Knowledge
နောင်လာနောင်သားတွေ အရိုအသေတန်အောင်ရာဇဝင် သမိုင်းမှာ အရိပ်မထင်ပါဘူးလို့ ရှေးသာဓကတွေကိုပါ ဖျက်စီးရာရောက်တဲ့မကြံဆ မနှိုင်းအပ်သောအလုပ်ကို ရွှေတိဂုံစေတီတော်ကြီးအရိပ်ပေါ်ပြီးလူတကာနင်းတာကြ အပြစ်မရှိဘူးလား လို့ဖိုတိုရှော့နဲ့ထပ်မံစော်ကားနေမှုများအတွက် မြင်ရတွေ့ရတာစိတ် မကောင်းဖြစ်လို့ရေးတင်လိုက်ပါသည်။
Credit
Unicode
ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့အရိပ်ဟာမြေပြင်သို့ဘယ်သောအခါမျှမကျဘူးဆိုတာ မသိတဲ့သူတွေကိုသိစေချင်ပါတယ်။
မသိလို့ပဲထင်ပါတယ်။Camera theory တစ်ခုခု (သို့မဟုတ်)Photo editပညာတစ်ခုခုနဲ့ reflectionဖြစ်အောင်ရိုက်ထား၊လုပ်ထားတဲ့ပုံတွေမှန်းမသိ၊ဘာမှန်းမသိ တစ်ယောက်ကစပိန်းပြီးတင်လိုက်တာ တော်တော်များများတကယ်ထင်ပြီး လိုက်ပိန်းကုန်ကြတာ ဝမ်းနည်းမိပါတယ်။
ကကုဿန်မြတ်စွာဘုရား၏တောင်ဝှေးတော်၊ ကောဏဂုံမြတ်စွာဘုရား၏ရေစစ်တော်၊ကဿပမြတ်စွာဘုရား၏ရေသနုတ်သင်္ကန်းတော်၊ဂေါတမမြတ်စွာဘုရား၏ ဆံတော်ရှစ်ဆူတို့ကိုဌာပနာပြုကာ
လွန်ခဲ့သောနှစ်ပေါင်း 2500ကျော်က ဥက္ကလာပမင်းကြီးစတင်ပြီးတည်ထားခဲ့သော၊လူတစ်ရစ် နတ်တစ်ရစ်တည်ခဲ့သည်ဆိုသော ဉာဏ်တော်အမြင့်ပေ 326ပေရှိ လေးဆူဓာတ်ပုံ မြတ်ရွှေတိဂုံစေတီတော်ကြီးဟာ ဘုရားတန်ခိုးတော်ကြောင့်
ဘယ်သောအခါမျှမြေပြင်သို့အရိပ်မကျဘဲ တစ်ခါတစ်ရံဘုရားတန်ခိုးတော်ပြတဲ့အခါ ဘုရားကြီးရဲ့အရိပ်ဟာကောင်းကင်မှာတောင်သွားပေါ်တယ်လို့ သူရမြင့်မောင်ရဲ့ရွှေတိဂုံစေတီတော်သမိုင်းမှာဖတ်ဖူးပါတယ်။
တချို့ကလည်း သမုဒ္ဒရာရဲ့အဆုံးတစ်နေရာ၊မြင့်မိုရ်ထောင်ထိပ်ရဲ့တစ်နေရာရာမှာ သွားပေါ်တယ်လို့ပြောကြပါတယ်။မည်သို့ပင်ဖြစ်စေကာမူ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အရိပ်ဟာတော့ မြေပြင်သို့ဘယ်သောအခါမျှအလင်းမပြန်ဘူးဆိုတာတော့ မလွဲဧကန်ပါပဲ။
နောင်လာနောင်သားတွေ အရိုအသေတန်အောင်ရာဇဝင် သမိုင်းမှာ အရိပ်မထင်ပါဘူးလို့ ရှေးသာဓကတွေကိုပါ ဖျက်စီးရာရောက်တဲ့မကြံဆ မနှိုူင်းအပ်သောအလုပ်ကို ရွှေတိဂုံစေတီတော်ကြီးအရိပ်ပေါ်ပြီးလူတကာနင်းတာကြ အပြစ်မရှိဘူးလား လို့ဖိုတိုရှော့နဲ့ထပ်မံစော်ကားနေမှုများအတွက် မြင်ရတွေ့ရတာစိတ် မကောင်းဖြစ်လို့ရေးတင်လိုက်ပါသည်။
ကိုယ့်ဘာသာသာသနာ့ကို ကာကွယ် ရမှာဗုဒ္ဓဘာသာဝင် တိုင်းရဲ့ တာဝန် ဖြစ်ပါတယ်။
Credit