Knowledge

ရည်းစားဟောင်း ကို အိပ်မက်မက်တဲ့အခါ အဓိပ္ပါယ်ကောက်နည်း

ရည်းစားဟောင်း က အိပ်မက်ထဲမှာ ပါလာတိုင်း သိချင် ခဲ့ တယ် ။အိပ်မက်တွေရဲ့ သွယ်ဝှိုက် နေတဲ့ အဓိပ္ပါယ် လုံးဝ မိုက် တယ် ။

အေးစက်နေတဲ့ ဆက်ဆံရေးကို မက်တဲ့ အိပ်မက်

ရည်စားဟောင်းနဲ့ လမ်းခွဲခြင်းကို လက်ခံလိုက်ပြီ ဆိုတဲ့ အခြေအနေပါ ။ ပြီးပြီးသား အချစ်ရေးကို လုံးဝအဆုံးသတ်ပြီး အချစ်သစ် တွေ့တဲ့ အိပ်မက်ပါ။

ရည်စားဟောင်းနဲ့ ပြန်တွဲတဲ့ အိပ်မက်

အိပ်မက်ကနိုးတဲ့အခါ “ငါက ဘာလို့ ” ဆိုပြီး တွေးနေမိ ပါလိမ့် မယ် ။ ပြောင်းပြန် အဓိပ္ပါယ် ယူပြီး လက်ရှိချစ်သူနဲ့ပဲ ဆက်ပြီးချစ် ချင်တယ် ဆိုတဲ့ အဓိပ္ပါယ် ပါ။လက်ရှိ အခြေအနေ ထိ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ပြီး အချစ်သစ်ကို ပိုဂရုစိုက် ချင်လို့ မက်တဲ့ အိပ်မက်ပါ။

ရည်စားဟောင်းက တခြားသူနဲ့ လက်ထပ် သွားတဲ့ အိပ်မက်

အခုထိ သံယောဇဉ် ကျန်နေသေးပြီး ရည်းစားဟောင်းကို တခြား သူဆီ အပါမခံ ချင်သေးတဲ့ စိတ်အခြေအနေကို ဖော်ပြနေ ပါတယ်။လုံးဝအဆုံးသတ် လမ်းခွဲပြီးမှ မက်တဲ့ အိပ်မက် ဆိုရင်တော့ ရည်းစားဟောင်းက အပြင်မှာလဲ တကယ် လက်ထပ်တော့ မှာကို ကြိုတင်မ က်တဲ့ အလားအလာ များ ပါတယ် ။

အနမ်းပေးတဲ့ အိပ်မက်

အခုထိ သူ့ကို မမေ့နိုင်သေး ဘူးဆိုတဲ့ အဓိပ္ပါယ်ပါ ။ ဒီအိပ်မက်ကို မက်ရင်တော့ ရည်းစားဟောင်းနဲ့ လက်ရှိချစ်သူကို နှိုင်းယှဉ် ကြည့်ပြီး တစ်နေရာ ရာမှာ လိုအပ်ချက် ရှိနေတယ်လို့ ခံစားရနေ လို့ပါ။

အတူတူ နောက်ပြောင်ကျီစယ်နေတဲ့ အိပ်မက်

ဖြစ်နိုင်မယ်ဆိုရင် ပြန်လက် တွဲချင်တဲ့ စိတ်ရှိတာကို ဖော်ပြတဲ့ အိပ်မက်ပါ ။ ချစ်သူ အသစ် မရှာချင်သေးဘဲနဲ့ ရည်းစားဟောင်း ဆီမှာပဲ စိတ်က ရှိနေပါ သေး တယ် ။

ဖုန်းဆက်တဲ့ အိပ်မက်

သက်တောင့် သက်သာနဲ့ အပြန်အလှန် အဆက် အသွယ် ရှိနေသေးတဲ့ အခြေအနေကို မျှော်လင့်နေတာပါ ။ တစ်စုံ တစ်ယောက်က ကိုယ့်ကို ဂရုစိုက် ယုယစေချင်တဲ့ အခါမျိုး ဒါမှမဟုတ် အဲဒီလူရဲ့ စိတ်ကို သိချင်တဲ့ အခါမျိုးမှာ မက်တဲ့ အိပ် မက် ပါ ။

Credit

Unicode