Knowledge

အနေနီးလို့ ငြိစွန်းသွားတယ်ဆိုတာ…..ကိုယ့်ကျင့်တရားမြဲတဲ့သူနဲ့မမြဲတဲ့သူနဲ့ပဲဆိုင်တာပါ

အနေနီးလို့ ငြိစွန်းသွားတယ်ဆိုတာ…..ကိုယ့်ကျင့်တရားမြဲတဲ့သူနဲ့မမြဲတဲ့သူနဲ့ပဲဆိုင်တာပါ

ဒီ Post လေးကတော့DawMaw Maw account က တင်ထားတာကို သမီးလေးတို့အတွက် အကျိုးရှိမယ်ထင်လို့ ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ်

အနေနီးလို့ ငြိစွန်းသွားတယ်ဆိုတာ…..ကိုယ့်ကျင့်တရားမြဲတဲ့သူနဲ့မမြဲတဲ့သူနဲ့ပဲဆိုင်တာပါ။

ကိုယ်ကျင့်တရားမမြဲတဲ့သူတွေ….လင်မယား ဝေးကွာတဲ့ ဒဏ်မခံနိုင်ဘူးဆိတ်ကွယ်ရာ အရပ်ရောက်တာနဲ့ဖောက်ပြန်ချင်စိတ်ဖြစ်တယ်။

ဖိုနဲ့မ ခင်မင်ရင်းနှီးတဲ့ဒဏ် မခံနိုင်ဘူး။ရင်းနှီးလိုက်တာနဲ့ စိတ်ယိမ်းယိုင်သွားတယ်။

ကိုယ့်ကျင့်တရားမမြဲတဲ့မိန်ကလေးတွေ….ယောကျ်ားသားတွေနဲ့အပေါင်းအသင်းလုပ်ပြီး ရင်းရင်းနှီးနှီးဆက်ဆံလို့မရပါ။

သူ့ကို ယောကျ်ားတစ်ယောက်က ဗူးချင်လို့မဟုတ်ပဲ သဘောရိုးနဲ့သူငယ်ချင်းထက်မကပိုတဲ့ခင်မင်မူ့မျိုးမောင်နှမတွေလိုသဘောထားပြီး တရင်းတနှီး ဆက်ဆံတဲ့အခါ…သူကိုကြိုက်နေသည်ဟုထင်သွားတတ်တယ်။

လူတိုင်းကို စနောက်တတ်တဲ့အရမ်းအစအနှောက်သန်တဲ့ယောကျ်ားတစ်ယောက်က သူ့ကိုလည်း တခြားသူတွေလိုပဲသဘောထားပြီးသွားစနောက်မိတဲ့အခါ…..သူ့ကိုစိတ်ဝင်စားနေသည်ဟုထင်တတ်တယ်

ကိုယ့်ကျင့်တ ရားမမြဲတဲ့ယောကျ်ားလေးတွလည်းထိုနည်းတူပဲ ….

မိန်းကလေးသူငယ်ချင်းများများရှိလို့မရဘူး။

ရှိရင်သူငယ်ချင်းတွေလို မောင်နှမတွေ လိုသဘောထားလို့မရတော့ပဲ…ရင်းနှီးတာနဲ့ဗူးထချင်စိတ်ဖြစ်သွားတယ်။

သူ့ကို သူငယ်ချင်းအရင်းခြာလို မောင်နှမတွေလိုသဘောထားပြီး တရင်းတနှီးစကားပြောမိလို့ကတော့…ဒီကောင်မ ငါလိုက်စရင်ရနိုင်တယ်လို့ ထင်သွားပါလိမ့်မယ်။

ဒါကြောင့် ကိုယ်ကျင့်တရားမမြဲတဲ့သူတွေဟာ…ဆန့်ကျင်ဘက်ဖြစ်တဲ့ဖိုနဲ့မ…ရင်နှီးကျွမ်းဝင်လိုက်တာနဲ့ …..

အိမ်ထောင်ရှိနေပါလျှက်နဲ့လည်းကိုယ့်ကိုယ်လင်ရှိမှန်းမယားရှိမှန်း မသိကြတော့ပဲ…

အဖေ အမေရွယ် မရှောင်….သားသမီးအရွယ်မရှောင် ဦး ဒေါ်ရွယ်မရှောင်

အစ် မ အစ်ကို မောင် ညီမအရွယ်ကို မောင်နှမတွေလို သူငယ်ချင်းတွေလို သဘောမထားနိုင်ကြတော့ပဲလင်လုပ်တမ်းကစားချင်တဲ့စိတ်တွေဖြစ်လာကြတာမျိုးပါ။

နှစ်အကြာကြီး အလုပ်အတူလုပ်လာရလို့ …ရင်းနှီးလွန်းလို့ သံယောဇဉ်ရှိသွားတယ်ဆိုတာ လင်မယားလို သံယောဇဉ်မျိုးတစ်ခုထဲပဲထားလို့ရ တာမျိုး မဟုတ်ပါ။၅၂၈ဖြစ်တဲ့အဖြူရောင်သံယောဇဉ်မျိုးလည်း ထားလို့ရပါတယ်။

ကိုယ်တိုင်ကသာ ကိုယ်ကျင့်တရားမြဲတဲ့ယောကျ်ားကောင်း မိန်းမကောင်းတွေသာ ဖြစ်ခဲ့မယ်ဆိုရင်…..

အဖေ အမေရွယ်က သားလို သမီးလိုသဘောထားပြီး ဂရုစိုက်ကြင်နာတာမျိုးပဲဖြစ်ဖြစ်…

အဲဒီအဖေ အမေအရွယ်ကြီးတွေက တဏှားရူးပြီး ဂရုစိုက်ကြင်နာပြတာမျိုးပဲဖြစ်ဖြစ်…

အဖေ၊အမေရွယ်ကို မိဘလိုချစ်တဲ့ချစ်ခြင်းမေတ္တာမျိုး….သားရွယ် သမီးအရွယ်ကို ကိုယ့်သားသမီးအရင်းခြာလိုမျိုး

ဦးလေး အဒေါ်အရွယ်ကို ဦး၊ ဒေါ် လို မျိုးအစ်ကို၊ မောင် ညီ မ အစ်မရွယ်ဆိုရင်….မောင်နှမရင်းခြာ မိသားစုဝင်တွေလိုမျိူး.

ရွယ်တူဆိုရင်သူငယ်ချင်းမိတ်ဆွေးရင်းခြာလိုမျိုး…

ဖြူစင်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့ သံယောဇဉ်ထားလို့ရပါတယ်

ဘယ်နှယ့်…လင်ရှိ မယားရှိတဲ့သူတွေကရင်နှီးကျွမ်း ဝင်လိုက်တာနဲ့ပဲ အတန်းစား အရွယ်မရွေး လင်နဲ့မယားလို သံယောဇဉ်မျိုးပဲ ထားလို့ရတယ်ဆိုတော့……

လူလား တိရစ္ဆာန်လား ကိုယ့်ကို ဆန်းစစ် ကြပေါ့နော်….

အနေနီးလို့သာ ငြိကြရကြေးဆိုရင် သူသူငှာငှာ လူတိုင်း ငြိနိုင်တာပဲလေ

လူတိုင်း နေ့စဉ် ဝမ်းရေးအတွက် အရွယ်အတန်းစားမရွေး လူတန်းစားအလွှာပေါင်းစုံနဲ့နေ့စဉ်သွားလာလှုပ်ရှားရုန်းကန်နေကြရသူတွေချည်းပဲဘာကြောင့် လူတိုင်းမငြိစွန်းကြလဲ…??

ကိုယ်ကျင့်တရားကောင်းတဲ့သူနဲ့မကောင်းတဲ့သူနဲ့ကွာတယ်။

ကိုယ်တွေအသက်ငယ်ငယ်နဲ့အိမ်ထောင်ကျခဲ့ပေမယ့် အိမ်ထောင်သက်တမ်း၁၂နှစ်….ဒီနေ့ဒီချိန်ထိ ခြံခုန်နေတာတောင်တည်ဆောက်ပြီးတဲ့အိမ်ထောင်တစ်ခု မပြိုပျက်အောင်ထိန်းသိမ်းနေခဲ့တယ်။

ကိုယ့်မှာ ဒီထက်သာလွန်တဲ့ ယောကျ်ားကောင်းတစ်ယောက်ကိုမရနိုင်တော့လို့ ဒီလင်တစ်ယောက်တည်းကိုပဲ သက်ဆုံးတိုင်ပေါင်းဖို့ရည်ရွယ်ခြင်းမဟုတ်ဘူး။

ကိုယ့်ရဲ့သားသမီးအတွက် မိခင် ဖခင်ဆိုတဲ့ပြီးပြည့်စုံတဲ့ ဘုံဗိမာန်လေးတစ်ခုတည်ဆောက်ပေးချင်လို့။

ကိုယ့်ကျင့်တရားကောင်းမွန်တဲ့မိန်းမကောင်းတစ်ယောက်ဖြစ်လို့…

ကိုယ့်လင်မဟုတ်တဲ့အငွေ့အသက်အငြီအဟောက်နံ့ကို မခံနိုင်လို့

ကိုယ့်လင်နဲ့ကိုယ်တောင်အိမ်ထောင်သက်၁၂လင်စိတ်သားစိတ်ကုန်လွန်းလို့ သီလရှင်ဝတ်ချင်စိတ်တောင်ပေါက်တယ်။

သူများးလင်ဆိုရင် တွေးကြည့်တာနဲ့ကို ရွံလွန်းလို့ မတတီဘူး

သူများလင်တွေလု သူများလင်ရဲ့အငွေ့အသက်အငြီအဟောက်နံ့ကြိုက်တဲ့စနိုက်ကြော်တွေကိုလည်း အံသြမိပါရဲ့..

ဘယ်လိုစိတ်တွေနဲ့ခံစားလို့ရနေကြသလဲဆိုတာ.

ကိုယ်တွေလည်းအသက်ငယ်ရွယ်ချိန်မှာပဲ ကိုယ့်လင်သူငယ်ချင်းတွေနဲ့နှစ်ရှည်လများ အတူလက်တွဲအလုပ်လုပ်ခဲ့တာပဲ ရင်းနှီးလွန်းလို့ ငြိရကြေးဆိုရင် ကိုယ့်မှာ လင်ငယ်တွေ လက်ချိုးရေတွက်လို့ ကုန်တော့မှာကိုမဟုတ်ဘူး

ဘာလို့လဲဆိုရင် ..ကိုယ့်လင်မှာလည်း မိန်းကလေးသူငယ်ချင်းအပေါင်းအသင်းမရှိသလောက် ယောကျ်ားလေးအပေါင်းသင်းသူငယ်ချင်းတွေက အများကြီးရှိနေလို့ပါပဲ။

ကိုယ်အိမ်ထောင်မကျခင်မှာတော့ ကိုယ်လင်က အထက်တန်းကျောင်းသားဘဝရောက်မှကိုယ့်နယ်ဘက်ကိုစရောက်လာတာဖြစ်လို့ ကိုယ့်ရဲ့ငယ်သူငယ်ချင်းမှန်သမျှ ကိုယ့်ရဲ့အပေါင်းသင်းမှန်သမျှက သူရဲ့အတန်းဖော်သူငယ်ချင်းတွေပါပဲ

ကိုယ် သူနဲ့ညားပြီးချိန်မှာတော့သူ့ငယ်ပေါင်းသူငယ်ချင်းတွေနဲ့ပဲပေါင်းသင်းဆက်ဆံ အလုပ်အတူလုပ်ကြရတာပါ။

တကယ်လို့ကိုယ့်လင်ရဲ့ သူငယ်ချင်းတွေထဲမှာ တဏှာရူးတွေရှိနေတယ်ထားအုံးးး

ကိုယ်ကသာ ကိုယ်ကျင့်တရား ကောင်းတဲ့မိန်းမတစ်ယောက်ဖြစ်ခဲ့ရင် ဘယ်လောက်ပဲတဏှာရူးပြီး ဗူးချင်နေပါစေ ကိုယ့်အပြုအမူအနေထိုင်ကိုကြည့်ပြီးလာမစရဲပါ။ကိုယ်ကသာ မပါခဲ့ရင်ငြိစွန်းစရာအကြောင်း လုံးဝမရှိပါ။

ကိုယ်တိုင်က ကိုယ်ကျင့်တရားမကောင်းတဲ့သူဆိုရင်…

ကိုယ့်လင်ရဲ့ သူငယ်ချင်းတွေထဲမှာ တဏှာရူးတဲ့သူရှိမနေရင်တောင်…ကိုယ်က မငြိငြိအောင် သွားကလိရင် ငြိလာနိုင်တဲ့ သေးတယ်။အာမခံလို့မရဘူး။

ယောကျ်ားဆိုတဲ့အမျိုးက မိန်းမတွေဘက်ကသာ အကြိမ်ကြိမ်အခါခါ ရေလာမြောင်းပေး သွားသွားကလိနေရင် ….တကယ်ကိုယ့်ကို ချစ်နေမှမဟုတ်ဘူး

အသားစားသတ္တဝါ အလကားရရင် အိပ်ယာပေါ်တော့အနည်းနဲ့ အများလာတက်မှာပဲ


မူရင်းရေးသားသူအားလေးစားစွာဖြင့်Creditပေးပါသည်

Unicode

















































