ပိုးသတ္ေဆးကို ခႏၶာကိုယ္တြင္းမွာ ဘက္တီးရီးယားပိုးေၾကာင့္ ျဖစ္တဲ့ေရာဂါေတြကို ကုသေပးတဲ့ေနရာမွာ အသုံးျပဳပါတယ္။ ဒါေပမယ့္လည္း ပိုးသတ္ေဆးေတြဟာ ေဆးျပင္းျဖစ္တာေၾကာင့္ ခံစားရတဲ့ ေဘးထြက္ဆိုးက်ိဳးေတြဟာလည္း အနည္းနဲ႔ အမ်ားရွိႏိုင္ပါတယ္။ ဒါေၾကာင့္ ပိုးသတ္ေဆးကို ၾကာရွည္စြာ စြဲေသာက္စရာမလိုဘဲ ကိုယ္ထဲမွာ ရွိေနတဲ့ မေကာင္းတဲ့ ဘက္တီးရီးယားပိုးေတြကို ျမန္ျမန္ေသေစတဲ့ နတ္ေဆးအစားအစာေတြကို ဒီေဆာင္းပါးမွာ ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ပ်ားရည္
ပ်ားရည္ဟာ အေရျပားအလွအပအတြက္သာမက ခႏၶာကိုယ္မွာရွိတဲ့ မေကာင္းတဲ့ ဘက္တီးရီးယားပိုးေတြကို ႏွိမ္နင္းတဲ့ေနရာမွာ အလြန္အသုံးဝင္တဲ့ ေဆးေကာင္းတစ္လက္ပါ။ ဗီတာမင္နဲ႔ အာဟာရဓာတ္ အစုံအလင္ပါဝင္တဲ့အျပင္ ဘက္တီးရီးယားေတြကို ေသေစတဲ့ ဟိုက္ဒ႐ိုဂ်င္ပါေအာက္ဆိုဒ္ဓာတ္ေၾကာင့္ ဘက္တီးရီးယားပိုးေတြရဲက ႀကီးထြားႏႈန္းကို ရပ္တန႔္ေပးႏိုင္ပါတယ္။ ဆီးလမ္းေၾကာင္း ပိုးဝင္တဲ့အခါ ပ်ားရည္ကို ေရေႏြး၊ သံပရာရည္နဲ႔ ေရာၿပီးေသာက္လို႔ ရသလို အနာေပၚ တိုက္႐ိုက္လိမ္းေပးျခင္းျဖင့္လည္း ပိုးေသေစၿပီး အနာက်က္ျမန္ေစႏိုင္ပါတယ္။
၂။ ၾကက္သြန္ျဖဴ
ၾကက္သြန္ျဖဴဟာလည္း ဘက္တီးရီးယားပိုးကို ရွင္းထုတ္ေပးႏိုင္တဲ့ သဘာဝအစားအစာေတြထဲက တစ္ခုျဖစ္ပါတယ္။ ဒီအတိုင္း အစိမ္းစားလို႔လည္း ရသလို ဟင္းေတြမွာ ေရာခ်က္လို႔လည္း အဆင္ေျပတယ္။ အေအးမိဖ်ားနာတာ၊ သြားကိုက္သြားနာ၊ ရာသီတုပ္ေကြးေတြမွာ ျဖစ္တဲ့ ေရာဂါလကၡဏာေတြကိုလည္း သက္သာေစၿပီး အဖ်ားေပ်ာက္ျမန္ေစပါတယ္။ တစ္ေန႔ကို ၾကက္သြန္ျဖဴ ၂စိတ္ေလာက္ ပုံမွန္စားေပးျခင္းျဖင့္ ခႏၶာကိုယ္ထဲက မေကာင္းတဲ့ဘက္တီးရီးယားပိုးေတြကို ဖယ္ရွားေပးၿပီး ကိုယ္ခံအားစနစ္ကိုလည္း ေကာင္းမြန္ေစပါတယ္။
၃။ ခ်ဥ္ေသာ အရသာရွိတဲ့ အသီးအႏွံမ်ား
ဗီတာမင္ စီ ဟာ အသားအေရအတြက္ က်န္းမာေရးအတြက္ပါ အက်ိဳးအမ်ားႀကီး ရွိတယ္ဆိုတာ သိထားၿပီးျဖစ္မွာပါ။ ဒါ့အျပင္ ကိုယ္ခံအားစနစ္ကိုလည္း ျမႇင့္တင္ေပးလို႔ ေရာဂါေတြကို အၿမဲတိုက္ထုတ္ေပးေနဖို႔ အေထာက္အကူျဖစ္ေစႏိုင္ပါတယ္။ ဗီတာမင္ စီကို သဘာဝအသီးအႏွံေတြျဖစ္တဲ့ လိေမၼာ္သီး၊ သံပရာသီး၊ ေရွာက္သီး၊ ဘယ္ရီသီး စတဲ့ အသီးအႏွံေတြကို ရရွိႏိုင္ပါတယ္။ အသီးကို ဒီအတိုင္း စားလို႔လည္း အဆင္ေျပသလို သၾကားမထည့္ဘဲ ႀကိတ္ၿပီး ေဖ်ာက္ေသာက္လို႔လည္း ရပါတယ္။
၄။ သစ္ႀကံပိုးေခါက္
သစ္ႀကံပိုးေခါက္ကို ဟင္းခ်က္တဲ့ေနရာမွာ အသုံးျပဳၾကေပမယ့္ သူ႔ရဲ႕ ေဆးဘက္ဝင္တဲ့ အာနိသင္ကိုေတာ့ လူေတာ္ေတာ္မ်ားမ်ား သတိမထားမိတတ္ၾကပါဘူး။ သစ္ႀကံပိုးေခါက္ဟာ ဘက္တီးရီးယားပိုးအတြက္သာမက မႈိေရာဂါပိုးေတြကိုပါ ေသေစႏိုင္လို႔ မိန္းမကိုယ္မႈိစြဲတာ၊ ေပြး၊ ဝဲ၊ ညႇင္းစတဲ့ မႈိေၾကာင့္ျဖစ္တဲ့ အေရျပားျပႆနာေတြကို ကုသတဲ့ေနရာမွာလည္း အသုံးဝင္ပါတယ္။ သစ္ႀကံပိုးေခါက္ကို အမႈန႔္ျဖစ္ေအာင္ ေသခ်ာႀကိတ္ၿပီး ေရေႏြးနဲ႔ ေရာေသာက္ျခင္းျဖင့္ ခႏၶာကိုယ္တြင္းမွာ ရွိတဲ့မေကာင္းတဲ့ ဘက္တီးရီးယားပိုးေတြကို ေသေစႏိုင္ပါတယ္။ အျပင္ဘက္ ဒဏ္ရာနဲ႔ အေရျပားျပႆနာေတြအတြက္ ပ်ားရည္နဲ႔ သစ္ႀကံပိုးေခါက္မႈန႔္ကို သမေအာင္ ေမႊၿပီးလိမ္းေပးလို႔ ရပါတယ္။
၅။ ခ်င္း
ခ်င္းကိုေတာ့ အေအးမိတုပ္ေကြး၊ ဖ်ားနာေၾကာင့္ျဖစ္တဲ့ ေရာဂါလကၡဏာေတြကို ကုသတဲ့ေနရာမွာ အသုံးမ်ားပါတယ္။ ခ်င္းျပဳတ္ရည္ ပူပူေလး ေသာက္ေပးျခင္းျဖင့္ လည္ေခ်ာင္းနဲ႔ အသက္ရႉလမ္းေၾကာင္းထဲမွာ ပိတ္ေနတဲ့ ဘက္တီးရီးယားပိုးေတြကို ရွင္းထုတ္ေပးသလို အပူေငြ႕ကလည္း ခႏၶာကိုယ္တြင္း ေရာင္ရမ္းတာေတြကို က်ေစၿပီး အပူအပုပ္ ရွင္းေစပါတယ္။
၆။ ပန္းသီးရွာလကာရည္
အနံ႔ျပင္းတဲ့ ပန္းသီးရွာလကာရည္ကို အသား၊ ငါးေတြ ပိုးသန႔္စင္တဲ့ ေနရာမွာ အသုံးျပဳလို႔ ရသလို လူေတြရဲ႕ ကိုယ္ထဲမွာရွိေနတဲ့ ေရာဂါပိုးေတြကို ႏွိမ္နင္းတဲ့ေနရာမွာလည္း အသုံးဝင္ပါတယ္။ လည္ေခ်ာင္း၊ အစာအိမ္နဲ႔ အူလမ္းေၾကာင္းမွာရွိတဲ့ ပိုးေတြကို ေသေစၿပီး အက်ိဳးျပဳ ဘက္တီးရီးယားေတြကို ပိုမိုပြားမ်ားေစေအာင္ ကူညီေပးႏိုင္ပါတယ္။
ခုေျပာျပေပးခဲ့တဲ့ အစားအစာေတြဟာ ေရာဂါပိုးေသေစတယ္ဆိုတာ မွန္ေပမယ့္ ေဆးဝါးအစားထိုး အသုံးျပဳလို႔ေတာ့ မရပါဘူး။ အေကာင္းဆုံးက ဘက္တီးရီးယားပိုးေၾကာင့္ ေရာဂါတစ္ခုခု ျဖစ္ၿပီဆိုရင္ ဆရာဝန္နဲ႔ အရင္ျပသၿပီး ေဆးဝါးအကူအညီကို ယူပါ။ ေဆးေသာက္ေနစဥ္ကာလမွာလည္း ဒီအိမ္တြင္းေဆးဝါး အစားအစာေတြနဲ႔ ေရာဂါလကၡဏာကို ျမန္ျမန္ေပ်ာက္ကင္းေအာင္ ကုသေပးလို႔ ရပါတယ္။
Credit
Unicode
ပိုးသတ်ဆေးမဟုတ်ဘဲ ပိုးသေစေတဲ့ သဘာဝအစားအစာတွေ
ပိုးသတ်ဆေးကို ခန္ဓာကိုယ်တွင်းမှာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ရောဂါတွေကို ကုသပေးတဲ့နေရာမှာ အသုံးပြုပါတယ်။ ဒါပေမယ့်လည်း ပိုးသတ်ဆေးတွေဟာ ဆေးပြင်းဖြစ်တာကြောင့် ခံစားရတဲ့ ဘေးထွက်ဆိုးကျိုးတွေဟာလည်း အနည်းနဲ့ အများရှိနိုင်ပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးကို ကြာရှည်စွာ စွဲသောက်စရာမလိုဘဲ ကိုယ်ထဲမှာ ရှိနေတဲ့ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို မြန်မြန်သေစေတဲ့ နတ်ဆေးအစားအစာတွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။
၁။ ပျားရည်
ပျားရည်ဟာ အရေပြားအလှအပအတွက်သာမက ခန္ဓာကိုယ်မှာရှိတဲ့ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို နှိမ်နင်းတဲ့နေရာမှာ အလွန်အသုံးဝင်တဲ့ ဆေးကောင်းတစ်လက်ပါ။ ဗီတာမင်နဲ့ အာဟာရဓာတ် အစုံအလင်ပါဝင်တဲ့အပြင် ဘက်တီးရီးယားတွေကို သေစေတဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဓာတ်ကြောင့် ဘက်တီးရီးယားပိုးတွေရဲက ကြီးထွားနှုန်းကို ရပ်တန့်ပေးနိုင်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ ပျားရည်ကို ရေနွေး၊ သံပရာရည်နဲ့ ရောပြီးသောက်လို့ ရသလို အနာပေါ် တိုက်ရိုက်လိမ်းပေးခြင်းဖြင့်လည်း ပိုးသေစေပြီး အနာကျက်မြန်စေနိုင်ပါတယ်။
၂။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာလည်း ဘက်တီးရီးယားပိုးကို ရှင်းထုတ်ပေးနိုင်တဲ့ သဘာဝအစားအစာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီအတိုင်း အစိမ်းစားလို့လည်း ရသလို ဟင်းတွေမှာ ရောချက်လို့လည်း အဆင်ပြေတယ်။ အအေးမိဖျားနာတာ၊ သွားကိုက်သွားနာ၊ ရာသီတုပ်ကွေးတွေမှာ ဖြစ်တဲ့ ရောဂါလက္ခဏာတွေကိုလည်း သက်သာစေပြီး အဖျားပျောက်မြန်စေပါတယ်။ တစ်နေ့ကို ကြက်သွန်ဖြူ ၂စိတ်လောက် ပုံမှန်စားပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။
၃။ ချဉ်သော အရသာရှိတဲ့ အသီးအနှံများ
ဗီတာမင် စီ ဟာ အသားအရေအတွက် ကျန်းမာရေးအတွက်ပါ အကျိုးအများကြီး ရှိတယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးလို့ ရောဂါတွေကို အမြဲတိုက်ထုတ်ပေးနေဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဗီတာမင် စီကို သဘာဝအသီးအနှံတွေဖြစ်တဲ့ လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီး၊ ဘယ်ရီသီး စတဲ့ အသီးအနှံတွေကို ရရှိနိုင်ပါတယ်။ အသီးကို ဒီအတိုင်း စားလို့လည်း အဆင်ပြေသလို သကြားမထည့်ဘဲ ကြိတ်ပြီး ဖျောက်သောက်လို့လည်း ရပါတယ်။
၄။ သစ်ကြံပိုးခေါက်
သစ်ကြံပိုးခေါက်ကို ဟင်းချက်တဲ့နေရာမှာ အသုံးပြုကြပေမယ့် သူ့ရဲ့ ဆေးဘက်ဝင်တဲ့ အာနိသင်ကိုတော့ လူတော်တော်များများ သတိမထားမိတတ်ကြပါဘူး။ သစ်ကြံပိုးခေါက်ဟာ ဘက်တီးရီးယားပိုးအတွက်သာမက မှိုရောဂါပိုးတွေကိုပါ သေစေနိုင်လို့ မိန်းမကိုယ်မှိုစွဲတာ၊ ပွေး၊ ဝဲ၊ ညှင်းစတဲ့ မှိုကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကို ကုသတဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ သစ်ကြံပိုးခေါက်ကို အမှုန့်ဖြစ်အောင် သေချာကြိတ်ပြီး ရေနွေးနဲ့ ရောသောက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပါတယ်။ အပြင်ဘက် ဒဏ်ရာနဲ့ အရေပြားပြဿနာတွေအတွက် ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်ကို သမအောင် မွှေပြီးလိမ်းပေးလို့ ရပါတယ်။
၅။ ချင်း
ချင်းကိုတော့ အအေးမိတုပ်ကွေး၊ ဖျားနာကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေကို ကုသတဲ့နေရာမှာ အသုံးများပါတယ်။ ချင်းပြုတ်ရည် ပူပူလေး သောက်ပေးခြင်းဖြင့် လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်းထဲမှာ ပိတ်နေတဲ့ ဘက်တီးရီးယားပိုးတွေကို ရှင်းထုတ်ပေးသလို အပူငွေ့ကလည်း ခန္ဓာကိုယ်တွင်း ရောင်ရမ်းတာတွေကို ကျစေပြီး အပူအပုပ် ရှင်းစေပါတယ်။
၆။ ပန်းသီးရှာလကာရည်
အနံ့ပြင်းတဲ့ ပန်းသီးရှာလကာရည်ကို အသား၊ ငါးတွေ ပိုးသန့်စင်တဲ့ နေရာမှာ အသုံးပြုလို့ ရသလို လူတွေရဲ့ ကိုယ်ထဲမှာရှိနေတဲ့ ရောဂါပိုးတွေကို နှိမ်နင်းတဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ လည်ချောင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်းမှာရှိတဲ့ ပိုးတွေကို သေစေပြီး အကျိုးပြု ဘက်တီးရီးယားတွေကို ပိုမိုပွားများစေအောင် ကူညီပေးနိုင်ပါတယ်။
ခုပြောပြပေးခဲ့တဲ့ အစားအစာတွေဟာ ရောဂါပိုးသေစေတယ်ဆိုတာ မှန်ပေမယ့် ဆေးဝါးအစားထိုး အသုံးပြုလို့တော့ မရပါဘူး။ အကောင်းဆုံးက ဘက်တီးရီးယားပိုးကြောင့် ရောဂါတစ်ခုခု ဖြစ်ပြီဆိုရင် ဆရာဝန်နဲ့ အရင်ပြသပြီး ဆေးဝါးအကူအညီကို ယူပါ။ ဆေးသောက်နေစဉ်ကာလမှာလည်း ဒီအိမ်တွင်းဆေးဝါး အစားအစာတွေနဲ့ ရောဂါလက္ခဏာကို မြန်မြန်ပျောက်ကင်းအောင် ကုသပေးလို့ ရပါတယ်။
Credit