Knowledge

လူတစ်ယောက်ကို မပြောသင့်သော စကားများ

လူတစ်ယောက်ကို မပြောသင့်သော စကားများ

အားလုံးဘဲမင်္ဂလာပါ

အခု Monica ပြောပြမယ့်စကားလုံးတွေက လူတစ်ဖက်သားကို ထိခိုက်နာကျင်စေတဲ့ စကားတွေ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ဘဝမှာလည်း အပြောခံရတဲ့သူတွေ ၊ အပြောမခံရတဲ့သူတွေလည်းရှိပါမယ်

ဒါပင်မဲ့ လူတစ်ယောက်ကို စိတ်တိုတာဘဲဖြစ်ဖြစ် ၊ နစ်နာစေချင်လို့ဘဲဖြစ်ဖြစ် မပြောမိအောင်ကြိုးစားပါနော်။

တစ်ချို့စကားလုံးတွေက မိသားစု အတွင်းမှာတင် အပြောခံခဲ့ရပြီး တစ်ဘဝလုံး မမေ့တဲ့ စကားတွေဖြစ်ပါတယ်။

ဒါပင်မဲ့ မပူပါနဲ့နော်။ သင်က အဲ့လို လူမျိုးမဟုတ်ပါဘူး။

ဘယ်လို စကားတွေလဲ ဆိုတာပြောပြပေးပါမယ်နော်။

1. နင်ကဘယ်နေရာမှာမှအသုံးမကျဘူး။ အသုံးမဝင်ဘူး။

2. ဘာလုပ်လုပ်အဖြစ်ကိုမရှိဘူး။

3. ဘယ်တော့မှ တိုးတက်ကြီးပွါးမှာမဟုတ်ဘူး။

4. မွေးရကျိုးမနပ်ဘူး။ မွေးကတည်းကရင်းသေသွားရမှာ။

5. နင်ကအညံ့ဆုံးဘဲ။

6. နင့်ကို ဘယ်သူမှ မချစ်ဘူး။

7. နင်မရှိလေကောင်းလေဘဲ။

8. ရည်းစားပစ်ခံရတာတောင် နည်းသေးတယ်။

9. မိဘကို မသိတတ်ဘူး။ မိသားစုအတွက်အလုပ်လုပ်နေသူကို ကိုယ်သေချာမမြင်ရဘဲအကြောင်းမသိဘဲ ပြောခြင်း။

10. နင်သူ့လောက်တောင် တော်လို့လား။

11. ဒါလေးတောင်မလုပ်နိူင်ဘူးလား။

12. နင်က ဘာကောင်းကျိုးမှမပေးဘူး။

13. နင့်ကိုယ်နင် ချောတယ်ထင်လို့လား။

14. နင့်ခန္ဓာကိုယ်ကို ဂရုစိုက်ဦး။ ဆေးစွဲနေတာလား။

ရောဂါဖြစ်နေတာလား။ ဝိတ်မချတော့ဖူးလား။

15. နင့်လိုပုံတုံးကြီးနဲ့ ဘယ်တော့မှ နေရာရမှာမဟုတ်ဘူး။

16. နင့်အမေ၊ အဖေ၊ မိသားစု ၊ ချစ်သူ က ဒီလိုဆို။ မကောင်းတဲ့သတင်းကိုပြောခြင်း။

17. ဘယ်လိုများ ဒီအဆင့်ထိရောက်လာတာလဲ?

18. သူများတွေဆို နင်နဲ့ တခြားစီဘဲ။

19. လုပ်မနေပါနဲ့။ နင်က အောင်မြင်မှာလည်းမဟုတ်ဖူး။

20. နင်တို့ကမြဲမှာမဟုတ်ဘူး။

ကိုယ်ကပြောခဲ့ဖူးရင် အခုကစပြီးရှောင်ပါ။ ကိုယ်က ပြောခံရဖူးရင်လည်း ကိုယ့်အလှည့်ကျ သူများကို မပြောမိအောင် သတိထားပါ။

စကားလုံးတစ်လုံးက ဘဝ တစ်ခုလုံးကို သတ်လိုက်နိူင်တယ်ဆိုတာကို သတိထားပါနော်။

ByMonica #လူတစ်ယောက်ကိုမပြောသင့်တဲ့စကားများ

Unicode


အားလုံးဘဲမငျ်ဂလာပါ

အခု Monica ပွောပွမယျ့စကားလုံးတှကေ လူတဈဖကျသားကို ထိခိုကျနာကငြျစတေဲ့ စကားတှေ ဖွဈပါတယျ။



















14. နငျ့ခန်ဓာကိုယျကို ဂရုစိုကျဦး။ ဆေးစှဲနတောလား။

ရောဂါဖွဈနတောလား။ ဝိတျမခတြော့ဖူးလား။








