သူေတာ္ေကာင္းဟန္ေဆာင္ထားတဲ့ စိတ္ပုပ္သူမွန္း သိသာတဲ့ လကၡဏာ
သိုးေရျခံဳထားတဲ့ ဝံပုေလြေတြဟာ ေနရာတိုင္းမွာ ရွိေနႏိုင္ ပါတယ္။ မိသားစုထဲမွာ၊ လုပ္ေဖာ္ကိုင္ဖက္ထဲမွာ၊ အေပါင္းအသင္း ထဲမွာ စသျဖင့္ ကိုယ္က်င္လည္တဲ့ ပတ္ဝန္းက်င္တိုင္းမွာ ရွိေနႏိုင္ ပါတယ္။
သူေတာ္ေကာင္း ဟန္ေဆာင္ ထားတဲ့ အတြင္းစိတ္ပုပ္ သူေတြ ဆိုတာ ဘယ္ေလာက္ပဲ ဟန္ေဆာင္ေကာင္းေကာင္း ဖံုးမရေအာင္ ေပၚလာ တတ္ၾက ပါတယ္။ ခုေဖာ္ျပေပးမွာကေတာ့ သူေတာ္ေကာင္း ဟန္ေဆာင္ ထားတဲ့ စိတ္ပုပ္သူမွန္း သိသာတဲ့ လကၡဏာေတြ ပဲျဖစ္ပါတယ္။
နာမည္ေကာင္းဝင္ ယူတတ္ တယ္။ ဟန္ေဆာင္ေကာင္းျပီး အတြင္းစိတ္ပုပ္တဲ့ သူေတြဆိုတာ သူတစ္ပါး လုပ္ျပီးသား အရာတစ္ခုခုမွာ နာမည္ေကာင္း ဝင္ဝင္ယူ တတ္တဲ့ သူေတြပါ။
သူေတာ္ေကာင္းဟန္ေဆာင္ထားတဲ့ စိတ္ပုပ္သူမွန္း သိသာတဲ့ လကၡဏာ
ပင္ပန္းဖုိ႔ ဆိုေခါင္းေရွာင္ေကာင္း သေလာက္၊ နာမည္ေကာင္းရျပီ ဆိုတာနဲ႔ ကိုယ့္ဂုဏ္ကိုယ္ေဖာ္ျပီး နာမည္ေကာင္းဝင္ ယူလိုက္ ရမွ ေက်နပ္တတ္တဲ့ သူေတြပါ။ မသိရင္ သူတို႔ပဲ အပင္ပန္းဆံုး ဆိုတဲ့ အခ်ိဳးမ်ိဳး သိပ္ခ်ိဳးတတ္တဲ့ သူေတြပါ။
သရုပ္မွန္ေပၚလာ တတ္တယ္ ။ လူတစ္ေယာက္ဟာ ဘယ္ေလာက္ပဲ ဟန္ေဆာင္ေကာင္းေကာင္း ဇာတိ သရုပ္မွန္ကို ၾကာၾကာဖံုးကြယ္ မထားႏိုင္ ပါဘူး။ အခက္အခဲ တစ္ခုခု၊ ျပသနာတစ္ခုခု ျဖစ္လာတဲ့ အခါမွာ သူ႔ရဲ႕ သရုပ္မွန္က ေပၚလာ တတ္ပါတယ္။
လံုးဝ ထင္မွတ္ မထားေလာက္ေအာင္ကို ေကာက္က်စ္ ယုတ္မာတဲ့ သရုပ္မွန္ေတြကို ေနာက္မွသိရျပီး ေအာ့ႏွလံုးနာ ရတတ္ ပါတယ္။
သူတစ္ပါးကို သိမ္ငယ္ေအာ င္လုပ္တယ္ ။ ဒီလို လူေတြဟာ သူတစ္ပါးရဲ႕စိတ္ခံစားခ်က္ေတြကို သိမ္ငယ္ေအာင္ လုပ္တတ္တဲ့ သူေတြပါ။ စကားေျပာရင္လည္း တစ္ဖက္သားကို ေစာင္းေျမာင္းေျပာ ဆိုတာ၊
တစ္ဖက္သားရဲ႕ အားနည္းခ်က္ကို နင္းေျချပီး ေျပာတတ္တဲ့သူေတြပါ။ ကိုယ့္ေၾကာင့္တစ္ဖက္သား ဘယ္လို ခံစားသြား ရမလဲ ဆိုတာ မစဥ္းစားတာ မဟုတ္ပါဘူး၊ တမင္ကို နာက်င္ေအာင္ ေျပာဆို လုပ္ကိုင္ လိုက္ရမွ ေက်နပ္တဲ့ သူေတြပါ။
အရင္ရင္းႏွီးေအာင္လုပ္တယ္ ။ဒီလိုလူေတြဟာ ေပါင္းသင္းဆက္ဆံေရးလည္း အရမး္ေတာ္ပါတယ္။ လိုခ်င္တာရွိျပီဆိုရင္ ဖားတတ္သေလာက္၊ မလိုေတာ့တဲ့အခါမွာလည္း ေတာက္ခ်ဖို႔ဝန္ေလးမယ့္သူေတြ မဟုတ္ပါဘူး။
ကိုယ့္ထက္သာရင္ အတင္းလိုက္ကပ္၊ အားနည္းခ်က္ေတြကို ရွာျပီး အတင္းၾကိတ္ျပိဳင္၊ အခ်ိန္ေကာင္းရတာနဲ႔ အဲ့ဒီ့ လူရဲ႕မာနေတြကို နင္းေျချပီး သူ႔ထက္သာျပီ ဆိုတာနဲ႔ အဲ့ဒီ့လူကုိ ေတာက္ခ်ပစ္ လိုက္မွာပါ။
ဗေလာင္းဗလဲ ေတြေျပာတတ္တယ္ ။ ဒီလို လူေတြဟာ စကားေျပာရင္လည္း ဗေလာင္းဗလဲအရမး္ေျပာတတ္ တဲ့သူေတြ ပါ။ ျပသနာ တစ္ခုျဖစ္ျပီ ဆုိရင္ ကုိယ့္အျပစ္လြတ္ျပီး သူမ်ားအျပစ္ၾကီးေအာင္ အရမး္ေျပာတတ္တဲ့ သူေတြျဖစ္ ပါတယ္။
သူ႔ကို လူေတြယံုေအာင္၊ သနားေအာင္ ကုိယ့္ဂုဏ္ကိုယ္ေဖာ္တဲ့ စကားေတြ အျမဲ လိုလိုေျပာတတ္တဲ့ သူေတြပါ
Source.ATM
Unicode
သူတော်ကောင်းဟန်ဆောင်ထားတဲ့ စိတ်ပုပ်သူမှန်း သိသာတဲ့ လက္ခဏာ
သိုးရေခြုံထားတဲ့ ဝံပုလွေတွေဟာ နေရာတိုင်းမှာ ရှိနေနိုင် ပါတယ်။ မိသားစုထဲမှာ၊ လုပ်ဖော်ကိုင်ဖက်ထဲမှာ၊ အပေါင်းအသင်း ထဲမှာ စသဖြင့် ကိုယ်ကျင်လည်တဲ့ ပတ်ဝန်းကျင်တိုင်းမှာ ရှိနေနိုင် ပါတယ်။
သူတော်ကောင်း ဟန်ဆောင် ထားတဲ့ အတွင်းစိတ်ပုပ် သူတွေ ဆိုတာ ဘယ်လောက်ပဲ ဟန်ဆောင်ကောင်းကောင်း ဖုံးမရအောင် ပေါ်လာ တတ်ကြ ပါတယ်။ ခုဖော်ပြပေးမှာကတော့ သူတော်ကောင်း ဟန်ဆောင် ထားတဲ့ စိတ်ပုပ်သူမှန်း သိသာတဲ့ လက္ခဏာတွေ ပဲဖြစ်ပါတယ်။
နာမည်ကောင်းဝင် ယူတတ် တယ်။ ဟန်ဆောင်ကောင်းပြီး အတွင်းစိတ်ပုပ်တဲ့ သူတွေဆိုတာ သူတစ်ပါး လုပ်ပြီးသား အရာတစ်ခုခုမှာ နာမည်ကောင်း ဝင်ဝင်ယူ တတ်တဲ့ သူတွေပါ။
သူတော်ကောင်းဟန်ဆောင်ထားတဲ့ စိတ်ပုပ်သူမှန်း သိသာတဲ့ လက္ခဏာ
ပင်ပန်းဖို့ ဆိုခေါင်းရှောင်ကောင်း သလောက်၊ နာမည်ကောင်းရပြီ ဆိုတာနဲ့ ကိုယ့်ဂုဏ်ကိုယ်ဖော်ပြီး နာမည်ကောင်းဝင် ယူလိုက် ရမှ ကျေနပ်တတ်တဲ့ သူတွေပါ။ မသိရင် သူတို့ပဲ အပင်ပန်းဆုံး ဆိုတဲ့ အချိုးမျိုး သိပ်ချိုးတတ်တဲ့ သူတွေပါ။
သရုပ်မှန်ပေါ်လာ တတ်တယ် ။ လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ဟန်ဆောင်ကောင်းကောင်း ဇာတိ သရုပ်မှန်ကို ကြာကြာဖုံးကွယ် မထားနိုင် ပါဘူး။ အခက်အခဲ တစ်ခုခု၊ ပြသနာတစ်ခုခု ဖြစ်လာတဲ့ အခါမှာ သူ့ရဲ့ သရုပ်မှန်က ပေါ်လာ တတ်ပါတယ်။
လုံးဝ ထင်မှတ် မထားလောက်အောင်ကို ကောက်ကျစ် ယုတ်မာတဲ့ သရုပ်မှန်တွေကို နောက်မှသိရပြီး အော့နှလုံးနာ ရတတ် ပါတယ်။
သူတစ်ပါးကို သိမ်ငယ်အော င်လုပ်တယ် ။ ဒီလို လူတွေဟာ သူတစ်ပါးရဲ့စိတ်ခံစားချက်တွေကို သိမ်ငယ်အောင် လုပ်တတ်တဲ့ သူတွေပါ။ စကားပြောရင်လည်း တစ်ဖက်သားကို စောင်းမြောင်းပြော ဆိုတာ၊
တစ်ဖက်သားရဲ့ အားနည်းချက်ကို နင်းခြေပြီး ပြောတတ်တဲ့သူတွေပါ။ ကိုယ့်ကြောင့်တစ်ဖက်သား ဘယ်လို ခံစားသွား ရမလဲ ဆိုတာ မစဉ်းစားတာ မဟုတ်ပါဘူး၊ တမင်ကို နာကျင်အောင် ပြောဆို လုပ်ကိုင် လိုက်ရမှ ကျေနပ်တဲ့ သူတွေပါ။
အရင်ရင်းနှီးအောင်လုပ်တယ် ။ဒီလိုလူတွေဟာ ပေါင်းသင်းဆက်ဆံရေးလည်း အရမ်းတော်ပါတယ်။ လိုချင်တာရှိပြီဆိုရင် ဖားတတ်သလောက်၊ မလိုတော့တဲ့အခါမှာလည်း တောက်ချဖို့ဝန်လေးမယ့်သူတွေ မဟုတ်ပါဘူး။
ကိုယ့်ထက်သာရင် အတင်းလိုက်ကပ်၊ အားနည်းချက်တွေကို ရှာပြီး အတင်းကြိတ်ပြိုင်၊ အချိန်ကောင်းရတာနဲ့ အဲ့ဒီ့ လူရဲ့မာနတွေကို နင်းခြေပြီး သူ့ထက်သာပြီ ဆိုတာနဲ့ အဲ့ဒီ့လူကို တောက်ချပစ် လိုက်မှာပါ။
ဗလောင်းဗလဲ တွေပြောတတ်တယ် ။ ဒီလို လူတွေဟာ စကားပြောရင်လည်း ဗလောင်းဗလဲအရမ်းပြောတတ် တဲ့သူတွေ ပါ။ ပြသနာ တစ်ခုဖြစ်ပြီ ဆိုရင် ကိုယ့်အပြစ်လွတ်ပြီး သူများအပြစ်ကြီးအောင် အရမ်းပြောတတ်တဲ့ သူတွေဖြစ် ပါတယ်။
သူ့ကို လူတွေယုံအောင်၊ သနားအောင် ကိုယ့်ဂုဏ်ကိုယ်ဖော်တဲ့ စကားတွေ အမြဲ လိုလိုပြောတတ်တဲ့ သူတွေပါ
Source.ATM