Love

မိန္းမသားတို့ခ်စ္ျခင္း..အမ်ိဳးသားတို့ျမင္ေစခ်င္

သူတို့ကစခ်စ္ဖို့ ၀င္လာၾကတယ္ ကၽြန္မတို့က ဆက္ခ်စ္ဖို့ႀကိဳးစားရတယ္ စခ်စ္ဖို့၀င္လာတုန္းက သူတို့ပင္ပန္းခံရျခင္းထက္ ဆက္ခ်စ္ဖို့ႀကိဳးစားမိတဲ့ ကၽြန္မတို့ကပိုၿပီးပင္ပန္းရတယ္

သူတို့က တံခါးပဲေခါက္တတ္တာ ကၽြန္မတို့ကတံခါးဖြင့္ဖို့ႀကိဳးစားရတဲ့အျပင္ ေနာက္ထပ္ဘယ္သူမွ၀င္မလာေအာင္ တံခါးျပန္ပိတ္ဖို့လည္းႀကိဳးစားရေသးတယ္

သူတို့က အိမ္ထဲေရာက္ေတာ့ အဆင္သင့္ထိုင္ၿပီး ႏွပ္ေနတာ ကိုယ္ေတြက ဧည့္၀တ္ေက်ဖို့ ထပ္ႀကိဳးစားရျပန္ေရာ … …

မႏွစ္သက္လို့ ျပန္သြားခ်င္တဲ့အခါက်ျပန္ေတာ့လည္း
အျပဳံးနဲ႔ႏွုတ္ဆက္ေပးနိုင္ဖို့ ႏွလုံးသားတစ္ခုလုံးကိုလက္ေဆာင္အျဖစ္ (သူလိုရင္အပိုသုံးဖို့ေပါ့) ရက္ရက္ေရာေရာ ျပန္ထည့္ေပးလိုက္ၾကျပန္တာ…

အဲ့ဒီလို အရင္းအႏွီးႀကီးမားတဲ့ အစျပဳခ်င္းကို ကၽြန္မတို့မစခဲ့ၾကသလိုအဆုံးသတ္ကိုလည္း မလိုခ်င္ခဲ့ၾကပါဘူး ….

အလိုလိုေရာက္လာၿပီး ေရွ.မဆက္နိုင္ပဲ ျပန္လွည့္ခ်င္ရင္ အစကတည္းက တံခါးလာမေခါက္ၾကပါနဲ႔ ရွင္တို့ေရ ……

Credit to orginal uploader

Unicode

မိန်းမသားတို့ချစ်ခြင်း..အမျိုးသားတို့မြင်စေချင်

သူတို့ကစချစ်ဖို့ ဝင်လာကြတယ် ကျွန်မတို့က ဆက်ချစ်ဖို့ကြိုးစားရတယ် စချစ်ဖို့ဝင်လာတုန်းက သူတို့ပင်ပန်းခံရခြင်းထက် ဆက်ချစ်ဖို့ကြိုးစားမိတဲ့ ကျွန်မတို့ကပိုပြီးပင်ပန်းရတယ်

သူတို့က တံခါးပဲခေါက်တတ်တာ ကျွန်မတို့ကတံခါးဖွင့်ဖို့ကြိုးစားရတဲ့အပြင် နောက်ထပ်ဘယ်သူမှဝင်မလာအောင် တံခါးပြန်ပိတ်ဖို့လည်းကြိုးစားရသေးတယ်

သူတို့က အိမ်ထဲရောက်တော့ အဆင်သင့်ထိုင်ပြီး နှပ်နေတာ ကိုယ်တွေက ဧည့်ဝတ်ကျေဖို့ ထပ်ကြိုးစားရပြန်ရော … …

မနှစ်သက်လို့ ပြန်သွားချင်တဲ့အခါကျပြန်တော့လည်း
အပြုံးနဲ့နှုတ်ဆက်ပေးနိုင်ဖို့ နှလုံးသားတစ်ခုလုံးကိုလက်ဆောင်အဖြစ် (သူလိုရင်အပိုသုံးဖို့ပေါ့) ရက်ရက်ရောရော ပြန်ထည့်ပေးလိုက်ကြပြန်တာ…

အဲ့ဒီလို အရင်းအနှီးကြီးမားတဲ့ အစပြုချင်းကို ကျွန်မတို့မစခဲ့ကြသလိုအဆုံးသတ်ကိုလည်း မလိုချင်ခဲ့ကြပါဘူး ….

အလိုလိုရောက်လာပြီး ရှေ.မဆက်နိုင်ပဲ ပြန်လှည့်ချင်ရင် အစကတည်းက တံခါးလာမခေါက်ကြပါနဲ့ ရှင်တို့ရေ ……

Credit to orginal uploader