ရေချိုးတုန်း ဦးနှောက်သွေးကြောပြတ်ခြင်းမှ ကင်းဝေးစေမည့် နည်းလမ်း
လွန်ခဲ့သော ရက်ပိုင်း အတွင်းက စာရေးသူ၏ လူနာမိတ်ဆွေ အသက် ၅၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးသည်ရာသီဥတု အလွန်ပူသဖြင့် အဲကွန်းဖွင့်ထားသော အခန်းတွင် ညဘက် အိပ်စက်ပြီး နံနက်စောစော အိပ်ရာထချိန်တွင် ရေချိုးခန်းဝင်ကာ ရေချိုးသည်။
ရေချိုးနေရင်း တစ်ကိုယ်လုံး လေးလံလာသဖြင့် ရေချိုးခန်းတံခါးကို ဖွင့်ပြီး အိမ်ရှေ့ခန်းတွင် ရှိနေသော ခင်ပွန်းဖြစ်သူကို လှမ်းခေါ်သည်။ခင်ပွန်း ဖြစ်သူသည် သူ့ကို ပွေ့ယူပြီး အိပ်ရာပေါ်တွင် အသာ
ချ၍ ရေစိုဝတ်များ လဲပေးနေစဉ်မှာပင် စကားမပြောနိုင် ခေါ်၍မရ လုံးဝ မလှုပ်ရှားတော့ဘဲ အသက်မရှူတော့။ လည်ပင်း သွေးကြောကို စမ်းသပ်ကြည့်ရာ သွေးမတိုး၍ မောင်နှမတော်သူများကို ဖုန်းဆက်ခေါ်လိုက်ရာ ရောက်လာပြီး ဆေးရုံပို့ရန် ကားစီစဉ်ကြ
သော်လည်း လုံးဝ မလှုပ်ရှားတော့သဖြင့်အသက်သေဆုံးမှန်း သိရှိကြပြီး ဆေးရုံ မပို့ဖြစ်တော့ဟု ဆိုသည်။ အမှန်မှာ အိပ်ရာထချိန်တွင် အဲကွန်းခန်းမှ ထွက်လာပြီး ရေတန်းချိုးသဖြင့် သေဆုံးခြင်း မဟုတ်ပါ။
သေသေချာချာ မေးမြန်းကြည့်မှသိရသည်မှာ သူတို့နေသည်မှာ တိုက်ခန်းအသစ်ဖြစ်သည်။ မနေ့ကမှ ပြောင်းလာရာ တစ်ညအိပ်ပြီး နံနက်အိပ်ရာထတွင် သေဆုံးရခြင်း ဖြစ်သည်။နံနက်အိပ်ရာ ထပြီးနောက် အိမ်ရှေ့ခန်းတွင်တံ မြက် စည်း လှည်းသန့်ရှင်းရေး လုပ်
သည်။ ဘုရားခန်းတွင်လည်းသန့်ရှင်းရေး လုပ်သည်။ သောက်တော်ရေနှင့် ဘုရားပန်းများလဲရန် ပြင်ဆင်ပြီးမှ ရေချိုးခန်းအတွင်း ဝင်ပြီး ရေချိုးသည်။ ရေချိုးနေရင်းမှ နေမကောင်း ဖြစ်လာသဖြင့် ခင်
ပွန်းဖြစ်သူကို လှမ်းခေါ်ခြင်း ဖြစ်သည်။ ရောဂါ၏ အခြေခံ အကြောင်းလည်း ရှိသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က သူ့တွင် ဆီးချိုရောဂါ ဝင်လာသည်။ ဆီးချို အထူးကု ဆရာဝန်နှင့်လည်း ပြသည်။ ကုသမှု ခံယူသည်။ ဆီးချို ကျဆေးလည်း သောက်နေသည်။
သို့သော် သူ့အားနည်းချက်မှာ အစားမရှောင် အစားအသောက် မဆင်ခြင်ခြင်း ဖြစ်သည်။ စားချင်ရာစားပြီး ဆေးသောက်လိုက်မည်ဟု အတွေးအခေါ်မျိုး သူ့တွင်ရှိသည်။သေဆုံးမည့် နံနက်က အိပ်ရာ
ထ ချိန်တွင် မိမိဘာသာလက်ထိပ် သွေးဖောက်ပြီး ဆီးချိုစစ်သည့် ကိရိယာဖြင့် စစ်ဆေးသည်။ အိုကေသည်၊ ကောင်းသည်ဟု ဆိုသည်။သို့သော် သူသတိမထားမိသည်မှာ သွေးတိုးဖြစ်သည်။ အဲကွန်း ဖွင့်ထားသော အအေးခန်းမှ ထွက်လာသူသည်အပူချိန် မတူ
သည့် ပြင်ပသို့ ရောက်လာလျှင် သွေးပေါင်တက်လာတတ်သည်။ သတိပြုသင့်သည့် အရာဖြစ်သည်။သွေးတိုးသည် တိတ်တဆိတ် လူသတ်သမား အလစ်ချောင်း နေသော လူသတ်သမား
ဖြစ်သည်။ သတိရှိကြ စေချင်သည်။ သွေးတိုး၊ လေဖြတ်၊ ဦးနှောက်သွေးကြောပြတ်၍ရုတ်တရက် သေဆုံးရသူ အများအပြား ရှိသည်။ အချို့ကလည်း ဝေဒနာ မခံစားရဘဲ ရက်ရှည်လများ လေဖြတ်ပြီး ဒုက္ခိတ မဖြစ်ဘဲ ယခုလို သေသွားရခြင်းကို ကောင်းသည်ဟု ဆို
ကြသူများလည်း ရှိသည်။ရေချိုးရင် သွေးတိုးပြီး ဦးနှောက်သွေးကြော မပြတ်စေရန် ကာကွယ်နိုင်သည့် နည်းကို တင်ပြလိုသည်။ ရေမချိုးမီ လေ့ကျင့်ခန်း တစ်ခုခု ပြုလုပ်ပါ။ သို့မဟုတ်
လမ်းလျှောက်ပါ။ ကြွက်သားနှင့် အာရုံကြောများ တစ်ညလုံး အိပ်ထားသဖြင့်ညောင်းနေသည်ကို လန်းဆန်းစေရန် ဖြစ်သည်။ ပြီးလျှင် ရေမချိုးမီ ရေအေး (ပုံမှန် အေးသောရေ) မတ်ခွက် တစ်ခွက်ခန့် သောက်ပါ။ ဝမ်းအတွင်း အစာအိမ်မှ အပူနှင့် လေပူများ ငြိမ်
သွားမှ ရေချိုးလျှင် သွေးဆောင့်တိုးခြင်းမှ ကာကွယ်နိုင်ပါသည်။ ပူသော ရာသီတွင် သတိပြုလုပ်ဆောင်ကြပါ။
Credit-ကြည်လွင်မြင့် (မုဒြာ)
Unicode