ပီလောပီနံကိုစားရင် အဆိပ်ရှိတယ်ဆိုတာ သိပြီးပြီလား
အဆိပ်ပြင်းတဲ့ ပီလောပီနံ
လွန်ခဲ့တဲ့ (၃)ရက်က သူငယ်ချင်းတယောက်နဲ့ စိုက်ပျိုးရေးခြံက အပြန် ပီလောပီနံဥတွေ လက်ဆောင်ပေးလိုက်တယ်။ အိမ်ရောက်တော့ ပြုတ်စားတယ်။ ပြောရရင် သိပ်စားမကောင်းတော့ များလည်းများနေတာနဲ့ စားမကုန်ဘူးဖြစ်သွားတယ်။
ဘာလုပ်ရင်ကောင်းမလည်းစဉ်းစားရင်း Google ခေါက်လိုက်တော့။ မြန်မာတွေပြောနေကျ စကားသွားသတိရတယ် ပီလောပီနံ ကို ပဲကြားလှော်နဲ့ တွဲ မစားရဘူးတို့ ၊ သကြားနဲ့ ဆို သေတယ်တို့ စသည်ဖြင့်ပေါ့။
တကယ်တမ်းက အဲ့တာတွေက ဘာအကိုးအကား အထောက်ထားမှ မတွေ့ရဘူး။ကျွန်တော် သွားတွေ့မိတာက ပီလောပီနံဥ (ကလောဥ) က အဆိပ်ပြင်းတဲ့ အကြောင်းသွားတွေ့တယ်။
ဆိုတော့ ဘယ်လို အဆိပ်ပြင်းသလည်းဆိုရင်ပီလောပီနံဥမှာ အချိုမျိုးနဲ့ အခါးမျိုးဆိုတာရှိတယ်။ အခါးဆိုတာတော့ ပြုပ်စားရင်တောင် ခါးသက်သက်နဲ့ ၊ အချိုဆိုတာကတော့ ကန်စွန်းဥလို ချိုတာမျိုးမဟုတ်ပဲ မခါးလို့ အချိုမျိုးလို့ ခေါ်တာ။
အဲ့တော့ ပီလောပီနံ အခါးမျိုး 300g (ကြက်ဥ ၅လုံးလောက် အလေးချိန်) မှာ အပေါ်က ပြောထားတဲ့ Cyanide အဆိပ်ဒြပ်ပေါင်း 300mg လောက်ပါပီးတော့ အချိုမျိုးကတော့ 6mg လောက် ပါသေးတာကို တွေ့ရပါတယ်။
လူတယောက်သေဖို့ အတွက် Cyanide အဆိပ် 100mg ဆို လုံလောက်ပါတယ်။ခုလိုပြောလို့ အရမ်းတော့ လန့်မသွားပါနဲ့။ ဒီအဆိပ်တွေက ဘယ်မှာ ရှိလည်းဆိုရင် ပီလောပီနံဥ ရဲ့ အခွံမှာ ရှိပါတယ်။ ပွက်ပွက်ဆူတဲ့ ရေမှာ အချိန်ကြာကြာ ပြုတ်လိုက်ရင် ဒြပ်ပျယ်သွားတယ်လို့ဆိုပါတယ်။
အရပ်စကားနဲ့ ပြောရရင် ပီလောပီနံ အဆိပ်သင့်တာကို တောက်တယ်လို့ ပြောကြတယ်။ ဘယ်လိုဖြစ်ပီး တောက်သလဲဆိုတာ ဖြစ်နိုင်ချေကို ပြန်စဉ်းစားရင် လူ ၁၀၀ မှာ ၉၉ ယောက်က ပြုတ်တယ်ဆိုရင်လည်း အခွံပါ ထည့်ပြုတ်ကြတယ်။ ပီးတော့ ပြုတ်ထားတဲ့ အရည်တွေကလည်း အခွံပေါ်မှာ စိုပီးကျန်ခဲ့အုန်းမယ်။
အခွံကို လက်နဲ့ မခွာပဲငှက်ပျောသီးစားသလို သွားနဲ့ ကိုက်ခွာလိုက်တဲ့ ကလေးတွေလည်း ရှိကောင်းရှိမယ်။ ပြုတ်ထားတဲ့ အတွက် အဆိပ်ပမာန အတော် နည်းသွားတော့ သေတဲ့ အဆင့်ထိ မရောက်ပဲ မူးတာ ၊ အန်တာ ၊ သတိလစ်သွားတာ မျိုးလောက်ပုံ ကြုံရတာမျိုးပါ။
အခုချိန်ကာလမှာ ပီလောပီနံတွေ ပေါလာတဲ့ အချိန်ကာလမို့ အန္တရာယ် မဖြစ်အောင် အချိန်မှီ သတိပေးလိုတာမို့ အချိန်ကုန်ခံပီး စာအရှည်ကြီး ရေးပီး ရှင်းပြပေးလိုက်ပါတယ်။
ပီလောပီနံဥစားမယ်ဆိုရင် အစိမ်းကို ယောင်လို့မှ မကိုက်မိပါစေနဲ့ ။ အခွံကို ဓါးနဲ့ ခွာချပီး နူးအိနေအောင် သေခြာပြုတ်ပီးစားပါ။
ရေခမ်းမပြုတ်ပဲ ရေများများနဲ့ ပြုတ်ပီးရင် ရေတွေ အကုန် သွန်ပစ်ပါ။ ပြုတ်ပီးရင်လည်း စိတ်ချရအောင် အပေါ်က ရေအေးနဲ့ အနှံ့ဆေးချပေးမယ် ဆိုရင် စိတ်ချလက်ချ စားလို့ ရပါပီ။
တခြား Post တွေ Share မပေးရင် နေပါ။ ယခု Post ကိုတော့ မဖြစ်မနေ SHARE ပေးကြပါ။ ကျေးဇူးအများကြီး တင်ပါတယ်။
Credit-Original Writer
Sharing by-MT Star