Knowledge










Credit

Unicode

မနာလိုစိတ်ဆိုတာ သိပ်ကြောက်ဖို့ကောင်းတယ်

မနာလိုစိတ် ရှိတဲ့ သူနဲ့ မရှိတဲ့သူ ဆိုတာ မျက်နှာမှာတင် အရမ်းကွာ တယ် လှတာ မလှတာထက် အေးချမ်းတာနဲ့ ပူလောင်တာ မှာ သိသာ လွန်းတယ်

ဘယ်လိုပဲ ဟန်ဆောင်နေပေမဲ့ ခံစားချက် အစစ်အမှန် ကိုတော့ ဖုံးကွယ်လို့မရပါဘူး အထူးသဖြင့် မျက်နှာမှာပေါ့ မျက်နှာလေးက ဘယ်လောက်ပဲ လှနေပါစေ မကောင်းတဲ့ စိတ်တွေဝင် လာရင် အကြည်ဓာတ် တွေ ပျောက်ဆုံးပြီး ရုပ်ဆိုး သွားတတ်တယ်

မနာလိုစိတ် ဆိုတာ ကောင်းတဲ့ အရာ တစ်ခု မဟုတ်လို့ မမွေးမြူတာ အကောင်းဆုံးပါပဲ ကိုယ့်ထက်သာတဲ့ တော်တဲ့သူ တွေ့တဲ့ အခါ ချီးကျူး သင့်ရင် တော်တယ်လို့ ရဲရဲ ချီးကျူးလိုက်ပါ

အားကျသင့်ရင် ပွင့်ပွင့်လင်းလင်း အားကျလိုက်ပစ် လိုက်ပါ စိတ်ထဲမှာ ကြိတ်ခံစားပြီး ကိုယ့်ကိုကိုယ် ပူလောင် မခံပါနဲ့ သူလည်း သူ့ဘဝနဲ့ သူ ကိုယ်လည်း ကိုယ့်ဘဝနဲ့ကိုယ်ပါ

သူက ကိုယ့်ထက် သာနေလို့ သူ့လိုဖြစ်ချင်ရင် သူ့လို လိုက် ကြိုးစားပါ သူ့လိုဖြစ်အောင် လုပ်ပါ ကိုယ်လည်း ဖြစ်လာနိုင် ပါတယ်

ကိုယ်ပိုင်ဆိုင် ထားတဲ့ ဘဝလေးကို အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တယ်ဆိုရင် ကိုယ့်မှာ မကောင်းတဲ့ စိတ်ဓာတ်တွေ အရည်အသွေးတွေ မရှိနေမှ ဖြစ်မှာပါ အများကြီး မဟုတ်ရင်တောင် ပြည့်ဝတဲ့ စိတ်ဓာတ်လေးတော့ ရှိအောင် ကြိုးစားပါ

ကိုယ့်ထက် သာရင် မနာလိုတယ် ဆိုတဲ့ အရာကြီးက စိတ်ကိုတင်မကပဲ လူကိုပါ ရုပ်ဆိုးစေတာမို့ မထားတာ အကောင်းဆုံးပါပဲ ကိုယ့်စိတ်နဲ့ကိုယ် ပူလောင် မခံပါနဲ့ ရုပ်ဆိုးမခံပါနဲ့ လှအောင် ပဲနေပါ စိတ်ထားလှရင် လူကလည်း သူ့အလိုလို လှလာ ပါလိမ့် မယ်

Credit