကို ပြုတ်၍ ငုံပေးပါ။သက်သာပျောက်ကင်းစေပါသည်။
( မှတ်ချက် ) မာလကာစေ့ခြောက်မှုန့်ကိုသွားခြေထဲ ထည့်ပေးလျှင်လည်း သက်သာပျောက်ကင်းစေပါသည်။
၇။ သွေးဝမ်းလွန်ခြင်းဖြစ်လျှင် ထမင်းခြောက် ကိုလှော်၍ထန်းလျက်နှင့် အညက်ကြိတ်၍စားပါ ၊ သက်သာပျောက်ကင်းစေပါသည်။
၈။ လေထိုးလေအောင့်ဖြစ်လျှင် ပုန်းညှက်ပ န်းပွင့်ခြောက် များကို ရေနွေးတွင်ထည့်၍ လက်ဖက်ရည်ကြမ်း လုပ်သောက်ပါ ၊ သက်သာပျောက်ကင်းစေသည်ျ
၉။ အော့အန်ခြင်း ဝေဒနာဖြစ်လျှင် ရှောက်မြစ်ကိုသွေး၍ ပျားရည် နှင့် စားပါက သက်သာပျောက်ကင်းစေပါသည်။
၁၀။ ဆီးအိမ် တွင်းမှာ ကျောက်တည်ခြင်းဖြစ်လျှင်သမင်ချိုကိုသွေး၍ သံပုရာရည်နှင့် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းသောက်ပါ။
သုံးခါပင် မသောက်ရဘဲသက်သာပျောက်ကင်းစေပါသည်။
၁၁။ ဆီးကျဉ် ဆီးနီ ဆီးနှောက်ဖြစ်လျှင် ( ဘုရားကပ်လှူသည့် ) ကျောက်စိမ်းပန်းကျားပင် အမြစ်ရောအရိုးပါ ထုခြေလို့ရသောအရည် ( ၅ ) ကျပ်သားကိုရေနှင့်ပြုတ်ကျိုပြီး နံနက် ၊ ည နှစ်ခွက်သောက်ပါနေ့ချင်းပင်သက်သာပျောက်ကင်းစေပါသည်။
၁၂။ စားမဝင် အိပ်မပျော်ဖြစ်လျှင် ပျားရည် စစ်စစ်ကို လက်ဖက်ရည် ဇွန်းလေးနဲ့တစ်ဇွန်းကိုညအိပ်ရာဝင်တိုင်း သောက်ပေးပါ။
ခံတွင်းကောင်း၍စားဝင်အိပ်ပျော်စေနိုင်ပါသည်။
၁၃။ မီးယပ်သွေးဆင်းချိန်တွင် မူးဝေတက်ပါသည်။ထို့သို့ဖြစ်လျှင် ရှောက်သီး နှင့် ထန်းလျက်ကိုရောစားလိုက်ပါ။ သက်သာပျောက်ကင်းစေပါသည်။
၁၄။ ပန်းနာ ရင်ကျပ် ချောင်းဆိုးခြင်းဖြစ်လျှငသစ်ဆိမ့်သီးအခွံကိုသွေး ပျားရည်နှင့် စားပေးပါသက်သာပျောက်ကင်းစေပါသည်။
၁၅။ ကင်းကိုက်ခြင်းခံရလျှင် ကစော့မြစ်ကို ဆန်ဆေးရည် နှင့် သွေးပြီး အဆိပ်သင့်တဲ့နေရာကိုလိမ်းပေးပါ။ ဝေဒနာချက်ချင်း သက်သာစေပါသည်။
၁၆။ ဆံပင်ကျွတ် လျှင် ပိထောက်ရွက် ကို ထုထောင်း၍ခေါင်းလျှော်ရည်နှင့် တွဲဖက် လျှော်ပေးပါ။ဆံပင်များလုံးဝမကျွတ်စေပါ။
၁၇။ အမျိုးသမီး များတွင် အဖုအကျိတ်များပေါက်လျှင်လဝန်းဂမုန်းပင် ပဉ္စငါးပါးကို ထုထောင်း၍အကျိတ်ပေါ်သို့အုံပေးကာ ပတ်တီးစည်းထားပါပျောက်ကင်းစေပါသည်။
၁၈။ ဒူးနာ ခါးနားလျှင် နံ့သာဖြူနှင့် ဂျင်းကိုဆတူရော၍လိမ်းပါ။ ယူပစ်သလို သက်သာပျောက်ကင်းသွားပါလိမ့်မည်။
ဤဆေးနည်းပြောပြပေးတဲ့ မောင်နန္ဒာ ( မန္တလေး )့ဲ ကိုအထူးကျေးဇူးတင်ရှိပါတယ်။
Credit : Original Uploder
Unicode