တိုင္းတစ္ပါးက ျပတိုက္မွာ ျမန္မာတို႔ရဲ႕ယဥ္ေက်းမႈနဲ႔ ေစတီပုထိုးဘုရားမ်ားကို တန္ဖိုးထား ခင္းက်င္းထားပံု idea
ဂ်ာမနီႏိုင္ငံမွာရွိတဲ့ျပတိုက္တစ္ခုတြင္ျမန္မာတို႔ရဲ႕ယဥ္ေက်းမႈနဲ႔ေစတီပုထိုးမ်ားကိုတန္ဖိုးထားေဖာ္ျပထားပါတယ္။ခင္းက်င္းျပသထားတာအေတာ္ေလးအတုယူဖို႔ေကာင္းပါတယ္။ ထိုအေၾကာင္းကို ဆရာဦးသက္ ေဆြကယခုကဲ့သို႔ေျပာၾကားထားပါတယ္။
ဒီေန႔ Munich ေရာက္ေတာ့ Museum Funf Kontinente မွာျပေနတဲ့ Myanmar of Pagodas, Longyis and Nat Sprits ကိုသြားၾကည့္ျဖစ္ခဲ့တယ္။ ခင္းက်င္းျပသထားတာအေတာ္ေလးအတုယူဖို႔ေကာင္းပါတယ္။
Textile ပက္သက္တဲ့ ျပခန္းမွာဆိုရင္ ျပဴတင္းေပါက္နား သြားလိုက္တာနဲ႔ ယကၠန္းခတ္သံ ၾကားရေအာင္ လုပ္ေပးထားတယ္။ ႐ုပ္ေသး႐ုပ္ျပခန္းဆိုရင္ ႐ုပ္ေသး႐ုပ္ကတဲ့အခါ ႐ုပ္ေသး႐ုပ္ကေလးေတြ ရဲ႕ေျခေထာက္နဲ႔ ၾကမ္းျပင္ထိသံေလးေတြ ၾကားရေအာင္လုပ္ေပးထားတယ္။
ျပထားတဲ့႐ုပ္ေသး႐ုပ္ေတြက တကယ့္ကို အေဟာင္းေတြျဖစ္တဲ့အျပင္ ႐ုပ္ေသး႐ုပ္ ၂၈ ႐ုပ္စလုံး စုံေအာင္ျပထားႏိူင္တာ အံဩစရာပါ။ ထူးျခားတဲ့ပန္းပု႐ုပ္ထု ၃ ခုကေတာ့ အံဩစရာပါ။
အ႐ုပ္က ႀကီးၿပီးမွန္ခံေနေတာ့ ဖုန္းနဲ႔ဓါတ္ပုံ႐ိုက္ရ အဆင္မေျပလို ကင္မရာနဲ႔ပိုင္းၿပီး႐ိုက္ထားတာပါတယ္။ ကြၽန္ေတာ့အထင္မမွားဘူးဆိုရင္ ပုဂံေခတ္ေႏွာင္ပိုင္းလက္ရာေတြ ျဖစ္ဖို႔မ်ားတယ္။ အံဩစရာေကာင္းတာက German မိဘေတြက
သူတို႔ကေလးေတြေခၚလာၿပီး ကြၽန္ေတာ္တို႔ ယဥ္ေက်းမႈအေၾကာင္းကို သူတို႔ကေလးေတြကို ေလ့လာေစတာပါ။ ကြၽန္ေတာ္တို႔ဆီက မိဘေတြက ကိုယ္တိုင္းလည္း ကိုယ္ယဥ္ေက်းမႈ႕အေၾကာင္းမသိ၊ ကေလးေတြကိုလည္း ေလ့လာဖို႔ မသြန္သင္။
တျခားလူမ်ိဴးေတြရဲ႕ ယဥ္ေက်းမႈကို သိဖို႔ဆိုတာ ေဝလာေဝးပါ။ အဲဒီေတာ့ generation by generation က ႏိုမ့္က်ေနအုံးမွာပါဟု ေျပာၾကားထားပါတယ္။ အဲ့ဒါေၾကာင့္လူႀကီးမိဘမ်ားအေနနဲ႔ကိုယ့္သား သမီးေတြကို အသိညာဏ္ ဗဟုသုတမ်ားမ်ားရေအာင္လုပ္ေပးသင့္ေၾကာင္းတိုက္တြန္းအပ္ပါသည္။ ခရက္ဒစ္
Unicode
တိုင်းတစ်ပါးက ပြတိုက်မှာ မြန်မာတို့ရဲ့ယဉ်ကျေးမှုနဲ့ စေတီပုထိုးဘုရားများကို တန်ဖိုးထား ခင်းကျင်းထားပုံ idea
ဂျာမနီနိုင်ငံမှာရှိတဲ့ပြတိုက်တစ်ခုတွင်မြန်မာတို့ရဲ့ယဉ်ကျေးမှုနဲ့စေတီပုထိုးများကိုတန်ဖိုးထားဖော်ပြထားပါတယ်။ခင်းကျင်းပြသထားတာအတော်လေးအတုယူဖို့ကောင်းပါတယ်။ ထိုအကြောင်းကို ဆရာဦးသက် ဆွေကယခုကဲ့သို့ပြောကြားထားပါတယ်။
ဒီနေ့ Munich ရောက်တော့ Museum Funf Kontinente မှာပြနေတဲ့ Myanmar of Pagodas, Longyis and Nat Sprits ကိုသွားကြည့်ဖြစ်ခဲ့တယ်။ ခင်းကျင်းပြသထားတာအတော်လေးအတုယူဖို့ကောင်းပါတယ်။
Textile ပက်သက်တဲ့ ပြခန်းမှာဆိုရင် ပြူတင်းပေါက်နား သွားလိုက်တာနဲ့ ယက္ကန်းခတ်သံ ကြားရအောင် လုပ်ပေးထားတယ်။ ရုပ်သေးရုပ်ပြခန်းဆိုရင် ရုပ်သေးရုပ်ကတဲ့အခါ ရုပ်သေးရုပ်ကလေးတွေ ရဲ့ခြေထောက်နဲ့ ကြမ်းပြင်ထိသံလေးတွေ ကြားရအောင်လုပ်ပေးထားတယ်။
ပြထားတဲ့ရုပ်သေးရုပ်တွေက တကယ့်ကို အဟောင်းတွေဖြစ်တဲ့အပြင် ရုပ်သေးရုပ် ၂၈ ရုပ်စလုံး စုံအောင်ပြထားနိူင်တာ အံဩစရာပါ။ ထူးခြားတဲ့ပန်းပုရုပ်ထု ၃ ခုကတော့ အံဩစရာပါ။
အရုပ်က ကြီးပြီးမှန်ခံနေတော့ ဖုန်းနဲ့ဓါတ်ပုံရိုက်ရ အဆင်မပြေလို ကင်မရာနဲ့ပိုင်းပြီးရိုက်ထားတာပါတယ်။ ကျွန်တော့အထင်မမှားဘူးဆိုရင် ပုဂံခေတ်နှောင်ပိုင်းလက်ရာတွေ ဖြစ်ဖို့များတယ်။ အံဩစရာကောင်းတာက German မိဘတွေက
သူတို့ကလေးတွေခေါ်လာပြီး ကျွန်တော်တို့ ယဉ်ကျေးမှုအကြောင်းကို သူတို့ကလေးတွေကို လေ့လာစေတာပါ။ ကျွန်တော်တို့ဆီက မိဘတွေက ကိုယ်တိုင်းလည်း ကိုယ်ယဉ်ကျေးမှု့အကြောင်းမသိ၊ ကလေးတွေကိုလည်း လေ့လာဖို့ မသွန်သင်။
တခြားလူမျိူးတွေရဲ့ ယဉ်ကျေးမှုကို သိဖို့ဆိုတာ ဝေလာဝေးပါ။ အဲဒီတော့ generation by generation က နိုမ့်ကျနေအုံးမှာပါဟု ပြောကြားထားပါတယ်။ အဲ့ဒါကြောင့်လူကြီးမိဘများအနေနဲ့ကိုယ့်သား သမီးတွေကို အသိညာဏ် ဗဟုသုတများများရအောင်လုပ်ပေးသင့်ကြောင်းတိုက်တွန်းအပ်ပါသည်။ ခရက်ဒစ်