Knowledge

မျောက်များကသင်ပေးနေသောဂရုမစိုက်ခြင်းအနုပညာ

မျောက်များကသင်ပေးနေသောဂရုမစိုက်ခြင်းအနုပညာ

တစ် ခါ က…သိ ပ္ပံပညာ ရှင် တစ် စု ဟာ မျောက် ၅ ကောင် ကို လှောင် အိမ် ထဲ ထည့် ပြီး စမ် းသပ် မှု တစ် ခု ကို ပြု လုပ် ကြ ပါ တယ်။

လှောင် အိမ် ရဲ့ အ လယ် မှာတော့ လှေ ခါးတစ် ခု ကို ထောင် ထားပြီး လှေ ခါးထိပ် မှာ ငှက် ပျော သီးတစ် ဖီးကို တင် ထားပါ တယ်။

မျောက် တစ် ကောင် ကောင် ဟာ လှေ ခါး ထိပ် က ငှက် ပျော သီးကို တက် ယူ တဲ့အခါ တိုင်း မျောက် လှောင် အိမ် ကို အ ပေါ် က နေ ရေ ခဲ ရေ နဲ့ လောင်းချပါ တယ်..။

မျောက် တစ် ကောင် ကောင် က ငှက် ပျော သီးယူ ဖို့ ကြိုးစား တိုင်း မျောက် အား လုံး ရေ ခဲ ရေ အ လောင်းခံရ တာ ပေါ့။

ခဏ ကြာ မှာ တော့ မျောက် တွေ ဟာ ငှက် ပျော သီးတက် ယူ ရင် ရေ ခဲ ရေ လောင်းချ ခံ ရ တာကို သ တိ ထား မိ လာ ကြ ပါ တယ်။ငှက် ပျောသီးကို ယူ ဖို့ လည်း လက် လျော့ လိုက် ကြ တယ်..။

သူ တို့ ထဲ က တစ် ကောင် ကောင် က လှေ ခါး ပေါ် တက် တိုင်း ကျန် မျောက် တွေ က ဆွဲ ချ..ထု ကြ ထောင်းကြ သ တဲ့။

သိပ္ပံပ ညာ ရှင် တွေ ဟာ လှောင် အိမ် ထဲ က မျောက် တစ် ကောင် ကို ထုတ် ပြီး မျောက် အ သစ် တစ် ကောင် ကို အ စား ထိုး ထည့် လိုက် ပါ တယ်..။

မျောက် အ သစ် က ရေ ခဲ ရေအ ကြောင်း ကို မ သိ တော့ ငှက် ပျော သီး မြင် တာ နဲ့ တက် ယူ ဖို့ ကြိုးစားတာ ပေါ့။

သူ လှေ ခါးပေါ်တက် တိုင်း ကျန် တဲ့မျောက် တွေ က ဆွဲ ချ ရိုက် နှက် ကြ ပါ တော့ တယ်..။

ဒီ တော့ နောက် ရောက် လာ တဲ့မျောက် က လည်း ငှက် ပျောသီး ယူ ရင် အထောင်းခံ ရတယ် ဆို တာ သိ ပြီး လက် လျော့လိုက် တယ်။

နောက်တစ်ခါ မျောက်အဟောင်းထဲကတစ်ကောင်ကို အခြားမျောက်သစ် တစ်ကောင်နဲ့ လဲလိုက်ပြန်တယ်..။ အလားတူပဲ ဒီမျောက်သစ်လည်း ငှက်ပျေားသီးတက်ယူတာနဲ့ အထောင်းခံရတာပါ။

စိတ်ဝင်စားစရာကောင်းတာက ပထမဆုံးအလဲခံရတဲ့ မျောက်ကလည်း ဒုတိယမျောက်သစ်ကို ဝင်ဆော်ပါသတဲ့..။

ဘာလို့လည်းဆိုတော့ သူ့တုန်းကလည်းဒီလိုပဲ အထောင်းခံရလို့ သူကလည်းပြန်ထောင်းတာပါ။

ဒီလိုနဲ့မျောက်တွေကို တစ်ကောင်ချင်း အစားထိုးလိုက်တာ..နောက်ဆုံးမှာ မျောက်အသစ်တွေချည်းပဲကျန်ပါတော့တယ်။

သူတို့ဟာ ရေခဲရေအကြောင်းကို မသိပါဘူး။ဒါပေမယ့်”ငှက်ပျောသီးကိုမယူရ၊ ယူတဲ့မျောက်ကို ထုထောင်းရမယ်”ဆိုတဲ့အယူကိုတော့ ဆက်လက်ကျင့်သုံးနေမြဲပါပဲတဲ့။ကျနော်တို့ဟာ နေ့စဉ်နေ့တိုင်းဆုံးဖြတ်ချက်တွေချနေကြရပါတယ်။

နေ့ စဉ် ဘ ဝ မှာ ဆုံးဖြတ် ချက် တွေ ချ တဲ့ အခါ ကိုယ့် အ တွေ့ အ ကြုံ တွေ သူ တစ် ပါး အ တွေ့ အ ကြုံ တွေ ဓ လေ့ ထုံးတမ်း လုပ် ရိုးလုပ် စဉ် တွေ ရဲ့ လောင်း ရိပ် မိ နေ တတ် ကြပါ တယ်။

ဒါကြောင့် ကျနော်တို့ ကိုယ့်ကိုယ်ကို မေးခွန်းလေးနှစ်ခုလောက်မေးကြည့်ဖို့လိုပါလိမ့်မယ်။

၁။ သင်ခံယူထားတဲ့ အတွေးအခေါ်အယူအဆတွေဟာ ကိုယ်တိုင်စိစစ်ပြီးအမှန်တရားကိုမြင်လို့ ကျင့်သုံးနေတာလား

၂။ သင်လုပ်ဆောင်နေတဲ့ အပြုမူတွေဟာလည်း လုပ်ရိုးလုပ်စဉ်မို့၊ သူများလုပ်တာတွေ့လို့ လိုက်လုပ်နေတာလား ၊ ကိုယ်တိုင်စီစစ်ပြီး လုပ်သင့်လို့ လုပ်နေတာလား ဆိုတာကိုယ့်ကိုယ်ကို မေးကြည့်ပါ။

ဒီမေးခွန်းတွေအတွက် အဖြေမရှိရင်တော့.. ကျုပ်တို့ဟာ ပုံပြင်ထဲကမျောက်တွေလိုပါပဲ။ အထူးအဖြင့် ကျနော်တို့ နိုင်ငံက

လူငယ်တွေရဲ့စိတ်ဓာတ်တွေကို ပုံသွင်းခံ၊ မှိုင်းတိုက်ခံထားရပါတယ်။

ပုံပြင်ထဲက မျောက်တွေကို လုပ်ထားသလိုမျိုးပါပဲ…။ ဘာလို့လဲဆိုတော့ “ တို့လူလေးများ ဆိုသလေး….” လို့ဆိုလိုက်ရင် “ ဝေ.. လေ…လေး…” ဆိုတာတွေများပါတယ်။ ဝေလေလေတွေများတယ်။ ကိုယ်ပိုင်အတွေးအခေါ်မရှိဘူး။

ဘယ်သူမှရှေ့မထွက်ချင်ဘူး။

မထွက်ရဲဘူး။

သူများထွက်ရင်လည်း နောက်ကနေဆဲတယ်..။

ခုခေတ်က အင်တာနက်ခေတ်ဆိုတော့ online ပေါ်ကနေ လက်သီးလက်မောင်းတွေတမ်းကြ၊ပစ်ပစ်နှစ်နှစ်တွေဆဲလိုက်ကြ။

ဒါ တွေ အ သာ ထား လို့ လု လင် ရဲ့သယ် ရင် းတွေ အ နေ နဲ့ တော့ ပတ် ဝန်းကျင် ရဲ့ မှိုင်းတိုက် မ ခံ ရ အောင် ပုံ သွင်း မ ခံ ရ အောင်.. ကိုယ့် ရဲ့ အတွေးအခေါ် နဲ့ လုပ် ရပ် တွေ ကို စိ စစ် ကြဖို့ အမှန် တရား ကိုရှာဖွေ ကြဖို့ စေ တ နာစကား ပါးလိုက် ရ ပါတယ် နော်။