Health

သည္းေျခေက်ာက္ရွိသူမ်ား ခြဲမထုတ္ရပဲ ျပန္ေကာင္းလာေစတဲ့ ကိုယ္ေတြ႕ေဆးနည္း

ကိုယ္ေတြ႕ေဆးေကာင္းတစ္ခြက္ လမ္းၫႊန္ပါရေစ။ ေဆး သုံးေလးႀကိမ္ေလာက္ စစ္ဖူးတယ္။ ပထမဆုံးေဆးစစ္ရေတာ့ အက္ထရာေဆာင္း႐ိုက္တာ သဲေျခေက်ာက္တည္ေနတာေတြ႕လို႔ ဆရာဝန္က ခြဲမလား ေျပာတယ္။မခြဲဘဲ ေနလို႔ရေသးလားဆိုေတာ့ ရေသးတယ္၊ ေဆးစားလို႔ေတာ့ရတယ္။

ဒါေပမဲ့မေပ်ာက္ဘဲ ႀကီးလာရင္ေတာ့ မင္းေဆး႐ုံတက္ခြဲရမယ္လို႔ ေျပာတယ္။ဒါနဲ႔မခြဲေသးဘဲ ေဆးစားမယ္လို႔ စိတ္ကူးလိုက္တယ္။ ေက်ာက္ေပ်ာ္ေဆးကို စားၾကည့္တယ္။ ၂ လေလာက္ေတာ့ ေဆးျပန္စစ္ရတယ္။ ပိုႀကီးလာတယ္။ ေဆးဆက္စားတယ္။ သူငယ္ခ်င္းတစ္ေယာက္က ပန္းသီး တစ္ေန႔ငါးလုံး စားတဲ့နည္းေျပာျပတယ္၊ အဲဒီနည္းက ပန္းသီးေန႔တိုင္းစားရမွာ ပ်င္းတာနဲ႔မစားျဖစ္ဘူး။

႐ုံးက က်န္းမာေရးအားလုံး စစ္ရမယ္ဆိုေတာ့ စစ္ရျပန္တယ္။အသည္းဆီဖုံးလည္းရွိတယ္။ သည္းေျခ မွာလည္း ေက်ာက္ရွိျပန္တယ္တဲ့။ ေက်ာက္ေပ်ာ္ေဆး ဆက္စားတယ္။တစ္လေလာက္ေနေတာ့ အစာအိမ္ေသြးယိုလို႔ ေဆး႐ုံတက္ရျပန္ေရာ၊ အဲဒီမွာ ေဆး႐ုံဆင္းေတာ့ အက္ထရာေဆာင္း႐ိုက္ခဲ့တယ္။

ေက်ာက္က အ႐ြယ္အစား ပိုႀကီးလာတယ္။တစ္ေန႔ေတာ့ ျမဝတီဝက္ဆိုဒ္မွာ ငါးေျပမနဲ႔ ေဇာင္းလ်ားသီး ေရာၿပီး ဟင္းခ်က္စားရင္ သည္းေျခေက်ာက္တည္တာနဲ႔ အသည္းဆီဖုံးတာ ေပ်ာက္တယ္တဲ့။ ၂ ခါ ၃ ခါေလာက္ ခ်က္စားလိုက္တယ္။ ယုံေတာ့ သိပ္မယုံပါ။

ေနာက္ဆုံးတစ္ခါ ေဆးစစ္ခ်ိန္မွာေတာ့ သည္းေျခေက်ာက္တည္တာေရာ၊ အသည္းဆီဖုံးတာေရာ မရွိေတာ့ပါတဲ့။ အံ့ၾသဖြယ္ပါ။ တိုက္ဆိုင္ တာလား၊ ဘာလားေတာ့မသိ အလုပ္လည္းမပ်က္၊ ေဘးထြက္ ဆိုးက်ိဳးလည္းမရွိေတာ့ စမ္းၾကည့္ၾကဖို႔ သတင္းေပးလိုပါတယ္။

Credit မူရင္း

Unicode

သည်းခြေကျောက်ရှိသူများ ခွဲမထုတ်ရပဲ ပြန်ကောင်းလာစေတဲ့ ကိုယ်တွေ့ဆေးနည်း

ကိုယ်တွေ့ဆေးကောင်းတစ်ခွက် လမ်းညွှန်ပါရစေ။ ဆေး သုံးလေးကြိမ်လောက် စစ်ဖူးတယ်။ ပထမဆုံးဆေးစစ်ရတော့ အက်ထရာဆောင်းရိုက်တာ သဲခြေကျောက်တည်နေတာတွေ့လို့ ဆရာဝန်က ခွဲမလား ပြောတယ်။မခွဲဘဲ နေလို့ရသေးလားဆိုတော့ ရသေးတယ်၊ ဆေးစားလို့တော့ရတယ်။

ဒါပေမဲ့မပျောက်ဘဲ ကြီးလာရင်တော့ မင်းဆေးရုံတက်ခွဲရမယ်လို့ ပြောတယ်။ဒါနဲ့မခွဲသေးဘဲ ဆေးစားမယ်လို့ စိတ်ကူးလိုက်တယ်။ ကျောက်ပျော်ဆေးကို စားကြည့်တယ်။ ၂ လလောက်တော့ ဆေးပြန်စစ်ရတယ်။ ပိုကြီးလာတယ်။ ဆေးဆက်စားတယ်။ သူငယ်ချင်းတစ်ယောက်က ပန်းသီး တစ်နေ့ငါးလုံး စားတဲ့နည်းပြောပြတယ်၊ အဲဒီနည်းက ပန်းသီးနေ့တိုင်းစားရမှာ ပျင်းတာနဲ့မစားဖြစ်ဘူး။

ရုံးက ကျန်းမာရေးအားလုံး စစ်ရမယ်ဆိုတော့ စစ်ရပြန်တယ်။အသည်းဆီဖုံးလည်းရှိတယ်။ သည်းခြေ မှာလည်း ကျောက်ရှိပြန်တယ်တဲ့။ ကျောက်ပျော်ဆေး ဆက်စားတယ်။တစ်လလောက်နေတော့ အစာအိမ်သွေးယိုလို့ ဆေးရုံတက်ရပြန်ရော၊ အဲဒီမှာ ဆေးရုံဆင်းတော့ အက်ထရာဆောင်းရိုက်ခဲ့တယ်။

ကျောက်က အရွယ်အစား ပိုကြီးလာတယ်။တစ်နေ့တော့ မြဝတီဝက်ဆိုဒ်မှာ ငါးပြေမနဲ့ ဇောင်းလျားသီး ရောပြီး ဟင်းချက်စားရင် သည်းခြေကျောက်တည်တာနဲ့ အသည်းဆီဖုံးတာ ပျောက်တယ်တဲ့။ ၂ ခါ ၃ ခါလောက် ချက်စားလိုက်တယ်။ ယုံတော့ သိပ်မယုံပါ။

နောက်ဆုံးတစ်ခါ ဆေးစစ်ချိန်မှာတော့ သည်းခြေကျောက်တည်တာရော၊ အသည်းဆီဖုံးတာရော မရှိတော့ပါတဲ့။ အံ့သြဖွယ်ပါ။ တိုက်ဆိုင် တာလား၊ ဘာလားတော့မသိ အလုပ်လည်းမပျက်၊ ဘေးထွက် ဆိုးကျိုးလည်းမရှိတော့ စမ်းကြည့်ကြဖို့ သတင်းပေးလိုပါတယ်။

Credit မူရင်း