Knowledge
Unicode
ယောကျာ်းတွေကို စိတ်နာလို့ ဒီနေရာကို အတွဲတွေလာရင် ပြတ်စေဆိုတဲ့ နေရာလေးတစ်ခု ဝင်ဖတ်ကြည့်လိုက်
မိန်းမရဲတောင် ရဲ့အလှအပကို စိတ်ဝင်စားလို့သွားကြ ဘုရားဖူးကြ Facebook မှာ ပုံတွေခဏခဏတွေ့ နေရပေမယ့်အဲဒီတောင်ရဲ့ သမိုင်းကို သေချာရေရာအောင်သိတဲ့သူက ခပ်ရှားရှားကျနော်စပ်စု စုံစမ်း မေးမြန်းထားသလောက်က ဒီလိုဗျို့
နာမည်က နန်းဧကရီမွှေး ဘုရင့် သမီးတော်တစ်ပါးပေါ့ အချစ်ဆိုတာက ဆန်းကျယ်တယ်လေ သူချစ်မိတာကကျေးတောသားကုမ္မာရ တဲ့ သူတို့ နှစ်ဦးချစ်ကြည်နူးနေတာကိုဘုရင့် ရွေနားတော်ပေါက်ကြား အမျက်ပွားစေခဲ့တာမဟုတ်လား
အမဲရိုးက ဟင်းအိုးကိုမှအားမနာ ကျေးတောသား ကုမ္မာရလူငနွားကို သတ်စေတဲ့ တစ်ချက်လွှတ် အမိန့်.ဒီသတင်းနန်းဧကရီမွှေးကြားတော့ ရင်ဝကို ဆယ်ပေါင်တူနဲ့ အထုခံရသလို ထင်ပါရဲ့ချစ်သူမောင်ကို စိတ်ပူ နန်းတော်ကခိုးထွက် အချစ်အတွက် ခြေလှမ်းသွက်ခဲ့တယ် ဆိုပါတော့.
ကုမ္မာရကျေးတောသား ကိုလက်ဆွဲဘုရင်ကြီးနဲ့ ဝေးရာ ထွက်ပြေးရှာတယ်လေအခု မိန်းမရဲတောင်ရဲ အရှေ့ ဘက်ရွာအခွန်တွေကို ကောက်တဲ့ကင်းတောင်ဆိုတဲ့ နေ ရာအဖြတ်ဒီနေရာက ဖြတ်သန်းဖို့ အဖိုးခ ငွေတွေ တောင်းတော့ ပေးစရာငွေက နတ္ထိကုမ္မာရကျေးတော့ သားလေး သွေးပျက်ပြီထင်ပါရဲ့
အချစ်ဆိုတာကိုယုံပြီး နန်းတော်ကထွက်ပြေး ဘုရင့်တပ်မတော်နဲ့ ဝေးရာကို ပြေးခဲ့တဲ့ဘုရင့်သမီးတော် မျက်နှာကိုမှမထောက် ကင်းခွန်တော် မဆောင်နိုင်လို့ ရာဇဝတ်ဘေးကြောက်ပြီး မင်းသမီးကို ချန်ထား သူ့ရွာလေးကို ပြန်သွားခဲ့တယ်လေ ဘုရင့်သမီးတော် နန်းဧကရိမွှေး အတွက်
အားကိုးစရာ မရှိ ဘုရင့်အမျက်တော် ထိမှာကိုသိပြီး မြင့်မားတဲ့ တောင်ကိုကုတ်တက် တောင်ရဲ့ အနောက်ဘက် ပေ၆၀ခန့်နက်တဲ့ ရေဝဲကြီးထဲ စိတ်ကိုဒုန်းဒုန်းချ အချစ်ကို စိတ်နာ ခုန်ချလေရှာရဲ့အချစ်ကို ဦးစားပေး ငါကမောင်တော်ကို ရွေးခဲ့တာ တောင်
ငါ့အချစ်ကို မထောက် ကင်းခွန်ကြောက်လို့ သစ္စာဖောက်ရက်တယ်တဲ့အစိမ်းသေလို့ မကျွတ်တဲ့ဘဝ အချစ်ကိုစိတ်နာ သူပေးတဲ့ကျိန်စာက ဒီနေရာကို အတွဲလာ ကွဲစေတဲ့ဗျာ.အဲဒီတောင်ကို အရင်ကမိန်းမဝဲ တောင်လို့ ခေါ်ဝေါ်ရာကနေ ကာလရွေးလျှား မိန်းမရဲတောင်အဖြစ်ထင်ရှားခဲ့တာလေ
ထူးဆန်းတာကရှိသေးတယ် ယောက်ကော် ဘရသေ့ကြီးပေါ့ သူ့အိပ်မက်ပေးတဲ့ နန်းဧကရီမွှေးဆိုတဲ့ ရှမ်းမင်းသမီးလေက မိန်းမရဲတောင် ဆိုတာကို မြန်ပြည်တစ်လွှားမှာရှာ သာသနာပြုပေးပါတဲ့ယောက်ကော်ဘရသေ့ကြီးလည်း အိပ်မက်အရ တောင်တော်ကို လိုက်ရှာရင် တောင်တော်ရဲ့ အေ
ကားကသူ့အလိုလို စက်ရပ်လို့ ကားပျက်သွား ခဲ့တယ်ဆိုပဲ ကားဆရာက ကြိုးစားပြုပြင်ပေမဲ့မရ ညနေညိုစောင်း ကားလမ်း ဘေးချုံတောထဲမှ အစိမ်းရောင်ဝတ် ရှမ်းမလေး တစ်ယောက်ထွက်လာတယ်ဘရသေ့ ရှာနတေဲ့ မိနျးမရဲတောငျ ဆိုတာ ဟောအခုမွငျနရေတဲ့ မွင့ျမားတဲ့ေ တာငျပေါျဒဲ့ စကားပွောပွီး ခြုံတောထဲပွနျဝငျ ပြောကျကှယျ သှားလရေဲ့.
ဆန်းကျယ်လှပါဘိ.ဒီစာကိုရေးနေရင်းတောင် ကျနော် ကြက်သီးမွှေးတွေတစ်ဖြန်းဖြန်းထ ကြောက်စိတ်တွေ ဝင်နေမိတယ်ဆိုတာ.အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်‌နော်။
Credit:SaiNaungတောင်တန်းမြေမှမီးအိမ်ရှင်