ချွေးပေါက်တွေပိုကျယ်လာအောင်တော်တော်များများ လုပ်မိနေတဲ့အမှားတချို့
Skin Problem တွေထဲမှာဆိုရင် ချွေးပေါက်ကျယ် တဲ့ပြဿနာကလည်း တော်တော်ဆိုး ပါတယ်။
အဆီတွေပိုပြန်လာပြီး မိတ်ကပ်ကွက်တာ၊ ဝက်ခြံထွက်တာ၊ အဆီဖုထွက် တာမျိုးတွေ အရမ်းဖြစ်စေပါတယ်။
တစ်ခါတစ်လေကျရင် ကိုယ်လုပ်လိုက်မိတဲ့ အမှားကြောင့် ချွေးပေါက်တွေ ပိုကျယ်လာ တာမျိုးလည်း ရှိပါတယ်။
ဒါကြောင့် ကိုယ်တိုင်လည်းလုပ်မိရင် ဆင်ခြင်နိုင်ဖို့ အတွက် ချွေးပေါက်တွေ ပိုကျယ်လာအောင် တော်တော်များများ လုပ်မိနေတဲ့ အမှားတချို့ကို ပြောပြပေးလိုက် ပါတယ်။
အဆီစုပ်စက္ကူခဏခဏသုံးခြင်း
တော်တော်များများက အဆီပြန်တယ် ဆိုရင် အဆီစုပ် စက္ကူလေးသုံးလိုက်တယ်။ အဆီတွေ ပါသွားတယ် ဆိုပြီး သဘောကျကြတယ်။ ဒါက တစ်ခါတစ်လေပဲ ကောင်းပါတယ်။
အဲ့လိုမဟုတ်ပဲ အဆီစုပ်စက္ကူကို ခဏခဏ သုံးမယ် ဆိုရင်တော့ ချွေးပေါက်တွေပိုကျယ်ပြီး အဆီပိုပြန် လာမှာပါ။
ဆားဝက်ခြံ၊ အဆီဖု၊ ဝက်ခြံတွေကို အတင်းညှစ်ခြင်း
တချို့က ဘာအဖုပဲထွက်ထွက် လက်သည်းနဲ့ညှစ်ကြတာ၊ ကုတ်ဖဲ့ကြတာ၊ ဆားဝက်ခြံ ဆိုလည်း အားနေညှစ်နေ တာမျိုး၊ ဆားဝက်ခြံကပ်ခွာသုံးတာမျိုးတွေ အရမ်းလုပ်ကြ ပါတယ်။
ဒီလို လုပ်တာတွေက ချွေးပေါက်တွေကို ပိုပြီးကျယ်လာစေ ပါတယ်။
Exfoliation ခဏခဏလုပ်ခြင်း
Exfoliation လုပ်တယ် ဆိုတာလည်း တစ်ပတ်မှ တစ်ခါပဲလုပ်တာ ကောင်းပါတယ်။ ခဏခဏ လုပ်မယ် ဆိုရင်တော့ ချွေးပေါက်တွေကျယ်လာ ပါလိမ့် မယ်။
ဒါ့အပြင် အရေး အကြောင်းတွေလည်း မြန်မြန်ဖြစ်စေ ပါတယ်။
နေလောင်ကာ Sunscreen မလိမ်းခြင်း
နေလောင်ကာ Sunscreen မလိမ်းရင် အသားအရေအရမ်းပျက်စီးပါတယ်။ Skin Tissue တွေလည်း ပျက်စီးစေတယ်။
ချွေးပေါက်တွေလည်း ပိုပြီးကျယ် လာစေ တယ်။ အသက်ကြီးလာရင် အမဲစက်နဲ့ မှဲ့ခြောက်တွေလည်း ထွက်လာနိုင် ပါတယ်။
အဆီအစိမ့်တွေအရမ်းစားခြင်း
အဆီအစိမ့်တွေ အရမ်းစား တာက အဆီဖုတွေ ထွက်စေပြီး ချွေးပေါက်တွေပိုကျယ်လာစေတယ်၊ အဆီပြန်တာတွေ ပိုပြီးဖြစ်လာစေတာကြောင့် လျှော့ပြီးစားသင့် ပါတယ်။
Unicode