Knowledge

သားသမီးမထွန်းကားသူများဆေးလိပ်သောက်များသူများအတွက် (နွယ်နီနတ်ပန်းပင်)

သားသမီးမထွန်းကားသူများဆေးလိပ်သောက်များသူများအတွက် (နွယ်နီနတ်ပန်းပင်)

ဂင်ပိတ်ပင်-နွယ်နီနတ်ပန်း ဆေးအာနိသင်များ

၁။ ဂင်ပိတ်ပင်ပါ သွေးဝမ်းသွား ၊ အဆုတ် သန့်စင် ၊ သလိပ်စင် ၊သွေးသန့်တဲ့နေရာတွေမှာ သုံးပါတယ် ။ အသုံးတည့်တဲ့ အပင်တစ်မျိုးဖြစ်ပြီး ဆေးများစွာ ဓါတ်စာများစွာ မှာ သုံးပါတယ် ။

၂။ သား/သမီးထွန်းကားဖို့အတွက်ဟင်းချို ချက်သောက်ရပါတယ်။

၃။ ပန်းနာ/ရင်ကြပ်အတွက်ဘဲဥနဲ့ကျော်စား ပေးပါ။

၄။ ဆေးလိပ်သောက်များသူတွေဆေးဂျိုးတွေ ကျစေဖို့တစ်ပါတ်မှာသုံးရက်လောက်ဟင်းချို ချက်သောက်ပေးပါ။

သတိသွေးတိုးရောဂါရှိသူများမစားသောက်သင့်ပါ။

ဆေးဖက်ဝင်အပင်များအကြောင်း

ဆေးနည်းဒါန ဝေမျှရသော ကုသိုလ် အကျိုးကြောင့် မိမိအေးချမ်းသာယာ သလို လောကသားအားလုံး အေးချမ်း သာယာပါစေ အသိမှန်အမြင်မှန်များ ဖြင့် ကျန်ရှိသောဘဝကိုလှပစွာ ဖြတ်သန်းနိုင်ကြပါစေ။

နွယ်နီနတ်ပန်းပင် (ခ)ဂင်ပိတ်ပင်

သဘာဝဆေးဘက်ဝင်ပုံနှင့် နွယ်နီနတ်ပန်းအပင်ကို ယခုမှ လေ့လာမှုရရှိ၍ ဗဟုသုတအဖြစ်မျှဝေမှုပြုလိုက်ရပါသည် ငယ်စဉ်က ကြားဖူးနားဝသာ ရှိခဲ့ဘူးပါသည် …..ဆေဘက်ဝင်ပုံမှာ ပဉ္စငါးပါးလုံး အသုံးပြုလို့ရပါသည်။

အရွက်ကို သုပ်၍စားခြင်း /ဟင်းချက်စားသုံးမှုပြုခြင်းဖြင့် ခန္ဓာကိုယ်မှကုန်ဆုံးသွားသောအားအင်တို့ကိုပြန်လည် ဖြည့်စီးပေးနိုင်သော အစွမ်းသတ္တိရှိပါသည်။

နွယ်နီနတ်ပန်းဂုဏ်သတ္တိမှာ ပျားရည်ဖြင့်နှပ်၍စားသုံးခြင်းပြုပါက ကင်ဆာဝဒေနာတို့ကိုသက်သာပျောက်ကင်းနိုင်သည်ဟုလေ့လာသိရှိရ၍ မိတ်ဆွေ/ရောင်းရင်းတို့ကိုမျှဝေမှုပြုပေးလိုက်ရပါသည်။

စိတ္တသုခ/ကာယသုခ အဖြာဖြာတို့နှင့် ပြည့်စုံနိုင်ကြပြီး ကျန်းမာပျော်ရွှင်သော မိသားစုဘဝတို့ကို ပိုင်ဆိုင်နိုင်ကြပါစေ။

မေတ္တာ ၊ ကရုဏာဖြင့်

Credit:Original Writer