Knowledge

တကယ် မချစ်ဘဲနဲ့ ချစ်ဟန်ဆောင်ပြီး တစ်ဖက်သားကို အရူးမလုပ်မိပါစေနဲ့

တစ်ဖက်သားမှာ ကိုယ့်ကို စွဲလမ်းပြီး အရူးတစ်ပိုင်း ဖြစ်သွားမယ် ဆို လည်း အဲဒီကံကြောင့် ကိုယ်လည်း တစ်ချိန်မှာ ရူးသွပ် ရမှာပဲ ။

ကိုယ့်ကို စွဲစွဲ လမ်းလမ်း တမ်းတမ်းတတ ဖြစ်သွားမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ့်ကို ရူးမတက် ချစ်အောင် ဆိုတဲ့ စိတ်ထားနဲ့

ဉာဏ်နီ ဉာဏ်နက် သုံးတာမျိုး မူယာ မာယာ များတာမျိုး မြူဆွယ် ဖြားယောင်း တာမျိုး၊ လိမ်ညာ လှည့်ပတ် တာမျိုးကို ရှောင်ကြဉ် ရပါမယ်။

သူ့စိတ်နဲ့ သူ စွဲလမ်း တမ်းတတာ ကတော့ ကိုယ်နဲ့ မဆိုင်ပါဘူး။ တမင် ရည်ရွယ်ချက် ရှိရှိနဲ့ စွဲလမ်းအောင် လုပ်တာ ဆိုရင်တော့ စိတ်ထားကိုက“ရူးစေချင်တဲ့ စိတ်ထား”မို့ အဲဒီ အကျိုး သက်ရောက်မှုက ကိုယ့် ဆီ လည်း သေချာပေါက် ပြန်ရောက် လာပါ လိမ့်မယ် ။

(ရူးသွပ်မှုကို ဖြစ်စေတဲ့ အကုသိုလ်ကံ ဆို တာ ကတော့ အမျိုးမျိုး ဖြစ်နိုင် ပါတယ် ။ သူ တစ် ပါး ကို ရူးသွပ် လောက်အောင် နှိပ် စက် ညှင်းပန်းမယ်၊

စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်အောင် လုပ်မယ် ဆို ရင် အဲဒီ ကံအကျိုးပေး တဲ့ ဘ၀ ကိုယ် လည်း ရူးသွပ်ရမှာ ပဲ ။) အဲဒါကြောင့် တကယ် မချစ်ပဲ ချစ်ဟန်ဆောင်ပြီး တစ်ဖက်သားကို အရူး မလုပ်မိ ပါစေနဲ့ ။

Credit:အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

Unicode