Knowledge

အတုေတြမ်ားလာတဲ့ေခတ္မွာ ေမတၱာတရားအစစ္ေတြလဲ ႐ွားခဲ့တယ္

အတုေတြမ်ားလာတဲ့ေခတ္မွာ ေမတၱာတရားအစစ္ေတြလဲ ႐ွားခဲ့တယ္

အတုေတြမ်ား လာတဲ့ေခတ္မွာ ေမတၱာတရား အစစ္ေတြလဲ ရွားခဲ့တယ္ သစၥာတရားေတြဆို ဘယ္နားမွန္းမသိေတာ့ဘူး အခ်စ္စစ္ ဆိုတာလဲ မသိသေလာက္ နီးပါးပါပဲ

ေခတ္နဲ႔ အညီ ဆိုတဲ့ စကားလုံးေတြ ေအာက္မွာ တိုးတက္လာတဲ့ ေခတ္ေရစီးေၾကာင္းေတြေနာက္မွာ တေျဖးေျဖး လုံးပါးပါး လာခဲ့တာပါ

ခ်စ္တယ္လို႔ ေျပာတဲ့အခါ . . . ရင္ခုန္ဖို႔ထက္ ဟုတ္မွ ဟုတ္ရဲ႕လား ဆိုတဲ့ ေမးခြန္းေတြတစ္သီႀကီး ေခါင္းထဲေပၚလာ ခဲ့တယ္ . . . ဆက္ၿပီးမေတြးျဖစ္ေတာ့ဘူး အရမ္းႀကီး မခံစားျဖစ္ေတာ့ဘူး ။

ေမတၱာဆိုတာ ျဖဴစင္တဲ့ သေဘာပါ ။ ေအးခ်မ္းျခင္းကို ေဆာင္တယ္ ၿပီးေတာ့ အတုအေယာင္ေတြသာ ေပါတယ္ ပူေလာင္ ရတယ္ ငိုေႂကြး ရတယ္ ဆိုရင္ အဲ့တာ ေမတၱာ မဟုတ္ေတာ့ဘူး အတၱေတြေရာထားတဲ့ ၀ဋ္ေႂကြး သာသာပါ ။

ေမတၱာအစစ္အမွန္ေတြ ေပးတတ္တဲ့ လူေတြက်ျပန္ေတာ့ လဲ တန္ဖိုးမထားတတ္တဲ့ လူေတြလက္ထဲမွာ အေရာင္ေတြ မွိန္ပစ္လိုက္ ရတာ မ်ိဳးေလ ။

ေမတၱာကို ေမတၱာမွန္း နားလည္သေဘာ မေပါက္ၾကေတာ့ဘူး အႏိုင္ယူမယ္ ေလွာင္ရယ္မယ္ ခ်နင္းမယ္ ကိုယ့္အတြက္ ကိုယ္ပဲ ၾကည့္တတ္ ၾကေတာ့တာ ေနေရာင္ဟာ ေက်ာက္ေဆာင္ကိုထိုးလို႔ အလင္းျပန္လာ႐ိုး ထုံးစံမရွိသလို ေမတၱာကလဲ နားမလည္သူ တန္ဖိုးမထားတဲ့သူကို ေပးလို႔ ျပန္လာ႐ိုး ထုံးစံ မရွိပါဘူး ။

လူေတြက အေပၚယံေတြကို ပိုၿပီး ခုံမင္တတ္ ၾကတယ္ေလ ။ အေျပာခ်ိဳခ်ိဳေလးေတြ အၿပဳံးခ်ိဳခ်ိဳေလးေတြ နဲ႔ အေျပာေကာင္းမွ ေစတနာ ထားတယ္လို႔ ထင္တတ္ ၾကတာမ်ိဳးေလ

တကယ့္ေစတနာ စကားေတြက် နားခါးတယ္ဆိုတဲ့ ပုံစံမ်ိဳးနဲ႔ အတုအေယာင္ေတြ မွာသာ ပိုၿပီး သာယာတတ္ ၾကတာေလ မုသားေလး နဲနဲေရာထားတဲ့ စကားမွ အမွန္တရားလို႔ ယုံၾကည္တတ္ၾကတာ

တကယ့္အမွန္တရား ဆိုတာ က်ေတာ့ လက္ခံခ်င္ ၾကတာ မဟုတ္ဘူး မွန္တာမ်ားလြန္းရင္ မေကာင္းေတာင္ အထင္ခံ ရတတ္ေသးတာ ဒါလဲ ထုံးစံပါပဲ ေျဖာင့္လြန္းတဲ့အပင္က အရင္ဆုံးအခုတ္ခံရတာ သဘာ၀ပဲေလ

ကိုယ့္အနားကလူေတြကိုလဲ တစ္ထစ္ခ် ယုံၾကည္ဖို႔ ခက္ခဲလာတယ္ ပုခုံးဖက္ေပါင္းေနတိုင္း မိတ္ေဆြေကာင္းလို႔ သတ္မွတ္ထားလို႔ မရေတာ့ဘူးေလ ေနာက္ေက်ာကို ဓားထိုးတတ္တဲ့လက္ေတြက အဲ့ဒီလက္ေတြပဲ ျဖစ္ေနတတ္လြန္းလို႔ အတုေတြေပါတဲ့ ေခတ္ပါ ။

ေမတၱာစစ္စစ္ေတြ အခ်စ္စစ္စစ္ေတြ အားလုံး အတၱေတြ ေရာေနပါၿပီ ဘယ္အရာကိုမွ မ်က္စိစုံမွိတ္ၿပီး ယုံၾကည္လို႔ မရေတာ့ဘူး ။ၿပီးေတာ့ အစစ္ေတြ ေပးေနလို႔လဲ ျပန္ရလိမ့္မယ္လို႔ တရားေသတြက္ထြက္လို႔ မရဘူး

ကိုယ္ေပးတဲ့ ေမတၱာေတြက စစ္မွန္ပါလ်က္နဲ႔ ကိုယ္ထားတဲ့ ေစတနာေတြက ျဖဴစင္ေနလ်က္နဲ႔ ျပန္ၿပီး ေရာင္ျပန္မဟပ္တာ ကိုယ့္ေပးတဲ့သူ မွားေနလို႔ဆိုတာ သတိျပဳပါ တန္ဖိုးဘယ္ေလာက္ရွိရွိပါ တန္ဖိုးကို သိမွတန္ဖိုးကို နားလည္တတ္တာမ်ိဳးေလ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္

Unicode

အတုတွေများလာတဲ့ခေတ်မှာ မေတ္တာတရားအစစ်တွေလဲ ရှားခဲ့တယ်

အတုတွေများ လာတဲ့ခေတ်မှာ မေတ္တာတရား အစစ်တွေလဲ ရှားခဲ့တယ် သစ္စာတရားတွေဆို ဘယ်နားမှန်းမသိတော့ဘူး အချစ်စစ် ဆိုတာလဲ မသိသလောက် နီးပါးပါပဲ

ခေတ်နဲ့ အညီ ဆိုတဲ့ စကားလုံးတွေ အောက်မှာ တိုးတက်လာတဲ့ ခေတ်ရေစီးကြောင်းတွေနောက်မှာ တဖြေးဖြေး လုံးပါးပါး လာခဲ့တာပါ

ချစ်တယ်လို့ ပြောတဲ့အခါ . . . ရင်ခုန်ဖို့ထက် ဟုတ်မှ ဟုတ်ရဲ့လား ဆိုတဲ့ မေးခွန်းတွေတစ်သီကြီး ခေါင်းထဲပေါ်လာ ခဲ့တယ် . . . ဆက်ပြီးမတွေးဖြစ်တော့ဘူး အရမ်းကြီး မခံစားဖြစ်တော့ဘူး ။

မေတ္တာဆိုတာ ဖြူစင်တဲ့ သဘောပါ ။ အေးချမ်းခြင်းကို ဆောင်တယ် ပြီးတော့ အတုအယောင်တွေသာ ပေါတယ် ပူလောင် ရတယ် ငိုကြွေး ရတယ် ဆိုရင် အဲ့တာ မေတ္တာ မဟုတ်တော့ဘူး အတ္တတွေရောထားတဲ့ ဝဋ်ကြွေး သာသာပါ ။

မေတ္တာအစစ်အမှန်တွေ ပေးတတ်တဲ့ လူတွေကျပြန်တော့ လဲ တန်ဖိုးမထားတတ်တဲ့ လူတွေလက်ထဲမှာ အရောင်တွေ မှိန်ပစ်လိုက် ရတာ မျိုးလေ ။

မေတ္တာကို မေတ္တာမှန်း နားလည်သဘော မပေါက်ကြတော့ဘူး အနိုင်ယူမယ် လှောင်ရယ်မယ် ချနင်းမယ် ကိုယ့်အတွက် ကိုယ်ပဲ ကြည့်တတ် ကြတော့တာ နေရောင်ဟာ ကျောက်ဆောင်ကိုထိုးလို့ အလင်းပြန်လာရိုး ထုံးစံမရှိသလို မေတ္တာကလဲ နားမလည်သူ တန်ဖိုးမထားတဲ့သူကို ပေးလို့ ပြန်လာရိုး ထုံးစံ မရှိပါဘူး ။

လူတွေက အပေါ်ယံတွေကို ပိုပြီး ခုံမင်တတ် ကြတယ်လေ ။ အပြောချိုချိုလေးတွေ အပြုံးချိုချိုလေးတွေ နဲ့ အပြောကောင်းမှ စေတနာ ထားတယ်လို့ ထင်တတ် ကြတာမျိုးလေ

တကယ့်စေတနာ စကားတွေကျ နားခါးတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အတုအယောင်တွေ မှာသာ ပိုပြီး သာယာတတ် ကြတာလေ မုသားလေး နဲနဲရောထားတဲ့ စကားမှ အမှန်တရားလို့ ယုံကြည်တတ်ကြတာ

တကယ့်အမှန်တရား ဆိုတာ ကျတော့ လက်ခံချင် ကြတာ မဟုတ်ဘူး မှန်တာများလွန်းရင် မကောင်းတောင် အထင်ခံ ရတတ်သေးတာ ဒါလဲ ထုံးစံပါပဲ ဖြောင့်လွန်းတဲ့အပင်က အရင်ဆုံးအခုတ်ခံရတာ သဘာဝပဲလေ

ကိုယ့်အနားကလူတွေကိုလဲ တစ်ထစ်ချ ယုံကြည်ဖို့ ခက်ခဲလာတယ် ပုခုံးဖက်ပေါင်းနေတိုင်း မိတ်ဆွေကောင်းလို့ သတ်မှတ်ထားလို့ မရတော့ဘူးလေ နောက်ကျောကို ဓားထိုးတတ်တဲ့လက်တွေက အဲ့ဒီလက်တွေပဲ ဖြစ်နေတတ်လွန်းလို့ အတုတွေပေါတဲ့ ခေတ်ပါ ။

မေတ္တာစစ်စစ်တွေ အချစ်စစ်စစ်တွေ အားလုံး အတ္တတွေ ရောနေပါပြီ ဘယ်အရာကိုမှ မျက်စိစုံမှိတ်ပြီး ယုံကြည်လို့ မရတော့ဘူး ။ပြီးတော့ အစစ်တွေ ပေးနေလို့လဲ ပြန်ရလိမ့်မယ်လို့ တရားသေတွက်ထွက်လို့ မရဘူး

ကိုယ်ပေးတဲ့ မေတ္တာတွေက စစ်မှန်ပါလျက်နဲ့ ကိုယ်ထားတဲ့ စေတနာတွေက ဖြူစင်နေလျက်နဲ့ ပြန်ပြီး ရောင်ပြန်မဟပ်တာ ကိုယ့်ပေးတဲ့သူ မှားနေလို့ဆိုတာ သတိပြုပါ တန်ဖိုးဘယ်လောက်ရှိရှိပါ တန်ဖိုးကို သိမှတန်ဖိုးကို နားလည်တတ်တာမျိုးလေ ။

မိန်းမသားတို့အတွက်

သျှင်ယွန်