ပိုးသတ်အဖြစ် ထုတ်လုပ်နိုင်သောအပင်များနှင့် သဘာဝတိုင်း ပြု့လုပ်နည်းများ
ပိုးသတ်ဆေး ထုတ်လုပ်နိုင်သော အပင်များ
ယခုတစ်ပါတ်မှာ ပိုးသတ်ဆေးဖော်စပ်အသုံးပြုလို့ရတဲ့
အပင်တွေအကြောင်းကိုမျှဝေ ပေးလိုက်ရပါတယ်။
သဘာဝပိုးသတ်ဆေး ဖော်စပ်လို့ရတဲ့ အပင်တွေကတော့
အောက်ပါတို့အတိုင်းပဲဖြစ်ပါတယ်။
ခုဖော်ပြသွား မယ့်နည်းလမ်းတွေကတော့ စိုက်ခင်းကြီးအတွက်
အသုံးပြုရန်ခက်ခဲနိုင်သော်လဲ ဟင်းသီးဟင်းရွက် တစ်နိုင်တစ်ပိုင်
စိုက်ပျိုးသူများ အတွက် အသုံးဝင်အကျိုးထူးမယ်လို့ မျှော်လင့်ရပါတယ်။
၁။ သြဇာ
၂။ ကြက်ဟင်းခါး
၃။ ပဲစိမ်းစား
၄။ နွယ်သာကီ
၅။ မဲရိုင်း
၆။ ကြောင်ပန်းကြီး
သြဇာ
သြဇာပင်မှာ အစေ့နှင့် အရွက်များကို
သဘာဝပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
သြဇာရွက်တွင် စူးရှပြင်းထန်သော ဓာတ်ဆေးတစ်မျိုးပါဝင်ပြီး
သြဇာစေ့တွင် ဆီနှင့် စူးရှပြင်းထန်သော ဓာတ်ဆေးတစ်မျိုးပါဝင်ပါတယ်။
သြဇာရွက်မှ ထုတ်ယူရရှိသော သဘာဝပိုးသတ်ဆေးသည်
သြဇာစေ့မှရသော ဆေးထက် ပိုမို၍ ထိရောက်ပါတယ်။
သြဇာရွက်နှင့် အစေ့တို့ကို အမှုန့်ပြုလုပ်၍ ရေဖြင့်လည်းကောင်း
မီသနောဖြင့် လည်းကောင်း ရော၍သဘာဝပိုးသတ်ဆေးအဖြစ်
အသုံးပြုခြင်းဖြင့် ပျပိုး ဖြုတ်စိမ်းပိုး လှေး သန်းစသည့်
စုပ်စားပိုးကောင်များနှင့် အရွက်စားပိုးများ ဖြစ်ကြသော
ပိုးနဂါး ရွက်လိပ်ပိုး ပိုးကျိုင်းကောင်များကို နှိမ်နင်းနိုင်ပါတယ်။
ကြက်ဟင်းခါး
ကြက်ဟင်းခါးပင်မှာတော့ အရွက်နှင့် အသီးတို့ကို သဘာ၀
ပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
အရွက်နှင့် အသီးတို့မှရရှိသော အရည်ဖြင့်လည်းကောင်း
မီသနေ ဖြင့် ရောနှော၍ ပိုးသတ်ဆေးစွမ်းအားထုတ်၍
ခူမွှေးရှည် ရွက်လိပ်ပိုးနှင့် ရွက်ဖြတ်
ကျိုင်းကောင်များကို ကာကွယ်နိုင်ပါတယ်။
ပဲစိမ်းစား
ပဲစိမ်းစားပင်ရဲ့ အစေ့ကို သဘာဝ
ပိုးသတ်ဆေး အဖြစ်အသုံပြုနိုင်ပါတယ်။
ပဲစိမ်းစားဆိုသည်မှာ အတောင့်နှင့်ဥစားမျိုးဖြစ်ပါတယ်။
မျိုးယူပြီးကျန် သောပဲစိမ်းစားစေ့များကို အခြောက်လှန်းကာ
အမှုန့်ပြု၍ လည်းကောင်း ရေဖြ
င့်စိမ်၍လည်းကောင်း
ပျပိုး ဖြုတ်စိမ်း ပင့်ကူနီ ဟင်းသီးဟင်းရွက်စားပိုးများနှင့်
ပဲမျိုးစုံ ရွက်စားပိုးများနှိမ်နင်းရာတွင် အသုံးပြုနိုင်ပါတယ်။
နွယ်သာကီ
နွယ်သာကီ အရွက်ကို သဘာဝဆေး အဖြစ်အသုံးပြုနိုင်ပါတယ်။
နွယ်သာကီ အရွက်တစ်ဆကို ရေနှစ်ဆဖြင့်လည်းကောင်း
နွယ်သာကီအရွက်ခြောက် ကိုအမှုန့်ပြု၍ စိမ်၍လည်းကောင်း
ရွက်စားပိုး ကျိုင်းကောင် နှင့် ပိုးလောက်လန်းများကို နှိမ်နင်းနိုင်ပါတယ်။
မဲရိုင်း
မဲရိုင်းအရွက် အသီးနှင့် အမြစ် စသည်တို့ကို အမှုန့်များပြုလုပ်၍လည်းကောင်း
ပျော်ဝင်ရေတွင် ရေ မီသနော ပျော်ဝင်စေ၍လည်းကောင်း
အသုံးပြုနိုင်ပြီး ရွက်စားပိုး ခူကောင် ပိုးလောက်ကောင်များ နှင့်
ပိုးကျိုင်းကောင်များကို နှိမ်နင်းနိုင်ပါတယ်။
ကြောင်ပန်းကြီး
ကြောင်ပန်းကြီးကို နေရာအနှံ့အပြားတွင်တွေ့ရပြီး
အရွက်ကို သဘာဝပိုးသတ်ဆေးအဖြစ် သုံးနိုင်ပါ သည်။
ကြောင်ပန်းရွက်များကို အခြောက်လှန်းပြီးသီးနှံများ
သိုလှောင်သည့်အိပ်များတွင် ထည့်သွင်းအသုံးပြု ခြင်းဖြင့်
သီးနှံများသိုလှောင်ရာတွင် ဖျက်စီးတတ်သော
ပိုးမွှားများ၏ အန္တရာယ်ကို ကာကွယ်နိုင်ပါတယ်။
#credit
Unicode

အမှုန့်ပြု၍ လည်းကောင်း ရေဖြင့်စိမ်၍လည်းကောင်း