Knowledge

ရှေ့ဖြစ်ဟော ဆရာမကြီး ဘာဘာဗန်ဂါရဲ့ ၂၀၂၁ မှာဖြစ်လာနိုင်မည့် ဟောကိန်းများ

ရှေ့ဖြစ်ဟော ဆရာမကြီး ဘာဘာဗန်ဂါရဲ့ ၂၀၂၁ မှာဖြစ်လာနိုင်မည့် ဟောကိန်းများ

ဘူဂေးရီးယား အကြားအမြင်ဆရာမ ဘာဘာဗန်ဂါဆိုတာ

ရှေ့ဖြစ်ဟောကိန်းတွေကြောင့် နာမည်ကျော်ကြားသူ ဖြစ်ပါတယ်။

သူမရဲ့ဟောကိန်း ၈၅ ရာခိုင်နူန်း လောက်က အတိအကျဖြစ်ခဲ့ပါတယ်။
သူမဟာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲမှု အင်ဒီရာဂန္ဒီ လုပ်ကြံခံရမှု

စတာတွေကို ကြိုတင်ဟောကိန်းထုတ်နိုင်ခဲ့ပါတယ်။

အခုလည်း ၂၀၂၁ အတွက် မျက်မမြင် ဘာဘာဗန်ဂါရဲ့
ဟောကိန်းတွေ ထွက်လာပြန်ပါပြီ။

သူမ ၁၉၉၆ ခုနှစ်ကတည်းက ဆုံးတယ်ဆိုပေမယ့်
ယုံကြည်သူတွေလက်ထဲမှာ ဟောကိန်းတွေရှိပါသေးတယ်။

ဘာတွေလဲဆိုတာကို ကြည့်လိုက်ရအောင် အကောင်းဘက်ကတော့ နည်းပါတယ်။
၁။ ဒေါ်နယ်ထရန့်က အမေရိကန်ရဲ့ နောက်ဆုံးသမ္မတ

အမေရိကန်ပြည်ထောင်စုဟာ ၎င်းရဲ့ ၄၅ ယောက်မြောက်
သမ္မတလက်ထက်မှာပဲ နိဋ္ဌိတံသွားလိမ့်မယ်လို့ ဘာဘာက ဟောကိန်းထုတ်ခဲ့ပါတယ်။

အစိုးရအကူးအပြောင်း ကာလမှာပဲ ပြည်တွင်းစစ်ဖြစ်လာနိုင်ပါတယ်။
၂၀၂၀ အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေဟာလည်း

ပြည်တွင်းစစ်ဆီကို ဦးတည်လာနိုင် ပါတယ်။

လူမျိုးစုပေါင်းစုံ မှီတင်းနေထိုင်နေကြတဲ့ အမေရိကန်ပြည်ထောင်စုဟာ
သဘာဝ ဘေးအန္တရာယ် တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

၎င်းတို့ဟာ မြေငလျင်တွေ လေမုန်တိုင်းတွေနဲ့ အကြီးအကျယ်
ရေလွှမ်းမိုးမှုတွေကို ကြုံတွေ့ရနိုင်ပါတယ်။

နောက်ဆက်တွဲအနေနဲ့ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရောဂါဘယ ထူပြောမှု တွေကိုလည်း
ခံစားလာရပြီး အမေရိကန်ပြည်ထောင်စု ပြိုကွဲသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တာပါ။

၂။ မွတ်စလင်လူမျိုးတွေ ဥရောပကို သိမ်းပိုက်မယ်
မွတ်စလင်လက်နက်ကိုင် အစွန်းရောက်တွေဟာ ၂၀၂၁ အတွင်းမှာ

ဥရောပကို ကျူးကျော်သိမ်းပိုက်မှုတွေ ပြုလုပ်ပါလိမ့်မယ်။

၎င်းတို့ဟာ ကမ္ဘာကြီးကိုလည်း ဓါတုလက်နက်တွေနဲ့ တိုက်ခိုက်လိမ့်မယ်လို့
ဘာဘာက ဟောကိန်း ထုတ်ခဲ့ပါတယ်။

၃။ တရုတ်တွေ ကမ္ဘာကို ကြီးစိုးမယ်

နဂါးကြီး တစ်ကောင်က ကမ္ဘာကြီးကို ဝါးမျိုသွားလိမ့်မယ်
ဧရာမဘီလူးသုံးကောင် ပူးပေါင်းလိမ့်မယ်

လူတွေဟာ ငွေစက္ကူအနီရောင်တွေကိုပဲ သုံးစွဲကြလိမ့်မယ်
၁၀၀ ၅ နဲ့ သုညတွေကို မြင်နေရတယ် နဂါးဆိုတာက မဟာအင်အားကြီး တရုတ်နိုင်ငံပါ။

အခုဆိုရင် တရုတ်ရဲ့ လွှမ်းမိုးမှုအရှိန်အဝါဟာ တော်တော်လေး ကြီးမားလာနေပါပြီ။
ဘီလူးသုံးကောင်က တရုတ် အိန္ဒိယ နဲ့ ရုရှားဖြစ်နိုင်ပါတယ်။

ယွမ် ၁၀၀ တန်နဲ့ ရူဘယ် ၅၀၀၀ တန်တွေဟာ အနီရောင်တွေပါ။
၄။ လူသားတွေဟာ ကင်ဆာကို တိုက်ထုတ်နိုင်တော့မယ်

၂၀၂၁ အရောက်မှာပဲ လူသားတွေဟာ ကင်ဆာကို
အမြစ်ပြတ်ကုသနိုင်တဲ့ ဆေးကို ဖန်တီးနိုင်ပါတော့မယ်။

အဆိုပါဆေးမှာ သံပမာဏ အများအပြား ပါဝင်မှာပါလို့
ဘာဘာက ဟောကိန်း ထုတ်ခဲ့ပါတယ်။

၅။ ကမ္ဘာကို ဂြိုဟ်ပျံတခု ဝင်တိုက်လိမ့်မယ်

အာကာသထဲကနေ လွင့်ပျံလာတဲ့ ဂြိုဟ်တခုဟာ ကမ္ဘာကြီးကို ဝင်တိုက်လိမ့်မယ်။
လူတွေအများကြီး ဒုက္ခရောက်လိမ့်မယ်လို့ ဘာဘာက ဟောကိန်းထုတ်ခဲ့ပါတယ်။

၆။ ကမ္ဘာအရပ်ရပ်မှာ မြေငလျင်တွေလှုပ်လိမ့်မယ်

၂၀၂၁ ခုနှစ်မှာ ကမ္ဘာရဲ့ နေကိုလှည့်ပတ်နေတဲ့ လမ်းကြောင်းဟာ
အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်။

ဒါဟာ မီးတောင်ပေါက်ကွဲမှုတွေနဲ့ မြေငလျင်လှုပ်ခတ်မှုတွေကို
ဖြစ်ပေါ်စေလိမ့်မယ်လို့ ဘာဘာက ဟောကိန်း ထုတ်ခဲ့ပါတယ်။
#credit