Knowledge

တစ်ရက်ချင်း ရှင်သန်ပါ.

တစ်ရက်ချင်း ရှင်သန်ပါ..

မနက်မိုးလင်းချိန် နိုးထခွင့်ရခြင်းကို ကျေးဇူးတင်ပါ..။

အသက်ရှူခွင့်ရနေခြင်းကို ကျေးဇူးတင်ပါ…။

ဝင်လေထွက်လေငွေ့ငွေ့မျှင်မျှင်ကလေးကို သတိကလေးနဲ့ စောင့်ကြည့်ခွင့်ရနေခြင်းကို ပီတိဖြစ်ပါ..။

အတူနေခွင့်ရတဲ့ မိသားစုအတွက် ချက်ပြုတ်ကျွေးမွေးခွင့်ရနေခြင်းအတွက် ပျော်ရွှင်ပါ..။

အဝေးမှာရှိနေတဲ့ မိဘဆွေမျိုးသားချင်း..မိတ်ဆွေသူငယ်ချင်းတွေကို…ဖုန်းဆက်သွယ်စကားပြောခွင့်ရနေခြင်းကို တန်ဖိုးထားဝမ်းမြောက်ပါ..။

နေရောင်ခြည်နဲ့ လေပြည်လေညှင်းကို ထိတွေ့ခံစားခွင့်ရနေခြင်းကို နှစ်သက်ခံစားပါ…။

အနှောင်အဖွဲ့ကင်းသော..လွတ်လပ်သောဘဝကို ပိုင်ဆိုင်ခွင့်ရခြင်းအတွက်….ကျေနပ်ပျော်ရွှင်ပါ…။

ငှက်ကလေးတွေရဲ့ အသံကလေးတွေကို စောင့်နားထောင်ခွင့်ရခြင်းအတွက်..ကြည်နူးရွှင်ပျပါ..။

တစ်နေ့တာ ကုန်ဆုံးသွားတဲ့အခါ..မျက်လုံးများမှေးမှိတ်လို့ နှစ်ခြိုက်စွာ အိပ်စက်ခွင့်ရခြင်းကို…လှိုက်လှဲစွာ ကျေးဇူးတင်ပါ…။

ဒါဟာ သင်ပိုင်ဆိုင်ခွင့်ရှိသော..တစ်ရက်တာပါပဲ…။

လွန်းထားထား..

Unicode











