ကင်းပုံ အခါးသီးရဲ့ဆေးဖက်ဝင်ပုံ
၁။ ကင်းပုံ အခါးသီးသည် အဆိပ်ကို ပြေစေနိုင်သောသတ္တိရှိသည်။ အဆိပ်စားမိလျှင် ကင်းပုံအခါးသီး ကျွေး ပါက အန်စေတတ်ပါသည်။
၂။ ချောင်းဆိုးပြီး သွေးအန်သွေးကျ ရောဂါဖြစ်ပါက ကင်းပုံအခါး အရွက်ကိုထောင်းပြီး အရည်ညှစ်၍ တိုက် လျှင် သက်သာစေသည်။
ကင်းပုံ အခါးသီးကို ကြော်ချက်ကျွေးလျှင် နာတာရှည် အဆုတ်သွေးအန်ရောဂါ ပျောက်ကင်းစေနိုင်သည်။ ချောင်းခြောက်ဆိုးရောဂါနှင့် သင့်သည်။
၃။ ဆီး ချိုရောဂါဖြစ်လျှင် ကင်းပုံရွက်သတ္တုရည် ဟင်းစားဇွန်း (၃)ဇွန်း အစာစားပြီးတိုင်း တိုက်ကျွေးပေး လျှင် ဆီးချိုတက်ခြင်းမှ ထိန်းနိုင်ပါသည်။
၄။ ကင်းပုံရွက် အရည်ညှစ်ပြီးရသော သတ္တုရည်ကို နားတွင်ထည့်ပေးပါက နားလေထွက်ရောဂါ၊ နားကိုက် ရောဂါ ပျောက်ကင်းစေနိုင်သည်။
၅။ ကင်းပုံရွက်သတ္တုရည်ကို မုန်ညှင်းဆီ၊ နှမ်းဆီတို့နှင့်ရောပြီးမီးနှင့် ချက်ထားပါ။ ထိုဆီကို နားကြပ်ဆီ အဖြစ်သုံးစွဲနိုင်သည်။
၆။ ရေယုန်ပေါက်လျှင် ကင်းပုံရွက်အရည်ညှစ်ပြီး လိမ်ပေးလျှင် လျှင်မြန်စွာပျောက်ကင်းစေပါသည်။
၇။ အရေပြား ယားနာများပေါက်လျှင် ကင်းပုံရွက်ပြုပ်ရည်ဖြင့် ရေချိုးပေးလျှင် အနာများအပျောက်မြန်သည်။
၈။ လျှာတွင် အနာပေါက်ခြင်း၊ အဖုပေါက်ခြင်း၊ လျှာပူလောင်ခြင်းများဖြစ်လျှင် ကင်းပုံသီးကိုကြိတ်ပြီး ငုံပေး ခြင်းဖြင့် သက်သာစေနိုင်သည်။
၉။ ကင်းပုံ ပင်၏ အမြစ်ကိုသွေးပြီး ခွေးကြောင်များ အဆိပ်မိလျှင် တိုက်ကျွေးနိုင်သည်။
၁၀။ အမြစ်ကို နေလှန်းအခြောက်ခံပြီး အမှုန့်ကြိတ်၍ ဝမ်းနှုတ်ဆေးဖော်စပ်ရာတွင် အသုံးပြုနိုင်သည်။
၁၁။ အမြစ်အစို ကိုပြုပ်ပြီးအရည်ကို ဆီးလွန်ရောဂါရှိသူများ တိုက်ကျွေးပါက ဆီးလွန်ခြင်းကို ထိန်းနိုင်သည်။
ခရစ်ဒစ်
Unicode
ကင်းပုံ အခါးသီးရဲ့ဆေးဖက်ဝင်