အွန်လိုင်းပေါ်မှာ အလွန်ရေပန်းစား နာမည်ကြီးနေတဲ့ လေ့ကျင့်ခန်းလဲလုပ်စရာမလို ပင်လဲမပင်မပန်းဘဲ ရေကိုအသုံးပြု ဝိတ်ချနည်း သူမရဲ့ကိုယ်တွေ့နည်းလမ်း
လက်ရှိအမျိုးသမီးတော်တော်များများဟာ ခန္ဓာကိုယ်ကို လိုတာထက်ပိုပြီး မဝစေချင်ကြပါဘူး။ တစ်ချို့သော အမျိုးသမီးဆိုရင်
မကိတ်ချင်နေပါစေ၊ ဝိတ်အလွန်းအမင်း တက်မနေရင်ကို အဆင်ပြေတယ်ဆိုပြီး ပြောနေတက်ကြပါတယ်။
တကယ်တော့ အမျိုးသမီးတွေဟာ အစားအစာနဲ့၊ ကိုယ်လက်စထရောပမာဏ ယခင်နဲ့ယခု များစွာပြောင်းလဲသွားပြီဆိုပါက ဝိတ်တက်ဖို့ မြန်စေပါတယ်။ ဒါကို အထူးသတိထားရပါမယ်။
အခုတော့ အမျိုသမီးတစ်ယောက်ရဲ့ ရေကိုအသုံးပြုဝိတ်ချနည်းကို အမျိုးသမီးတော်တော်များများက အလွန်ယုံကြည်နေကြည်နေကြပြီး၊
မူရင်းပို့စ်ကိုပြန်လည်မျှဝေသူပေါင်း သောင်းနဲ့ချီရှိနေတယ်လို့ သိရပါတယ်။ အဆိုပါအမျိုးသမီးရဲ့အမည်မှာ Luchie de Leon ဖြစ်ပြီး၊ သူမရဲ့ ပို့စ်ကို လူပေါင်း (၃၆၄၂၃)ဦးက Share ထားတာကို တွေ့ရပါတယ်။
Leon ရဲ့ ဝိတ်ချနည်းက အလွန်ရိုးရှင်းပါတယ်။ သူမရဲ့ မူရင်းပို့စ်မှာ ” အစားအစာက ဘဝပါဘဲ .. ဒါပေမယ့် ရေက အခရာပို ကျပါတယ် “ဆိုပြီး သူမရဲ့ ယခင်/ယခုဓာတ်ပုံတွေနဲ့
သူမ လက်ရှိအသုံးပြုနေတဲ့ ရေကိုအသုံးပြုဝိတ်ချနည်းကို ပြန်လည်မျှဝေ ရေသားထားပါတယ်။ သူမဟာ အဲဒီပို့စ်ကို ပြီးခဲ့တဲ့ မတ်လ (၁၁)ရက်က တင်ခဲ့တာပါ။ သူမ ရေးသားထားတဲ့ နည်းလမ်းတွေကတော့
အစာမစားမီ ရေကို အနည်းဆုံး(၂)ခွက် သောက်ပါ။ ဆာလောင်တဲ့အခါတိုင်း ရေအဝသောက်ပါ။ ဆယ်မိနစ် ထပ်စောင့်လို့ ပြန်ဆာလာပြီဆိုရင် သင် အမှန်တကယ်ဆာလောင်နေတာဖြစ်ပါတယ်။
ဒါဆို အချိုဓာတ်သိပ်မပါတဲ့ အသီးအနှံကို ဦးစားပေးပြီးစားပါ။ ရေသောက်တဲ့အခါတိုင်း သံပုရာရည် ထည့်သောက်လေ ပိုကောင်းလေပါဘဲ။
တက်နိုင်ရင် ဂျင်းရည်ကလေးပါ ရေထဲမှာ ထည့်သောက်ပေးသင့်ပါတယ်။ တကယ်လည်း ထိရောက်ပါတယ်။ စမ်းကြည့်ကြပါ။
အထက်ပါနည်းလမ်းတွေစာ Leon ရဲ့ အောင်မြင်ခဲ့တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ဘာလေ့ကျင့်ဘခန်းမှ ပင်ပင်ပန်းပန်းမလုပ်ရဘဲ ရေကို သင့် တော်သလို အသုံးချရုံးလေးနဲ့
သက်တောင့်သက် သာ အလွယ်ဝိတ်ကျစေမယ့်နည်းဖြစ်တယ်လို့ Leon က ထောက်ခံခဲ့ပါတယ်။ သူမရဲ့ ယခင်နဲ့ယခု ဓာတ်ပုံတွေကလည်း
အလွန်ခြားနားနေပြီး၊ အခုအခြေအနေက Leon ကို မော်ဒယ်တစ်ယောက်လေလား ထင်မှတ်မှားစေခဲ့ပါတယ်။
Leon ရဲ့ ရေကုထုံးနည်းလမ်းဟာ အများရဲ့ယုံကြည်မှုကို ခံခဲ့ရပြီး၊ အခုဆိုရင် Leon တစ်ယောက် ထင်မှတ်မထားဘဲ အလွန်ကို နာမည် ကြီးနေပြီ ဖြစ်ပါတယ်။
အားလုံးလည်း သိပ်မခက်တဲ့နည်းလမ်းလေးမို့ လိုက်လံလုပ်ဆောင်ကြဖို့ Aunty May က တိုက်တွန်းလိုက်ရပါကြောင်း။ c r d
Unicode