Knowledge

အခုေခတ္လူငယ္ေတြမသိေတာ့တဲ့ ဘုရားထဲမွာ ဌာပနာထည့္သြင္းျခင္းရည္႐ြယ္ခ်က္

အခုေခတ္လူငယ္ေတြမသိေတာ့တဲ့ ဘုရားထဲမွာ ဌာပနာထည့္သြင္းျခင္းရည္႐ြယ္ခ်က္

ဘုရားထဲမွာ ဌာပနာထည့္သြင္းျခင္းရည္႐ြယ္ခ်က္

ဘုရားထဲမွာ တန္ဖိုးရွိတဲ့ အရာေတြ ဘာလို ႔ထည့္သြင္း ထားတာ တုန္း၊တခ်ိဳ ့လည္းပဲ စဥ္းစားခ်င္မွ စဥ္းစားမွာ၊ ဘုရားထဲမွာ ဌာပနာတယ္၊ ဌာပနာဆိုတာ ထည့္သြင္းတာ၊ ထည့္သြင္းျခင္း တည္ထားျခင္း လို႔အဓိပၸါယ္ရတယ္၊

အဲဒီေတာ့ ရတနာေတြ ဘာကိစၥ ဘုရားထဲမွာ ထည့္ၾကတာ တုန္း၊ႏိုင္ငံျခားသားေတြ အျမင္နဲ႔ၾကည့္ရင္ေတာ့ ဒါဟာ အက်ိဳး မရွိဘူးေျပာမွာေပါ့ေနာ္၊ ဒါေတြ ထည့္လိုက္လို႔ဘာ အက်ိဳးရွိ မွာတုန္း၊ ဘုရား႐ုပ္ပြားဆင္းတုေတာ္ထည့္ တာေတာ့ ထားပါေတာ့၊

ရတနာေတြထည့္တယ္၊ အခုေခတ္လည္း ထည့္တာပဲ၊ ၾကည္ညိဳတဲ့ ပုဂၢိဳလ္ေတြက ကိုယ့္သဒၵါတရားနဲ႔ကိုယ္ ထည့္ၾကတယ္၊ ဘာအတြက္ ထည့္တာလဲ ဆိုေတာ့ ၾကည္ညိဳလို ႔လႉတာပဲ သိတယ္။

သို႔ေသာ္ တကယ့္ အစစ္အမွန္က ရည္႐ြယ္ခ်က္ ရွိတယ္၊ ျမတ္စြာဘုရား ပရိနိဗၺာန္စံတဲ့ အခါ ဘုရားရဲ႕ဓာတ္ေတာ္ေတြကို ရွစ္ျပည္ေထာင္ မင္းေတြကို ခြဲေဝၿပီးေပး လိုက္တယ္၊

ဓာတ္ေတာ္ေတြက ရွစ္ျပည္ေတာင္ေရာက္သြားတယ္၊ ဒီဓာတ္ေတာ္ေတြကို အႏၲရာယ္ ျဖစ္မွာစိုးလို ႔ရွင္မဟာကႆပတို႔က အဇာတသတ္မင္းနဲ႔ တိုင္ပင္ၿပီးေတာ့ ဓာတ္ေတာ္ တိုက္ႀကီး တစ္ခုလုပ္ၿပီးဓာတ္ေတာ္ေတြစု ထည့္ထားတယ္၊

အဲဒီလို စုထည့္ထားၿပီး အင္မတန္တန္ဖိုးရွိတဲ့ ပတၱျမားတစ္လုံးကို အဲဒီထဲမွာ ထည့္ထားၿပီး စာေရးထားတယ္။ “ေနာင္တစ္ခ်ိန္က်ရင္ ဒီဓာတ္ေတာ္ တိုက္ႀကီး ပ်က္စီးလို႔ျပင္ဆင္ဖို ႔အတြက္ ေငြေၾကးမတတ္ႏိုင္ဘူးဆိုရင္ ဒီပတၱျမားတုံးႀကီး ကိုေရာင္းခ်ၿပီးျပင္ ပါတဲ့”။

အဲဒီေတာ့ ရတနာေတြ ထည့္သြင္း ထားခဲ့တယ္ ဆိုတဲ့ အဓိပၸါယ္ဟာ သခၤါရ သေဘာတရားအရ တစ္ေန႔က် ပ်က္မွာပဲ၊ maintenance လိုတယ္ေလ၊ maintenance အတြက္ ထည့္ခဲ့တာ၊

ဒီလိုဆိုလို႔ရွိရင္ေတာ့ ရည္႐ြယ္ခ်က္ေကာင္းတယ္ေပါ့၊ maintenance အတြက္ d e p o s i t လုပ္ထားခဲ့တာ၊ ဒါေတြကို ယူၿပီး ဘုရားျပင္ ရမယ္ေပါ့၊ အဲဒီ ရည္႐ြယ္ခ်က္ပဲ၊ ေနာက္က်ေတာ့ ဒီရည္႐ြယ္ခ်က္ကတျဖည္းျဖည္းေပ်ာက္လာ တဲ့သေဘာပဲ။

ျမန္မာျပည္မွာ ကုသိုလ္ရွင္ေတြ ဆိုင္းဘုတ္ ထိုးေလ့ ရွိၾကတယ္ေလ၊ ဘုရားတံတိုင္း တို႔ဘာတို႔ညာတို႔အကုန္လုံးေပါ့၊ ကုသိုလ္ရွင္ေတြ ဘာလို ႔ထိုးတာတုန္း၊ နာမည္ေၾကျငာ တာလား၊ ရည္႐ြယ္ခ်က္က ဘာလဲ၊ ကိုယ့္ကိုလူ သိေစခ်င္လို ႔ထိုးတာလား၊ မသိလည္း ဘာျဖစ္လဲ၊ လႉတာက လႉတာ ပဲေပါ့။

အဲဒီေတာ့ဆိုင္းဘုတ္ ထိုးျခင္းရဲ႕ရည္႐ြယ္ခ်က္က ဘာလဲ ဆိုရင္ အမွ်ေဝတဲ့ သေဘာ၊ ျမင္တဲ့ ပုဂၢိဳလ္က သာဓုေခၚ ရေအာင္လို႔၊

ဒါ့ေၾကာင့္မို႔့ေရွးတုန္းက မိသားစုေကာင္းမႈ ဆိုတာရဲ႕ေနာက္မွာ “နတ္လူသာဓုေခၚေစေသာ္” ဆိုတာေလးပါတယ္၊ အခုေခတ္ေတာ့ အဲဒီ “နတ္လူသာဓုေခၚေစေသာ္” ဆိုတာေလး ေပ်ာက္သြားၿပီး နာမည္ေၾကျငာတာျဖစ္ သြားတယ္၊

ဒါကေျပာင္းလဲ လာတဲ့ သေဘာေပါ့ေနာ္၊ မူရင္းအဓိပၸါယ္ေပ်ာက္ သြားၿပီးေတာ့ ေျပာင္းလဲလာတဲ့သေဘာဟာ ဒီလိုပဲရွိတယ္ေပ့ါ။ စၿပီးလုပ္တဲ့ အခ်ိန္ ကေတာ့ အဓိပၸါယ္ရွိတယ္၊ အဲဒီအဓိပၸါယ္ ရွိတာေတြဟာ ေနာက္ပိုင္းအဓိပၸါယ္ မသိေတာ့ဘူး။ တစ္မ်ိဳး တစ္မည္ေျပာင္းလဲ သြားတတ္တယ္။

ေဒါက္တာ အရွင္ နႏၵမာလာ ဘိဝံသဆရာေတာ္ ဘုရား ေဟာၾကားေတာ္မူေသာ ပါရာယနေဒသနာမွ

Credit

Unicode

အခုခေတ်လူငယ်တွေမသိတော့တဲ့ ဘုရားထဲမှာ ဌာပနာထည့်သွင်းခြင်းရည်ရွယ်ချက်

ဘုရားထဲမှာ ဌာပနာထည့်သွင်းခြင်းရည်ရွယ်ချက်

ဘုရားထဲမှာ တန်ဖိုးရှိတဲ့ အရာတွေ ဘာလို့ထည့်သွင်း ထားတာ တုန်း၊တချို့လည်းပဲ စဉ်းစားချင်မှ စဉ်းစားမှာ၊ ဘုရားထဲမှာ ဌာပနာတယ်၊ ဌာပနာဆိုတာ ထည့်သွင်းတာ၊ ထည့်သွင်းခြင်း တည်ထားခြင်း လို့အဓိပ္ပါယ်ရတယ်၊

အဲဒီတော့ ရတနာတွေ ဘာကိစ္စ ဘုရားထဲမှာ ထည့်ကြတာ တုန်း၊နိုင်ငံခြားသားတွေ အမြင်နဲ့ကြည့်ရင်တော့ ဒါဟာ အကျိုး မရှိဘူးပြောမှာပေါ့နော်၊ ဒါတွေ ထည့်လိုက်လို့ဘာ အကျိုးရှိ မှာတုန်း၊ ဘုရားရုပ်ပွားဆင်းတုတော်ထည့် တာတော့ ထားပါတော့၊

ရတနာတွေထည့်တယ်၊ အခုခေတ်လည်း ထည့်တာပဲ၊ ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေက ကိုယ့်သဒ္ဒါတရားနဲ့ကိုယ် ထည့်ကြတယ်၊ ဘာအတွက် ထည့်တာလဲ ဆိုတော့ ကြည်ညိုလို့လှူတာပဲ သိတယ်။

သို့သော် တကယ့် အစစ်အမှန်က ရည်ရွယ်ချက် ရှိတယ်၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတဲ့ အခါ ဘုရားရဲ့ဓာတ်တော်တွေကို ရှစ်ပြည်ထောင် မင်းတွေကို ခွဲဝေပြီးပေး လိုက်တယ်၊

ဓာတ်တော်တွေက ရှစ်ပြည်တောင်ရောက်သွားတယ်၊ ဒီဓာတ်တော်တွေကို အန္တရာယ် ဖြစ်မှာစိုးလို့ရှင်မဟာကဿပတို့က အဇာတသတ်မင်းနဲ့ တိုင်ပင်ပြီးတော့ ဓာတ်တော် တိုက်ကြီး တစ်ခုလုပ်ပြီးဓာတ်တော်တွေစု ထည့်ထားတယ်၊

အဲဒီလို စုထည့်ထားပြီး အင်မတန်တန်ဖိုးရှိတဲ့ ပတ္တမြားတစ်လုံးကို အဲဒီထဲမှာ ထည့်ထားပြီး စာရေးထားတယ်။ “နောင်တစ်ချိန်ကျရင် ဒီဓာတ်တော် တိုက်ကြီး ပျက်စီးလို့ပြင်ဆင်ဖို့အတွက် ငွေကြေးမတတ်နိုင်ဘူးဆိုရင် ဒီပတ္တမြားတုံးကြီး ကိုရောင်းချပြီးပြင် ပါတဲ့”။

အဲဒီတော့ ရတနာတွေ ထည့်သွင်း ထားခဲ့တယ် ဆိုတဲ့ အဓိပ္ပါယ်ဟာ သင်္ခါရ သဘောတရားအရ တစ်နေ့ကျ ပျက်မှာပဲ၊ maintenance လိုတယ်လေ၊ maintenance အတွက် ထည့်ခဲ့တာ၊

ဒီလိုဆိုလို့ရှိရင်တော့ ရည်ရွယ်ချက်ကောင်းတယ်ပေါ့၊ maintenance အတွက် d e p o s i t လုပ်ထားခဲ့တာ၊ ဒါတွေကို ယူပြီး ဘုရားပြင် ရမယ်ပေါ့၊ အဲဒီ ရည်ရွယ်ချက်ပဲ၊ နောက်ကျတော့ ဒီရည်ရွယ်ချက်ကတဖြည်းဖြည်းပျောက်လာ တဲ့သဘောပဲ။

မြန်မာပြည်မှာ ကုသိုလ်ရှင်တွေ ဆိုင်းဘုတ် ထိုးလေ့ ရှိကြတယ်လေ၊ ဘုရားတံတိုင်း တို့ဘာတို့ညာတို့အကုန်လုံးပေါ့၊ ကုသိုလ်ရှင်တွေ ဘာလို့ထိုးတာတုန်း၊ နာမည်ကြေငြာ တာလား၊ ရည်ရွယ်ချက်က ဘာလဲ၊ ကိုယ့်ကိုလူ သိစေချင်လို့ထိုးတာလား၊ မသိလည်း ဘာဖြစ်လဲ၊ လှူတာက လှူတာ ပဲပေါ့။

အဲဒီတော့ဆိုင်းဘုတ် ထိုးခြင်းရဲ့ရည်ရွယ်ချက်က ဘာလဲ ဆိုရင် အမျှဝေတဲ့ သဘော၊ မြင်တဲ့ ပုဂ္ဂိုလ်က သာဓုခေါ် ရအောင်လို့၊

ဒါ့ကြောင့်မို့ရှေးတုန်းက မိသားစုကောင်းမှု ဆိုတာရဲ့နောက်မှာ “နတ်လူသာဓုခေါ်စေသော်” ဆိုတာလေးပါတယ်၊ အခုခေတ်တော့ အဲဒီ “နတ်လူသာဓုခေါ်စေသော်” ဆိုတာလေး ပျောက်သွားပြီး နာမည်ကြေငြာတာဖြစ် သွားတယ်၊

ဒါကပြောင်းလဲ လာတဲ့ သဘောပေါ့နော်၊ မူရင်းအဓိပ္ပါယ်ပျောက် သွားပြီးတော့ ပြောင်းလဲလာတဲ့သဘောဟာ ဒီလိုပဲရှိတယ်ပေ့ါ။ စပြီးလုပ်တဲ့ အချိန် ကတော့ အဓိပ္ပါယ်ရှိတယ်၊ အဲဒီအဓိပ္ပါယ် ရှိတာတွေဟာ နောက်ပိုင်းအဓိပ္ပါယ် မသိတော့ဘူး။ တစ်မျိုး တစ်မည်ပြောင်းလဲ သွားတတ်တယ်။

ဒေါက်တာ အရှင် နန္ဒမာလာ ဘိဝံသဆရာတော် ဘုရား ဟောကြားတော်မူသော ပါရာယနဒေသနာမှ

Credit