Knowledge



မိုင်းဖုန်းဆရာတော်ကြီးရဲ့ မိန့်ကြားချက်

ဆရာတော်ကြီး ပြောရင် ကွက်တိမှန်ပါတယ်

ထိုင်းမှာ ကလေးလေးတွေ ဂူပိတ်မိတုန်းကလည်း ဆရာတော်ကြီးက ပြန်တွေ့လိမ့်မယိလို့ ပြောခဲ့တာ မှန်ခဲ့ပါတယ်

အခုလည်း ဆရာတော်ကြီး စကားကို သေချာလိုက်နာပါ့မယ် အရှင်ဘုရား

ယတြာဘယ်လောက်ကောင်းကောင်း/အမိန့်ပြန်တမ်းဘယ်လောက်ပြင်းပြင်း စကြာဝတေးမင်းတောင် အမိန့်ပေးလို့မရတဲ့ နတ်မင်းကြီးနှစ်ပါးရှိပါတယ်။

(၁)လောကပါလ နတ်မင်းကြီး

(၂)သာသနာစောင့် နတ်မင်းကြီး

ဗုဒ္ဓဘာသာဝင်များ မိမိတို့ ဒါန၊သီလ၊ဘာဝနာ တစ်ခုခုပြု ပြီးတိုင်း

“လောကပါလနတ်မင်းကြီး နှင့် သာသနာစောင့်နတ်မင်းကြီး

ဘေးရန်ကင်းကြပါစေ၊ ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ၊ စိတ်ဆင်းရဲခြင်းကင်းကြပါစေ

ကိုယ်/စိတ်နှစ်ဖြာချမ်း သာစွာဖြင့် မိမိတို့ ခန္ဓာ့တာဝန်ကို သာသနာ့ဝန်ကို လွယ်ကူစွာဆောင်ရွက်နိုင်ပါစေ “လို့ (၃)ခေါက်ရွတ်ပြီး အထူး မေတ္တာပို့ပါ

ပြီးလျှင် “မိမိဘဝမှာ အထူးပြုခဲ့ဖူးသောကုသိုလ် ( ဥပမာ။ ။ ရှင်ပြုအလှူ၊ ကျောင်းအလှူ၊ ရေတွင်းရေကန် တံတားအလှူ၊ ရွှေသက်န်းအလှူ၊ ကမ္မဌာန်း ဝိပသနာ တရားအားထုတ်ခဲ့မှု ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိခဲ့မှု )

စသည့် ကုသိုလ်များနှင့်တစ်ကွ မိမိတသက်တာပြုခဲ့သော ကုသိုလ်အစုစုအား လောကပါလနတ်မင်းကြီး၊သာသနာစောင့်နတ်မင်းကြီး နှင့် လောကပါလအစောင့်အရှောက်များလုံးကို အမျှဝေပါသည်။ သာဓုခေါ်ဆိုကြပါ

Unicode

မိုင်းဖုန်းဆရာတော်ကြီးရဲ့ မိန့်ကြားချက် ဆရာတော်ကြီး ပြောရင် ကွက်တိမှန်ပါတယ်












