Knowledge

ဝဋ္ေႂကြးပါလာၿပီဆိုလွ်င္ (ကိုယ္ေကာင္းေပမယ့္ သူမေကာင္းတာ “ဝဋ္” ေၾကာင့္ပါ)

ဝဋ္ေႂကြးပါလာၿပီဆိုလွ်င္ (ကိုယ္ေကာင္းေပမယ့္ သူမေကာင္းတာ “ဝဋ္” ေၾကာင့္ပါ)

သူ႔အေပၚ ကိုယ္က တကယ္ေကာင္းရဲ႕ သားနဲ႔ သူက ကိုယ့္အေပၚ နည္းနည္းေလးမွ ေကာင္းမလာ ဘူးဆိုရင္ ကိုယ့္မွာ ဝဋ္ေႂကြး ရွိေနၿပီဆိုတာ ေသခ်ာပါ တယ္။

သူ႔ကို ကိုယ္က ဘာမွ အျပစ္လည္းမေျပာ ကိုယ္လုပ္ထားတဲ့ အျပစ္ေတြ ဘာမွလည္းမရွိဘဲနဲ႔ ကိုယ့္ကိုသူက အျပစ္ပဲ အၿမဲေျပာေနၿပီဆိုရင္.. ေသခ်ာတယ္ ကိုယ့္မွာ ဝဋ္ေႂကြးရွိ ေနၿပီ ဆိုတာ။

ကိုယ့္ကလည္း သူ႔ကိုတစ္ခါမွ မမုန္းရပါဘဲ ဘာမွန္းညာမွန္းမသိဘဲ သူ႔ဆီမွာ.. ကိုယ္အမုန္းခံ ေနရၿပီ ဆိုရင္ ေသခ်ာတယ္၊ ကိုယ္မွာ အမွန္တကယ္ ဝဋ္ေႂကြးရွိ ေနၿပီဆိုတာ။

ဝဋ္ေႂကြးရွိရင္ ကိုယ္မလုပ္ေပမယ့္ ကိုယ္လုပ္တယ္လို႔ အထင္ခံ ရတတ္ တယ္။ ကိုယ္မေျပာ ေပမယ့္ ကိုယ္ေျပာတယ္လို႔ အထင္ခံ ရတတ္တယ္။ ေကာင္းတာလုပ္တဲ့ အခါလည္း ေကာင္းတယ္လို႔ တစ္ခ်ိဳ႕လူေတြမျမင္ ၾကဘူး။

ဝဋ္ဆိုတာ ဆပ္မွ ေက်မယ္။ ဆုေတာင္းေန႐ုံျဖင့္ ဝဋ္ကုန္သြားမွာ မဟုတ္ဘူး။ ဝဋ္ေႂကြးေတြေက်ဖို႔ သူမေကာင္းေျပာလည္း ကိုယ္ကသူ႔ကို မေကာင္းျပန္ မေျပာနဲ႔။

သူက ကိုယ့္ကို အမုန္းေပး ေနလည္း ကိုယ္က အမုန္းျပန္ မေပးနဲ႔။ သူက ကိုယ့္ကို တစ္မ်ိဳးထင္လည္း ကိုယ္ကသူ႔ကိုတစ္မ်ိဳး မထင္ပါနဲ႔။သူ႔အေပၚတင္ေနတဲ့အေႂကြးေတြ ေက်ေတာ့မယ္ ဆိုတာ သတိရ ေပးပါ။

သူဘာေပးေပး ကိုယ့္ဆီမွ သူ႔ကိုေမတၱာပဲ ေပးလိုက္ပါ။ ေမတၱာဆိုတာ ဝဋ္ေႂကြးေတြေျပဖို႔အတြက္ လူတစ္ေယာက္အတြက္ အေကာင္းဆုံး လက္နက္ျဖစ္ ပါတယ္။

အမုန္းေတြ ရွိရင္လည္း ဒီဘဝတင္ေက်ပါေစ။ အၿငိဳးေတြရွိရင္လည္း ဒီဘဝတင္ ေက်ပါေစ။

ဒီဘဝမွာ ဆပ္ခြင့္ရတဲ့ အေႂကြးကို ဒီဘဝမွာပဲ ဆပ္လိုက္ပါ။ ေနာက္ဘဝ ေတြထိ မယူ သြားပါနဲ႔။

ဝဋ္ဆိုတာဆပ္မွေၾကမယ္။ တကယ္ေတာ့ ကိုယ္ေကာင္းေပမယ့္ သူမေကာင္းတာဟာ ဝဋ္ေႂကြး တစ္ခုခု ေၾကာင့္ပါ။

အရွင္ဇနက(မႏၲေလးစာသင္သား)

Credit:စိုင္းသန႔္ဇင္ထြန္း

Unicode

ဝဋ်ကြွေးပါလာပြီဆိုလျှင် (ကိုယ်ကောင်းပေမယ့် သူမကောင်းတာ “ဝဋ်” ကြောင့်ပါ)

သူ့အပေါ် ကိုယ်က တကယ်ကောင်းရဲ့ သားနဲ့ သူက ကိုယ့်အပေါ် နည်းနည်းလေးမှ ကောင်းမလာ ဘူးဆိုရင် ကိုယ့်မှာ ဝဋ်ကြွေး ရှိနေပြီဆိုတာ သေချာပါ တယ်။

သူ့ကို ကိုယ်က ဘာမှ အပြစ်လည်းမပြော ကိုယ်လုပ်ထားတဲ့ အပြစ်တွေ ဘာမှလည်းမရှိဘဲနဲ့ ကိုယ့်ကိုသူက အပြစ်ပဲ အမြဲပြောနေပြီဆိုရင်.. သေချာတယ် ကိုယ့်မှာ ဝဋ်ကြွေးရှိ နေပြီ ဆိုတာ။

ကိုယ့်ကလည်း သူ့ကိုတစ်ခါမှ မမုန်းရပါဘဲ ဘာမှန်းညာမှန်းမသိဘဲ သူ့ဆီမှာ.. ကိုယ်အမုန်းခံ နေရပြီ ဆိုရင် သေချာတယ်၊ ကိုယ်မှာ အမှန်တကယ် ဝဋ်ကြွေးရှိ နေပြီဆိုတာ။

ဝဋ်ကြွေးရှိရင် ကိုယ်မလုပ်ပေမယ့် ကိုယ်လုပ်တယ်လို့ အထင်ခံ ရတတ် တယ်။ ကိုယ်မပြော ပေမယ့် ကိုယ်ပြောတယ်လို့ အထင်ခံ ရတတ်တယ်။ ကောင်းတာလုပ်တဲ့ အခါလည်း ကောင်းတယ်လို့ တစ်ချို့လူတွေမမြင် ကြဘူး။

ဝဋ်ဆိုတာ ဆပ်မှ ကျေမယ်။ ဆုတောင်းနေရုံဖြင့် ဝဋ်ကုန်သွားမှာ မဟုတ်ဘူး။ ဝဋ်ကြွေးတွေကျေဖို့ သူမကောင်းပြောလည်း ကိုယ်ကသူ့ကို မကောင်းပြန် မပြောနဲ့။

သူက ကိုယ့်ကို အမုန်းပေး နေလည်း ကိုယ်က အမုန်းပြန် မပေးနဲ့။ သူက ကိုယ့်ကို တစ်မျိုးထင်လည်း ကိုယ်ကသူ့ကိုတစ်မျိုး မထင်ပါနဲ့။ သူ့အပေါ်တင်နေတဲ့အကြွေးတွေ ကျေတော့မယ် ဆိုတာ သတိရ ပေးပါ။

သူဘာပေးပေး ကိုယ့်ဆီမှ သူ့ကိုမေတ္တာပဲ ပေးလိုက်ပါ။ မေတ္တာဆိုတာ ဝဋ်ကြွေးတွေပြေဖို့အတွက် လူတစ်ယောက်အတွက် အကောင်းဆုံး လက်နက်ဖြစ် ပါတယ်။

အမုန်းတွေ ရှိရင်လည်း ဒီဘဝတင်ကျေပါစေ။ အငြိုးတွေရှိရင်လည်း ဒီဘဝတင် ကျေပါစေ။ဒီဘဝမှာ ဆပ်ခွင့်ရတဲ့ အကြွေးကို ဒီဘဝမှာပဲ ဆပ်လိုက်ပါ။ နောက်ဘဝ တွေထိ မယူ သွားပါနဲ့။ ဝဋ်ဆိုတာဆပ်မှကြေမယ်။

တကယ်တော့ ကိုယ်ကောင်းပေမယ့် သူမကောင်းတာဟာ ဝဋ်ကြွေး တစ်ခုခု ကြောင့်ပါ။

အရှင်ဇနက(မန္တလေးစာသင်သား)

Credit:စိုင်းသန့်ဇင်ထွန်း