အေဖ့ကို ခ်စ္တယ္ေျပာဖို႔ မရွက္ပါနဲ႔
အေဖဆိုတာ ၀မ္းနည္းလြယ္ၿပီး မေမြးခဲ့ေပမယ့္ အေမ့ဗိုက္ ထဲမွာ မင္းကို လြယ္ထားရတဲ့အခ်ိန္ကစလို႔ အေတြးထဲမွာ အၿမဲ လြယ္ထားရတဲ့သူပါ ငါ့သားေလးေမြးလာရင္ ငါ့သမီးေလး ေမြးလာရင္ ဆိုတဲ့စိတ္နဲ႔ ေမာရပန္းရေကာင္းမွန္းမသိ ပင္ပန္းရေကာင္ းမွန္းမသိ ေနပူပူမိုး႐ြာ႐ြာ အလုပ္ေတြ လုပ္ၿပီး ပိုက္ဆံေတြ ရွာခဲ့တာ အလုပ္ေတြ ႀကိဳးစားခဲ့တာ အေဖပါ ။
အေမ့ႏို႔ဖိုးကို တစ္သက္ဆပ္လို႔ မကုန္ဘူးတဲ့ အဲ့လိုပါပဲ အေမက်န္းက်န္မာမာနဲ႔ ႏို႔ခ်ိဳတိုက္ေကြၽးႏိုင္ေအာင္ အေဖလဲ ေခြၽးနဲ႔ ရင္းခဲ့တာပါ အေဖ့ေခြၽးဖိုးကိုလဲ ေမ့မထားၾကနဲ႔အေဖဆိုတာ သိပ္ခ်စ္တတ္တဲ့ လူႀကီးတစ္ေယာက္ ကမာၻမွာ အခ်စ္တတ္ဆုံးလူႀကီးတစ္ေယာက္ပါပဲ ။ သားေတြ သမီးေတြ မ်က္ႏွာမေကာင္းတဲ့ အခါ
အေမ့အနားကပ္ၿပီး ငါ့သားဘာျဖစ္ေနလဲ မသိဘူး ေမးၾကည့္ပါဦး ငါ့သမီးအဆင္မေျပဘူးလား မသိဘူး ေမးၾကည့္ပါဦးနဲ႔ အၿမဲ နားပူနာဆာလုပ္တတ္တဲ့လူေလမခ်စ္ျပတတ္ခဲ့တာ ခ်စ္တဲ့အေၾကာင္းေျပာဖို႔ သတိမရခဲ့တာ ထမင္းဗူးျပင္ေပးတဲ့အေမ့ကို ေက်းဇူးတင္တတ္ၾကသလို ဆန္အိုးထဲ ဆန္ရွိေအာင္ ရွာေပးတဲ့ အေဖ့ကိုလဲ ေက်းဇူးတင္ဖို႔ မေမ့နဲ႔
အရမ္းကို စိတ္ပူတတ္ေပမယ့္ ေဒါသေတြပဲ ထြက္ျပတဲ့အခါ နားလည္ေပးပါ အေဖဆိုတာ လူဆိုးႀကီးမဟုတ္ ကြၽန္မကိုဆို အၿမဲ အျပစ္ပဲတင္တယ္ အၿမဲဆူတယ္ဆိုၿပီး စိတ္ထဲမထားနဲ႔ သူ႔ဘ၀မွာ ျဖစ္မလာတဲ့အရာေတြ ပိုၿပီးမ်ားတဲ့ အေဖက ကိုယ့္သားကိုယ့္သမီးအေပၚပိုၿပီး ေမွ်ာ္လင့္ခ်က္ထားတတ္ၾကတယ္
ဆင္းရဲတဲ့ မိဘေတြက ကိုယ့္သားကိုယ့္သမီးေတြကို ခ်မ္းခ်မ္းသာသာေနေစခ်င္တာမ်ိဳး စာမတတ္တဲ့ မိဘေတြက ကိုယ့္သား ကိုယ့္သမီးကို ပညာတတ္ႀကီး ျဖစ္ေစခ်င္တာမ်ိဳး အဲ့လို သူတို႔ဘ၀ေတြနဲ႔ မတူတဲ့ ဘ၀ေတြကို ရေစခ်င္ ေရာက္ေစခ်င္ၾကတာေလ
တစ္ခါတစ္ရံ အေဖ ေဒါသေတြ ထြက္တယ္ဆိုရင္ေတာင္ အဲ့တာ ဂ႐ုဏာေဒါေသာပါ ျဖစ္ေစခ်င္လြန္းတဲ့စိတ္နဲ႔ အားမလို အားမရ ျဖစ္တတ္တာပါကြၽန္မတို႔က အသက္အ႐ြယ္နဲနဲေလးရလာတဲ့အခါ အေဖ့ကို ခ်စ္တယ္ေျပာဖို႔ ေမ့တတ္လာၾကတယ္ ငယ္ငယ္ကလို ကိုယ္လိုခ်င္တာရလာတဲ့အခါတိုင္း အေဖ့ပါးကို နမ္းခဲ့သလိို အသက္ႀကီးလာတဲ့အခါ အေဖ့ပါးကို နမ္းဖို႔ မရွက္ပါနဲ႔။
Credit – သွ်င္ယြန္း
Unicode
အဖေ့ကို ချစ်တယ်ပြောဖို့ မရှက်ပါနဲ့
အဖေဆိုတာ ဝမ်းနည်းလွယ်ပြီး မမွေးခဲ့ပေမယ့် အမေ့ဗိုက် ထဲမှာ မင်းကို လွယ်ထားရတဲ့အချိန်ကစလို့ အတွေးထဲမှာ အမြဲ လွယ်ထားရတဲ့သူပါ ငါ့သားလေးမွေးလာရင် ငါ့သမီးလေး မွေးလာရင် ဆိုတဲ့စိတ်နဲ့ မောရပန်းရကောင်းမှန်းမသိ ပင်ပန်းရကောင် းမှန်းမသိ နေပူပူမိုးရွာရွာ အလုပ်တွေ လုပ်ပြီး ပိုက်ဆံတွေ ရှာခဲ့တာ အလုပ်တွေ ကြိုးစားခဲ့တာ အဖေပါ ။
အမေ့နို့ဖိုးကို တစ်သက်ဆပ်လို့ မကုန်ဘူးတဲ့ အဲ့လိုပါပဲ အမေကျန်းကျန်မာမာနဲ့ နို့ချိုတိုက်ကျွေးနိုင်အောင် အဖေလဲ ချွေးနဲ့ ရင်းခဲ့တာပါ အဖေ့ချွေးဖိုးကိုလဲ မေ့မထားကြနဲ့အဖေဆိုတာ သိပ်ချစ်တတ်တဲ့ လူကြီးတစ်ယောက် ကမ္ဘာမှာ အချစ်တတ်ဆုံးလူကြီးတစ်ယောက်ပါပဲ ။ သားတွေ သမီးတွေ မျက်နှာမကောင်းတဲ့ အခါ
အမေ့အနားကပ်ပြီး ငါ့သားဘာဖြစ်နေလဲ မသိဘူး မေးကြည့်ပါဦး ငါ့သမီးအဆင်မပြေဘူးလား မသိဘူး မေးကြည့်ပါဦးနဲ့ အမြဲ နားပူနာဆာလုပ်တတ်တဲ့လူလေမချစ်ပြတတ်ခဲ့တာ ချစ်တဲ့အကြောင်းပြောဖို့ သတိမရခဲ့တာ ထမင်းဗူးပြင်ပေးတဲ့အမေ့ကို ကျေးဇူးတင်တတ်ကြသလို ဆန်အိုးထဲ ဆန်ရှိအောင် ရှာပေးတဲ့ အဖေ့ကိုလဲ ကျေးဇူးတင်ဖို့ မမေ့နဲ့
အရမ်းကို စိတ်ပူတတ်ပေမယ့် ဒေါသတွေပဲ ထွက်ပြတဲ့အခါ နားလည်ပေးပါ အဖေဆိုတာ လူဆိုးကြီးမဟုတ် ကျွန်မကိုဆို အမြဲ အပြစ်ပဲတင်တယ် အမြဲဆူတယ်ဆိုပြီး စိတ်ထဲမထားနဲ့ သူ့ဘဝမှာ ဖြစ်မလာတဲ့အရာတွေ ပိုပြီးများတဲ့ အဖေက ကိုယ့်သားကိုယ့်သမီးအပေါ်ပိုပြီး မျှော်လင့်ချက်ထားတတ်ကြတယ်
ဆင်းရဲတဲ့ မိဘတွေက ကိုယ့်သားကိုယ့်သမီးတွေကို ချမ်းချမ်းသာသာနေစေချင်တာမျိုး စာမတတ်တဲ့ မိဘတွေက ကိုယ့်သား ကိုယ့်သမီးကို ပညာတတ်ကြီး ဖြစ်စေချင်တာမျိုး အဲ့လို သူတို့ဘဝတွေနဲ့ မတူတဲ့ ဘဝတွေကို ရစေချင် ရောက်စေချင်ကြတာလေ
တစ်ခါတစ်ရံ အဖေ ဒေါသတွေ ထွက်တယ်ဆိုရင်တောင် အဲ့တာ ဂရုဏာဒေါသောပါ ဖြစ်စေချင်လွန်းတဲ့စိတ်နဲ့ အားမလို အားမရ ဖြစ်တတ်တာပါကျွန်မတို့က အသက်အရွယ်နဲနဲလေးရလာတဲ့အခါ အဖေ့ကို ချစ်တယ်ပြောဖို့ မေ့တတ်လာကြတယ် ငယ်ငယ်ကလို ကိုယ်လိုချင်တာရလာတဲ့အခါတိုင်း အဖေ့ပါးကို နမ်းခဲ့သလို အသက်ကြီးလာတဲ့အခါ အဖေ့ပါးကို နမ်းဖို့ မရှက်ပါနဲ့။
Credit – သျှင်ယွန်း