“မိန်းကလေးတိုင်းဖတ်ပါ စကားလက်ဆောင်”
မိန်းကလေးတိုင်း လှလှပပလေး နေပါပေါ့ပါး လွှတ်စွာ ဘဝ ကိုရှင်သန်နိုင်ဖို့ ဗဟုသုတ ရှိမယ့် စာတွေလည်း ဖတ်ရ မယ်ပြီးတော့ ကိုယ့်အားကို ကိုးပြီး အလုပ်လည်း လုပ်ပါ။
မိန်းကလေးဆိုတာ အလှအပလည်း မက်တယ် ခန္ဓာကိုယ် အလှအပကြောင့် ဘဝ မလှတဲ့ အဖြစ်တော့ အမြဲသတိထား စည်းကမ်းရှိရှိ နေထိုင်ပါ။
သန့်ရှင်းမူနဲ့အမြဲတမ်း သပ်ရပ်မူစွာ လှလှလေးနေတတ်ဖို့ မမေ့ပါနဲ့ မိန်းကလေး တစ်ယောက်က သပ်ရပ် သန့်ရှင်းမူတွေ နဲ့လှလှပပနေခြင်းက ကိုယ့်ကိုကိုယ် ယုံကြည်မူ တိုးစေပါတယ်။
မိန်းကလေးဆိုတာ ဒီကမ္ဘာမြေကြီးရဲ့မိခင်ဖြစ်လို့ အတတ်နိုင်ဆုံး ချိန်ပေးပြီး အသိပညာရစေမယ့်ခွန်အား ရှိစေမယ့် စာပေတွေကို ဖတ်ရူလေ့လာ သင့်တယ်။
စာဖတ်တဲ့ မိန်းကလေး တစ်ယောက်ဟာ အမြဲတမ်း တက်တက်ကြွကြွနဲ့ လန်းဆန်းစေတယ်တည်ငြိမ် ရင့်ကျက်မူတွေ ရှိတဲ့ ဘဝကို ပိုင်ဆိုင် ရစေတယ်။
စိတ်နှလုံးသား လှပပြီး သိမ်မွေ့နူးညံ့လာ စေတယ်။ ဘဝရဲ့ လောကဓံ ကိုပြုံးပြုံးလေးနဲ့ ရင် ဆိုင်နိုင်စေ တယ်။
ကိုယ့်ကိုကိုယ် အားနွဲ့တဲ့ မိန်းမသား တစ်လောက်နဲ့ မတူအောင် စိတ်ဓါတ်တွေလည်း ကြံခိုင်သန်မာလာ စေတယ်။
မိန်းကလေးဆိုတာ သနားကြင်နာတတ်တဲ့စိတ်ကိုယ်ချင်းစာနာစိတ်နဲ့ ကူညီတတ်တဲ့ စေတနာခွင့်လွှတ်နားလည်ပေးနိုင်တတ်တဲ့ သဘောထားရိုးသားဖြုစင်တဲ့ နှလုံးသား ပိုင်ရှင်ဖြစ်နေဖို့လည်း
အလွန်အရေးကြီးပါတယ် တခါတလေ ဘဝမှာအားနာတတ်တဲ့ လူနဲ့ ရိုးသားတဲ့လူတွေတွက် လက်ဆောင်အဖြစ် ဆုံးရှူံးမူ တွေရတတ်တယ် အခြေနေအရ ဘာကိုပဲ
စွန့်လွှတ်ရ စွန့်လွှတ်ရပါစေ..ရိုးသားတဲ့ အကျင့်စာရိတ္တရယ်လှပတဲ့ အပြုံးတွေရယ် ကိုယ့်ကိုကိုယ် ယုံကြည်ချက်တွေရယ်ဘယ်တော့မှ မစွန့်လွှတ်ရဘူး..အဲဒီအရာတွေက ဘဝ ကို
လှပစေဖို့ ပံ့ပိုးပေးနေတဲ့ ကိုယ်ရည်ကိုယ်သွေးတွေချည်ပါအနာဂဏ် ဘဝမှာ အလှတရားတွေ ပိုရှိလာစေမှာပါ။
မိန်းကလေးဆိုတာ ဘယ်လောက်ပဲပြည့်စုံချမ်းသာနေပါစေ•
မေတ္တာရေး လူမူရေး ငွေရေး ကြေးရေး ပညာရေး အရပါသူတပါးကို အားကိုးရရင် ကိုးရမယ် ဒါပေမယ့် အကောင်းဆုံးကတော့ သိက္ခာရှိရှိနဲ့နေပြီး ကိုယ့်အားကို အားကိုးခြင်းပါပဲ.👑
မိန်းကလေးဆို ခက်ခဲမူနဲ့ကြုံတိုင်း အတွေးများတယ်အတွေးအခေါ်ကစပြီး ပြုပြင်ပြောင်းလဲနိုင်ရမယ်အလုပ်တစ်ခုခုကို အာရုံစူးစိုက် လုပ်သင့်တယ်။ ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရမယ်လောကကြီးမှာ ခေါင်းမော့ ရင်ကော့ပြီးနေနိုင်ရမယ်ဘဝ ကိုပေါ့ပျက်ပျက်နဲ့ လုံးဝ မနေပါနဲ့ ကိုယ့်ဘဝကို
ပဲ့ကိုင်ထိန်းကျောင်းနိုင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားပြီး နေထိုင်ရမယ်။
ဒါကြောင့် စာပေ ပဟုသုတ နဲ့ အနည်းဆုံးမှာ နေပါ ။ မိန်းကလေးတစ်ယောက်က ဆင်းရဲတဲ့ ဘဝကိုကြောက်တာမဟုတ်ဘူး ပိုက်ဆံတွေက လူ စကားမပြောပေမယ့် လူ တွေကတော့ ပိုက်ဆံစကားတွေပြောပြီး အဆင့်တန်းတွေ ခွဲခြား အထင်သေးတဲ့
အကြည့်တွေနဲ့ နိုပ်တတ်တဲ့ လူ တွေရဲ့ မျက်နှာဆိုးတွေရဲ့ အောက်မှာ မျက်နှာငယ်ပြီး မနေနိုင်လို့ပဲ မိန်းကလေးတစ်ယောက်ရဲ့ အရည်အချင်း💇မိန်းကလေးတစ်ယောက်ရဲ့ ကိုယ့်ကျင့်တရားနဲ့ တန်ဖိုး👧မိန်းကလေးတစ်ယောက်ရဲ့ စည်းကမ်းနဲ့ သိက္ခာ ရှိခြင်း👧မိန်းကလေးတစ်ယောက်ရဲ့ အလှဆုံး အပြုံး ဒါတွေက
တနေ့ကျရင် ပတ္တြပားကြားက အတောက်ပဆုံး စိန်တစ်ပွင့်💎ဖြစ်လာစေရမယ် ငွေရောင်လက်ပတ် နာရီတွေကြားကတောက်ပြောင်နေတဲ့ ရွှေရောင်နာရီလေး ဖြစ်လာစေရမယ်
ရောင်စုံပန်းတွေကြားက အနံအသင်းဆုံး တော်ဝင် သဇင်ပန်းလေး ဖြစ်စေရမယ် လို့ ယုံကြည်မူ အပြည့်ရှိထားပါ👧👑👜ဒီလောက်ဆို လုံလောက်ပါပြီ။
လောကကြီးရဲ့ နတ်သမီးလေးတွေရေ..မိမိတို့ရဲ့ဘဝကို စာဖတ်ခြင်းများဖြင့်မိတ်ဆွေဖွဲ့ပါပညာရှာပြီး စိတ်ဓာတ်ခွန်အားတွေ မွေးပါစာအုပ်စာပေ တွေနဲ့ အဖော်ပြုပါ
ပျော်ရွှင်ချမ်းမြေ့ကြ ပါစေ..🙏🙏
ခရက်ဒစ်
Unicode