Knowledge

ဗုဒ္ဓဘာသာ၀င်တိုင်းအတွက် ဂုဏ်ယူစရာ ရုရှနိုင်ငံတွင် ထေရဝါဒစေတီတစိဆူတည်ရန် သီတဂူဆရာတော်ဘုရားကြီးမှဦးဆောင်ပြုလုပ်နေပြီ

ဗုဒ္ဓဘာသာ၀င်တိုင်းအတွက် ဂုဏ်ယူစရာ ရုရှနိုင်ငံတွင် ထေရဝါဒစေတီတစိဆူတည်ရန် သီတဂူဆရာတော်ဘုရားကြီးမှဦးဆောင်ပြုလုပ်နေပြီ


အောက်တိုဘာ (၂၆)ရက် နေ့တွင် ပထမဆုံးထေရဝါဒစေတီတော်တစ်ဆူအားရုရှားနိုင်ငံမှာ တည်ထားကိုးကွယ်နိုင်ရန်စီစဉ်နေပြီး ဒီစေတီတော်တည်ထားနိုင်ရေးအတွက် သီတ

ဂူဆရာတော်ကြီးမှဦးဆောင်ကာဆောင်ရွက်နေခြင်းဖြစ်ကြောင်းကို ဂျာမနီနိုင်ငံနဲ့ ဥပရောပတိုက်တို့မှာ သာသနာပြန့်ပွားရေးအတွက် သာသနာပြုနေတဲ့ ဆရာတော်အရှင်ကုသလသာမိက အောက်တိုဘာ (၂၆)ရက်နေ့က မိန့်ကြားခဲ့ပါတယ်။

အဆိုပါစေတီတော်ကို “ရုရှားနိုင်ငံ၊မော်စကိုမြို့၊ကာလုဂါပြည်နယ်ရှိကမ္ဘာ့ယဉ်ကျေးမှုမြို့တော်တွင်တည်ထားကိုးကွယ်မည်”ဖြစ်ပြီးအောက်တိုဘာလ(၂၃)ရက်နေ့ တွင်မြေသန့်မင်္ဂလာကမ္မဝါရွတ်ဖတ်ပူဇော်ခြင်းအခမ်းအနား၊

အောက်တိုဘာလ(၂၄)ရက်နေ့တွင် ရွှေပန္နက်တော်တင်၊ရတနာအုတ်မြစ်စီအခမ်းအနားတို့ကိုပြုလုပ်ခဲ့ကာ

အဆိုပါအခမ်းအနားများသို့ သီတဂူဆရာတော်ကြီးနှင့်အတူ အင်းစိန်ရွာမ ဆရာတော်ကြီး၊ သိမ်တော်ကြီးဆရာတော်၊ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ပညိဿရာဘိဝံသ၊ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ၊

ရွှေစင်တိပိဋကဆရာတော် အရှင်ဂန္ဓ မာလာလင်္ကာရ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်မှ စာချကထိက ဆရာတော်များ၊ အမေရိကန် ၊ရုရှား၊ ဂျာမနီ၊ အင်္ဂလန်၊ ကိုးရီးယားမှ တပည့်ကျောင်းထိုင်ဆရာတော်များ များစွာတက်ရောက်ခဲ့ကြောင်းသိရပါတယ် ။

“ ရုရှားမှာတော့ ပထမဆုံးဖြစ်လောက်တယ်။ဉာဏ်တော်ကပေ(၅၀)ကျော်တယ် ။ (၅၄)ပေမြင့်တဲ့စေတီတော်လည်းဖြစ်မယ်။ ဘုန်းဘုန်းတို့ဟိုဘက်ဥရောပမှာဆိုရင် စေတီတည်တာတွေခွင့်မပြုဘူး။သို့သော်လည်း ဒီရုရှားမှာတော့ နှစ်နိုင်ငံအဆင်ပြေနေတာလည်းဖြစ်တယ်။

ဗုဒ္ဓဘာသာနဲ့လည်းမစိမ်းဘူးလို့ပြောလို့ရတယ်”ဟုစေတီတော်တည်ထားကိုးကွယ်ရေးနှင့်ပတ်သက်သည့် ပွဲသို့တက်ရောက်ခဲ့သော ဆရာတော် အရှင်ကုသလသာမိက မိန့်ကြားခဲ့ပါတယ် ။

ရွှေစည်းခုံပုံတူစေတီတော်တည်ဆောက်ရေးလုပ်ငန်းများမှာ မကြာမီစတင်တော့မှာဖြစ်ပြီး (၁)နှစ်တာ ကာလ အတွင်းစေတီတော်ကြီးကို အပြီးသတ် တည်ဆောက်သွားရန်အတွက် ရည်မှန်း ထားခြင်းဖြစ်ကြောင်းကိုလည်း သိရပါတယ် ။

Crd