Knowledge

လူတွေပြောတဲ့အိမ်ထောင်ရေးနဲ့ လက်တွေ့အိမ်ထောင်ရေး

လူတော်တော်များများမေးကြပါတယ် အိမ်ထောင်ပြုတာကောင်းလား မကောင်းဘူးလားတဲ့

အဖြေကလည်းအမျိုးမျိုးပဲ

ကောင်းတယ်လို့ပြောတဲ့လူရှိတယ် မကောင်းဘူးပြောတဲ့လူရှိတယ်

အဖြေကဘာလို့ကွာသွားလဲ

အိမ်ထောင်ကျပြီးအဆင်ပြေနေတဲ့လူကတော့ ကောင်းတယ်လို့ပြောမှာပေါ့

အဆင်မပြေဖြစ်နေတဲ့လူတွေကတော့ မကောင်းဘူးပဲပြောမှာပေါ့

သူတို့ရဲ့တူညီတဲ့အချက်ကတော့ အဆင်ပြေမယ် ကောင်းမယ်ထင်လို့ အိမ်ထောင်ပြုတဲ့ လူတွေချည်းပါပဲ

အမှန်တော့အိမ်ထောင်ရေးမှာအဆင်ပြေမှုတွေရော အဆင်မပြေမှုတွေပါ ရှိနေပါတယ်

အဲဒါတွေကိုထိန်းညှိပြီး ပြေလည်အောင် နေထိုင်သွားရတာက အိမ်ထောင်ရေးပါပဲ

အဆင်မပြေမှုကပိုများနေတဲ့အိမ်ထောင်ရေးဆိုရင် မကောင်းဘူးပေါ့

အဆင်ပြေမှုတွေကပိုများနေရင် ကောင်းတဲ့အိမ်ထောင်ရေးလို့ဆိုနိုင်တာပေါ့

ဒီတော့ အဆင်ပြေတယ် မပြေဘူးဆိုတာ ကံတရားနဲ့ဆိုင်သလို ကာယကံရှင်နှစ်ယောက်အပေါ်မှာလည်း မူတည်နေပါတယ်

အိမ်ထောင်ရေးမှာ ငွေကြေးဆိုတာလည်း ကဏ္ဍတစ်ခုအနေနဲ့ပါဝင်သလို

နားလည်မှု သစ္စာရှိမှု ယုံကြည်မှု အနစ်နာခံမှု စတာတွေလည်းအရေးကြီးပါတယ်

ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးကိုမျှော်လင့်နေရင်တော့ ပင်ပန်းတာပဲရှိမယ် ဖြစ်မလာနိုင်ပါဘူး

ဘယ်အရာမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး

ပျော်ရွှင်ဖွယ်အိမ်ထောင်ရေးဖြစ်အောင်တော့ကြိုးစားလို့ရနိုင်ပါတယ်

(အချစ်ဆိုတာကိုထည့်မပြောခဲ့တာက ပြောင်းလဲတတ်တဲ့စိတ်ခံစားမှုတစ်ခုဖြစ်နေတာရယ်

တစ်ချို့ အချစ်နဲ့ အိမ်ထောင်ရေးတစ်ထပ်တည်း မကျတဲ့သူတွေအတွက်လည်း ရည်ရွယ်ထားလို့ပါ အချစ်ဆိုတာပါနိုင်ရင်တော့ ပိုကောင်းတာပေါ့နော်)

အားလုံးကျမ်းမာသုခပြည့်စုံတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ပါစေ

မိန်းမသားများ၏ အချစ်နှင့်ဘဝ

Unicode