Knowledge

အသက်ငယ်ငယ်လေးနဲ့ ဓမ္မာစရိယဘွဲ့ရ ဆေးတက္ကသိုလ်ကျောင်းသူ မဝေမွန်ကျော်

အသက်ငယ်ငယ်လေးနဲ့ ဓမ္မာစရိယဘွဲ့ရ ဆေးတက္ကသိုလ်ကျောင်းသူ မဝေမွန်ကျော်။

ဓမ္မာစရိယဘွဲ့ရမဝေမွန်ကျော် အကြောင်းကိုဖော်ပြပေးလိုက်ရပါတယ်။ မဝေမွန်ကျော် သည် လောကုတ္တရာ စာပေကို မလေ့လာခင် ကဆေးတက္ကသိုလ်မှာ ကျောင်းတက်နေခဲ့သည့် ကျောင်းသူလေးဖြစ်သည်။

ထို့နောက် ဆေးတက္ကသိုလ်ကိုမတက်တော့ဘဲလောကုတ္တရာ စာမေးပွဲကို ဝင်ရောက် ဖြေဆိုခဲ့ရာ ဓမ္မာစရိယသုံးကျမ်းအောင်မြင်သဖြင့် ဓမ္မာစရိယ ဘွဲ့ကိုရရှိသွားပြီဖြစ်သည်။

အောင်မြင်ခဲ့သော စာမေးပွဲများ ၁။ အဘိဓမ္မာစာမေးပွဲ (မြန်မာတစ်နိူင်ငံလုံး ပထမ)၂။ အဘိဓမ္မာ(ဂုဏ်ထူး) (မြန်မာတစ်နိူင်ငံလုံး ဒုတိယ)၃။ ဝိသုဒ္ဓိမဂ်စာမေးပွဲ မြန် မာ တစ် နိုင်ငံလုံး ပထမ၄။ပထမငယ်တန်း( ရန်ကုန်တိုင်း ပထမ)၅။ ပထမလတ်တန်း(မြန်မာတစ်နိုင်ငံလုံး ပထမ) ၆။ ပထမကြီးတန်း၇။ ဓမ္မာစရိယတန်း တို့ ဖြစ် သည်။

သူ့ဘဝ သူ့အကြောင်းမဝေမွန်ကျော်သည် ၁၀-တန်းကို ဒဂုံ အ.ထ.က (၁) မှလေးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်၍ဆေးတက္ကသိုလ်ကို တက်ခွင့်ရသူ ဆ ရာ ဝန်လောင်းတစ်ယောက်ဖြစ်သည်။ သို့သော်လည်း ဆေးတက္ကသိုလ်ကို ခဏမျှသာ တက်ရောက်ခဲ့ပြီး ဉာဏ်ပညာကြီးသူတို့၏ ကျက်စားရာဖြစ်သော

အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် သင်တန်းတို့ကို တက်ရောက်ခဲ့သည်။ထို့နောက် ပါဠိ ပထမပြန် စာမေးပွဲ ပထမငယ် ၊ ပထမလတ်၊ပထမကြီးတန်းတို့ကို ဖြေဆိုအောင်မြင် ခဲ့ သည်။ ဆရာများမှာ ရန်ကုန်မြို့ ၊ ပန်းဘဲတန်းမြို့နယ် ၊မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက်မှ ဆရာများဖြစ်သည်။

(၂၀၁၉ )ခုနှစ်တွင် ဓမ္မာစရိယစာမေးပွဲကို အောင်မြင်ခဲ့ပြီး သာသနဓဇဓမ္မာစရိယဘွဲ့ကို ရရှိသွားပြီဖြစ်ပါသည်။ဒါကြောင့် အသက်ငယ်ငယ်လေးနဲ့ သာသနဓဇဓမ္မာ စရိ ယဘွဲ့ကို ရရှိခဲ့တဲ့ မဝေမွန်ကျော်ကို အတုယူအားကျနိုင်ဖို့ ပြန်လည်မျှဝေလိုက်ရပါတယ်နော်။အခုလို အချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာ ယာ ပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit-Original Writer

Unicode

အသကျငယျငယျလေးနဲ့ ဓမ်မာစရိယဘှဲ့ရ ဆေးတက်ကသိုလျကြောငျးသူ မဝမှေနျကြောျ။







Credit-Original Writer