Knowledge

ဘယ္သူေတြက ခ်ီးက်ဴးခဲ့လို႔ ကြၽန္ေတာ္က လိမၼာရမွာလဲ

ဘယ္သူေတြက ခ်ီးက်ဴးခဲ့လို႔ ကြၽန္ေတာ္က လိမၼာရမွာလဲ

ကြၽန္ေတာ္ ဘယ္ေလာက္ ေကာင္းခဲ့ ေကာင္းခဲ့ တစ္ခါေလး မေကာင္းမိတာနဲ႔ အရင္က ေကာင္ခဲ့သမွ် အကုန္ သဲထဲေရသြန္ျဖစ္ကုန္တယ္။ ကြၽန္ေတာ္ ဘယ္ေလာက္ပဲ သည္းခံခဲ့ သည္းခံခဲ့ တစ္ခါေလး မသည္းခံ မိတာနဲ႔ အရင္က သည္းခံခဲ့ သမွ် အားလုံးကို ေမ့သြားၾကတယ္ ။

ကြၽန္ေတာ္ ဘယ္ေလာက္ဘဲ ကူညီခဲ့ ကူညီခဲ့ တစ္ခါေလး မကူညီမိတာနဲ႔ အရင္က ကူညီ ခဲ့သမွ် အရာမဝင္ ေတာ့ဘူး။ ကြၽန္ေတာ္ ဘယ္ေလာက္ပဲ နားလည္ေပးခဲ့ ေပးခဲ့ တစ္ခါေလး နားလည္ မေပးမိတာနဲ႔ အရင္က နားလည္ေပးခဲ့ သမွ် အမွတ္မရ ၾကဘူး။

Yကြၽန္ေတာ္ ဘယ္ေလာက္ဘဲ လိမၼာခဲ့ လိမၼာခဲ့ တစ္ခါေလး ဆိုးမိတာနဲ႔ အရင္က လိမၼာခဲ့ သမွ်ကို သင္ပုန္းေခ်ၿပီး လူဆိုးလို႔ သတ္မွတ္ၾကပါတယ္ ။

ဘယ္သူေတြက ခ်ီးက်ဴး ခဲ့လို႔ ကြၽန္ေတာ္က လိမၼာရမွာလဲ ?

သူတို႔ အကူအညီ ေတာင္းတိုင္း ကူညီခဲ့ပါတယ္။ ဒါေပမယ့္ တစ္ခါေလးဘဲ”ဟင့္အင္း”မကူညီ ႏိုင္ဘူးလို႔ ေျပာလိုက္တဲ့ အခါ မေခၚႏိုင္ မေျပာႏိုင္ေတြ ျဖစ္ကုန္တယ္ ။

သူတို႔ေျပာ တိုင္းဆိုတိုင္း သည္းခံခဲ့ ပါတယ္။ ဒါေပမယ့္ တခါေလာက္ေလး စိတ္ထဲမွာရွိတဲ့အ တိုင္း ေျပာလိုက္ေတာ့မွ ”မင္းဒီေလာက္ေလးမွ သည္းမခံႏိုင္ ဘူးလား ဆိုၿပီးေျပာ လာၾကတယ္”

ဘယ္ေလာက္ဘဲ ေကာင္းေအာင္ေနေန ေကာင္းခဲ့တုန္းက မခ်ီးက်ဴးခဲ့ပဲနဲ႔ တခါမေကာင္းမိ တာနဲ႔ အျပစ္တင္ ကတည္းက ကြၽန္ေတာ္လည္း လူေတြစိတ္ တိုင္းက် လိုက္မေနေပးျဖစ္ေတာ့ဘူး ။

ကိုယ့္ကိုကိုယ္ ေပ်ာ္ေအာင္ ထားတယ္ ကိုယ္စိတ္တိုင္း က်ေနတယ္။ ကိုယ္ျဖစ္ခ်င္တာ လုပ္တယ္ အက္ေတာ့ သူတို ႔စိတ္တိုင္းက် ဘယ္ေလာက္ေန ေပးေနေပး အျပစ္မလြတ္တဲ့ အတူတူ ကိုယ့္စိတ္တိုင္းက်ပဲ ေနပါ ။

ကိုယ္ေကာင္းသလို ေကာင္းတဲ့ သူေတြ ကိုပဲ အခ်ိန္ေပးပါ။ လူတိုင္းကို ကိုယ္လိုမ သတ္မွတ္ ပါနဲ႔။ လူတိုင္းကို တန္းတူ မဆက္ဆံပါနဲ႔၊ မွန္လိုဘဲ ဆက္ဆံပါ။

သူၿပဳံးရင္ ကိုယ္ၿပဳံးျပပါ၊ သူမဲ့ရင္ ကိုယ္မဲ့ျပပါ။ ဘာမွစိတ္ထဲမထားပါနဲ႔။ ေဘးပတ္ဝန္းက်င္ကို ဂ႐ုမစိုက္ပါနဲ႔ ။

ပတ္ဝန္းက်င္ ဆိုတာ ကိုယ္က 100% မွာ 98%ေလာက္ ေကာင္းခဲ့ရင္ေတာင္ ေကာင္းခဲ့တဲ့ 98% ကို မျမင္ဘူး။ မေကာင္းခဲ့တဲ့ 2%ကိုပဲ ျမင္ၾကတာ၊ အဲ႔ေတာ့ ဘယ္သူေတြက ခ်ီးက်ဴးခဲ့လို႔ ကြၽန္ေတာ္က လိမၼာရမွာလဲ …။ ။

Credit

Unicode

ဘယ်သူတွေက ချီးကျူးခဲ့လို့ ကျွန်တော်က လိမ္မာရမှာလဲ

ကျွန်တော် ဘယ်လောက် ကောင်းခဲ့ ကောင်းခဲ့ တစ်ခါလေး မကောင်းမိတာနဲ့ အရင်က ကောင်ခဲ့သမျှ အကုန် သဲထဲရေသွန်ဖြစ်ကုန်တယ်။ ကျွန်တော် ဘယ်လောက်ပဲ သည်းခံခဲ့ သည်းခံခဲ့ တစ်ခါလေး မသည်းခံ မိတာနဲ့ အရင်က သည်းခံခဲ့ သမျှ အားလုံးကို မေ့သွားကြတယ် ။

ကျွန်တော် ဘယ်လောက်ဘဲ ကူညီခဲ့ ကူညီခဲ့ တစ်ခါလေး မကူညီမိတာနဲ့ အရင်က ကူညီ ခဲ့သမျှ အရာမဝင် တော့ဘူး။ ကျွန်တော် ဘယ်လောက်ပဲ နားလည်ပေးခဲ့ ပေးခဲ့ တစ်ခါလေး နားလည် မပေးမိတာနဲ့ အရင်က နားလည်ပေးခဲ့ သမျှ အမှတ်မရ ကြဘူး။

Yကျွန်တော် ဘယ်လောက်ဘဲ လိမ္မာခဲ့ လိမ္မာခဲ့ တစ်ခါလေး ဆိုးမိတာနဲ့ အရင်က လိမ္မာခဲ့ သမျှကို သင်ပုန်းချေပြီး လူဆိုးလို့ သတ်မှတ်ကြပါတယ် ။

ဘယ်သူတွေက ချီးကျူး ခဲ့လို့ ကျွန်တော်က လိမ္မာရမှာလဲ ?

သူတို့ အကူအညီ တောင်းတိုင်း ကူညီခဲ့ပါတယ်။ ဒါပေမယ့် တစ်ခါလေးဘဲ”ဟင့်အင်း”မကူညီ နိုင်ဘူးလို့ ပြောလိုက်တဲ့ အခါ မခေါ်နိုင် မပြောနိုင်တွေ ဖြစ်ကုန်တယ် ။

သူတို့ပြော တိုင်းဆိုတိုင်း သည်းခံခဲ့ ပါတယ်။ ဒါပေမယ့် တခါလောက်လေး စိတ်ထဲမှာရှိတဲ့အ တိုင်း ပြောလိုက်တော့မှ ”မင်းဒီလောက်လေးမှ သည်းမခံနိုင် ဘူးလား ဆိုပြီးပြော လာကြတယ်”

ဘယ်လောက်ဘဲ ကောင်းအောင်နေနေ ကောင်းခဲ့တုန်းက မချီးကျူးခဲ့ပဲနဲ့ တခါမကောင်းမိ တာနဲ့ အပြစ်တင် ကတည်းက ကျွန်တော်လည်း လူတွေစိတ် တိုင်းကျ လိုက်မနေပေးဖြစ်တော့ဘူး ။

ကိုယ့်ကိုကိုယ် ပျော်အောင် ထားတယ် ကိုယ်စိတ်တိုင်း ကျနေတယ်။ ကိုယ်ဖြစ်ချင်တာ လုပ်တယ် အက်တော့ သူတို့စိတ်တိုင်းကျ ဘယ်လောက်နေ ပေးနေပေး အပြစ်မလွတ်တဲ့ အတူတူ ကိုယ့်စိတ်တိုင်းကျပဲ နေပါ ။

ကိုယ်ကောင်းသလို ကောင်းတဲ့ သူတွေ ကိုပဲ အချိန်ပေးပါ။ လူတိုင်းကို ကိုယ်လိုမ သတ်မှတ် ပါနဲ့။ လူတိုင်းကို တန်းတူ မဆက်ဆံပါနဲ့၊ မှန်လိုဘဲ ဆက်ဆံပါ။

သူပြုံးရင် ကိုယ်ပြုံးပြပါ၊ သူမဲ့ရင် ကိုယ်မဲ့ပြပါ။ ဘာမှစိတ်ထဲမထားပါနဲ့။ ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်ပါနဲ့ ။

ပတ်ဝန်းကျင် ဆိုတာ ကိုယ်က 100% မှာ 98%လောက် ကောင်းခဲ့ရင်တောင် ကောင်းခဲ့တဲ့ 98% ကို မမြင်ဘူး။ မကောင်းခဲ့တဲ့ 2%ကိုပဲ မြင်ကြတာ၊ အဲ့တော့ ဘယ်သူတွေက ချီးကျူးခဲ့လို့ ကျွန်တော်က လိမ္မာရမှာလဲ …။ ။

Credit