ကစားတတ်တဲ့ ရင်ခွင်ဝေးသားများ၏ ငိုခြိုက်သံ
ကိုရင်ငယ်တို့၏ ရင်ထဲ ဝင်၍ဖက်ပါ
ရင်ခွင်ဝေးသား အဖြစ်ကို သား ရခဲ့တာဟာ
ရောင်ဝါသင်္ကန်းကို ဆင်မြန်းတဲ့ နေ့ကတည်းကပါ အမေ
အမေတို့နဲ့ တစ်မြေဆီခြားတဲ့နေ့ဟာလည်း သားဘဝ အတွက်
စာသင်တိုက်ကို စတင်ထွက်ခွာခဲ့တဲ့ နေ့ကပါ အမေ
သား ဘဝဟာ အဖေ အမေ ရှိပါလျှက်နဲ့ အဖေ အမေလို့
တွင်တွင်ကြီး အော်ခေါ်ကာ မျက်နှာကိုကြည့်တိုင်း
မမြင်ရတော့ပါဘူး သားအတွက် အေးမြတဲ့
အမေ့မေတ္တာအရိပ် နွေးထွေးတဲ့ အမေ့ ရင်ခွင်တွေဟာလည်း
နုတ်ဖျားက တောင်းတယုံသာ ဖြစ်နေရပါပြီ။
ငယ်ရွယ်တဲ့အချိန်မှာ အစ်ကိုအစ်မတွေကို ဂျီးကျခွင့်မရှိသလို
သူတို့နှင့် အတူစား အတူအိပ် အတူနေရခြင်းတွေကိုပါ
သားမရနိုင်တော့ပါဘူး အမေတို့က သားကို ကောင်းမြတ်တဲ့ ဘဝမှာပဲ
နေစေချင် ပျော်စေချင်ခဲ့တာ မှန်သလို သားဟာလည်း
ငယ်ရွယ်တဲ့ကလေးမို့လို့ အမေ တို့နှင့် မခွဲနိုင် မနေနိုင်ခဲ့တာအမှန်ပါ
အခုချိန်မှာ သားရဲ့အဖော်ဟာ ညစဥ် ဆိုဖြစ်တဲ့အလွမ်းတေးများနှင့်
သားမျက်ရည်တွေ စီးကျရာခေါင်းအုန်းလေးပါ အမေ
ပြီးတော့ သားသတိရတိုင်း အော်ခေါ်မိတဲ့ အမေ ဆိုတဲ့အသံပါပဲ။
Unicode