Knowledge













ချမ်းမြေ့

Unicode

ဘဝကို ဦးဏှောက်နဲ့ တည်ဆောက်ပါ

လူတွေရဲ့ပြုမူ ပြောဆိုနေသမျှတိုင်းကိုလိုက်အာရုံစိုက်နေမယ်လိုက်ခံစားနေမယ်ဆိုရင်လောကကြီးမှာ ကိုယ့်တွက်နေစရာ နေရာတောင်ရှိမှာမဟုတ်ဘူး….

လူဆိုတာကထင်သလို မြင်သလိုပြောမှာပဲအဲဒါကို လိုက်ခံစားမနေပါနဲ့မလိုမုန်းထား အမုန်းပွားနေတဲ့သူတွေ အတွက်နဲ့အာရုံအနောက်မခံပါနဲ့….

ဥပေက္ခာပြုထားလိုက်ပါ ကိုယ်လုပ်ရမယ့်အလုပ်ကို ပုံမှန်လုပ်ပါဘယ်သူတွေဘာပြောပြောကိုယ့်ဘဝမှာ ကိုယ်သာဘုရင် ကိုယ်သာပဲ့ကိုင်ရှင်ဖြစ်တယ်….

သင့်ကို အကောင်းမမြင် မကောင်းထင်နေတဲ့သူတွေကသင့်ဘဝတစ်လျှောက်လုံးကိုလိုက်ပြီးဝေဖန်ကဲ့ရဲ့ ရှုပ်ချ အပုတ်ချနိုင်မှာမဟုတ်ပါဘူး…

ကိုယ်လိုချင်တာရဖို့ ကိုယ်ဖြစ်ချင်တာဖြစ်ဖို့ကိုယ့်ဘဝရဲ့ ရည်မှန်းချက်ပန်းတိုင်ကိုအရောက်ကြိုးစားပါ….

လူတွေရဲ့ပါစပ်ကသင့်ကို ဝေဖန်ကဲ့ရဲ့နေတဲ့ စကားတွေကနေကောင်းချီးသြဘာသံ အဖြစ်ပြောင်းလည်းနိုင်အောင်ကြိုးစားပါ…

နိမ့်ကျတဲ့သူကို နှိပ်ချစွာ ကဲ့ရဲ့ရှုပ်ချကာဖြင့်သင့်ကို ထိုးနေတဲ့ လက်ညိုးတွေကိုသြဘာလက်ခုတ်သံအဖြစ် ပြောင်းလည်းနိုင်အောင်ကြိုးစားပါ….

လူတွေရဲ့ ယုံကြည်မှုကိုရဖို့ဟန်အောင်ပြနေစရာ မလိုပါဘူးမှန်ကန်စွာ လုပ်ဆောင်နေဖို့သာလိုတာပါ…..

သင့်ဘဝကို သင်တန်ဖိုးထားရင်ဘဝကို ခံစားချက်နဲ့ မတည်ဆောက်ပါနဲ့ဦးဏှောက်နဲ့ တည်ဆောက်ပါ…

ကြိုးစား ရုန်းကန်နေရတဲ့အချိန်မှာဘဝက ခါးသီးလှပေမယ့်အောင်မြင်လာတဲ့ တစ်ချိန်အနှစ်သာရပြည့်ဝတဲ့ ဘဝရဲ့အရကိုအပြည့်အဝ ခံစားရမှာပါ….

ချမ်းမြေ့