Knowledge

အမေနဲ့အဖေ အသက် ၄၅ ကျော်လာပြီဆိုရင် ဒါတွေဂရုစိုက်ပေးပါ…

အမေနဲ့အဖေ အသက် ၄၅ ကျော်လာပြီဆိုရင် ဒါတွေဂရုစိုက်ပေးပါ…

အသက် ၄၅ နဲ့ ၆၀ ကြားဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေက သတိပြုရန်အသက်ကြီးလေ ပိုဖြစ်လေမို့ သတိထားပီး ကြိုတင်ကာကွယ်

ကုသနိုင်ဖို့ သိထားသင့်ပါတယ်နော်။

(1) အရိုးတွေချောင်လာတယ်။ ဒူးနာတတ်တယ်။

ချဉ်ဆီခမ်းလို့ ဒူးချောင်တတ်တယ်။ ခါးရိုးဆစ်တွေလည်း နာတတ်တယ်။ ချော်လဲမကျအောင် ဂရုစိုက်ပါ။

ဒူးကို ကွေးလိုက် ဆန့်လိုက် လုပ်ပေးခြင်းဖြင့် တစ်ဖြေးဖြေး နာခြင်း သက်သာလာပါမယ်။

(2) ကြွက်သားအားမရှိတာ အမျိုးသားက ၃ ပုံပုံံ ၁ပုံ နဲ့ အမျိုးသမီးက တဝက်လောက် အဖြစ်များတယ်။

ကြွက်သားဆိုတာ လက်မောင်းကြွက်သားနဲ့ ခြေသလုံး ကြွက်သား ၂ မျိုးလုံးပါတယ်။

လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ကြွက်သားအားရှိအောင် လုပ်ပေးဖို့ လိုပါတယ်။

(3) အကြောအဆစ် နာတတ်တယ်။ ဝတဲ့သူများ ပိုပီး ဟိုနာဒီနာ ဖြစ်လွယ်တယ်။ အကြောအားဆေး သောက်ပေးပါ။

ဦးနှောက်အာရုံကြောက ပိုအရေးကြီးတယ်။

အိပ်မပျော်တာများရင် ထိခိုက်သလို ခဏ ခဏ မေ့လွယ်တတ်ပါတယ်။

(4) အသက်ကြီးလာတဲ့အမျှ ကိုယ်တွင်းကလီစာတွေက တစ်ဖြေးဖြေး အားနည်းလာပါတယ်။

နှလုံး ကျောက်ကပ်, သရက်ရွက်, သည်းခြေ, အသဲ။ ညဖက် ဆီးခဏ ခဏ သွားတာနဲ့ ဆီးမခိုင်တာတွေဖြစ်တတ်တယ်။

အများအားဖြင့် ယောက်ျားတွေက ၄၅ နှစ်ကျော်နဲ့ အမျိုးသမီးတွေက အသက် ၅၀ ကျော်တွေ အဖြစ်များတတ်ပါတယ်။

(5) ဝမ်းချူပ်များခြင်း ဝမ်းသွားမကုန်ခြင်းနဲ့အဆီ၊ အပူအစပ် စားများလို့ အူလမ်းကြောင်းမှာ အညစ်ကြေးများရင် အူကင်ဆာ ဖြစ်လွယ်တယ်။ သတိထား ပေးပါ။

(6 ) နှလုံံးမှာပြသာနာ စဖြစ်ရင် အသက်ရှူမဝ၊ ရင်ဘတ် အောင့်ပီး တချက်တချက်နာ၊ ဘယ်ဖက်ပုခုံးထုံ, ကျင်, နာပီး ကျောကုံး အပေါ်ဖက်လည်း ညောင်းပီး အကြောတက်တတ်ပါတယ်။

အိပ်ရာထချိန် ဇက်ကြောတက်တတ် လည်ပင်းညောင်းတတ်တယ်။ မျက်လုံး ၂ လုံးပေါ် ကန့်လန့်ဖြတ်စင်းတခု ထင်းကနဲ ပေါ်တတ်တယ်။

နှလုံးမှာ အဓိကကြောက်ရတာ နှလုံးသွေးကြော ၃ ချောင်းရှိတာ အားလုံးပိတ်ရင် စက်တပ်ရပါပီ။

အာ့ကြောင့် နှလုံးသွေးကြော စပိတ်တာနဲ့ အဲလက္ခဏာတွေ ပြင်းထန်ရင် ဆေးရုံမှာ Check သွားလုပ်ဖို့ မမေ့ပါနဲ့။

အဆီတွေလျော့စား၊ လေ့ကျင့်ခန်းလုပ်၊ ရေများများသောက်ပေးဖို့ လိုပါတယ်။

(7) အသဲ ပြသာနာဖြစ်ရင် ညာဖက် ဗိုက်ခေါက်အပေါ်ဖက် နာကျင်တယ်။ ညာခါးအနောက်ဖက် ညောင်းနာ၊ ညာဖက် ပုခုံးထုံ ကျင် ညောင်းနာ။ ညအိပ်ချိန် ခြေသလုံးခဏခဏ ကြွက်တက်တတ်တယ်။

အသဲမကောင်းရင် ညကောင်းကောင်း အိပ်မပျော်ပါဘူး။

ပါးစပ်ခါးပီး သွားတိုက်ရင် သွေးထွက်လွယ်တယ်။ အစာမစားချင် ခံတွင်းပျက်ပီး နဲနဲလေးစားတာနဲ့ ဗိုက်ပြည့် လွယ်တယ်။

လမ်းနဲနဲလေး လျှောက်တာနဲ့ ခြေထောက် ညောင်းလွယ်တယ်။ တကိုယ်လုံးနှုံးပီး အားမရှိသလို ခံစားရတယ်။

ခြေမခိုင်ဘဲ ချော်လဲလွယ်တယ် ခြေလိမ်တတ်တယ်။ အရက်သောက် များသူများက လျော့သောက်။ အရေပြားယားရင် သတိထားပါ။

အသဲရောဂါ ပို ပြင်းထန်ရင် မျက်နှာအရောင် မွဲခြောက်ခြောက်နဲ့ မဲလာတယ်။ အရေပြားခြောက်သွေ့လာတယ်။ နှခေါင်းထိပ်နီလာတယ်။

အသားတွေ လက်ဖဝါး မျက်လုံးအိမ်တွေ ဝါလာတယ်။ အသဲက စဖြစ်ချိန် တော်ရုံလက္ခဏာမပြဘူး။ ပြတဲ့ချိန်ဆို သိတာနောက်ကြတာများတယ်။ ခုပြောတာက Taiwan တရုတ်ဆေးနည်းပညာရဲ့ ကြည့်နည်းလေးပါ။

(8) ကျောက်ကပ်ပြသာနာကတော့ ခါးနာကျောနာ၊ မလန်းဆန်းဘူး။

ခြေသလုံး ညောင်းလွယ် အားမရှိ။ အသားရေ ယားယံတတ်တယ်။

ဆီးသွားရင် အမြှုတ်ထတယ်။ ဆီးမခိုင်ဘူး။ ခြေလက် အေးတတ်တယ်။ အိပ်မကောင်းဘူး။ ခဏခဏ နိုးတတ်တယ်။ အထိုင်အထ ကြာကြာ မလုပ်နိုင်ဘူး။ ခြေထောက်တွေ ယောင်လာတတ်တယ်။ ခြေသည်းခွံတွေ ကြမ်းလာတယ်။

အထူးသဖြင့် ခြေမရဲ့ ခြေသည်းခွံ အရှည်နှေးလာတယ်။ ကြမ်းပီး ထူလာတယ်။ အထူးသဖြင့် ဆီးချိူသမားတွေ သတိထားပါ။ အမြဲဆေးသောက်ပါ။

ဆီးချိူချိန်ပါ။ ကျောက်ကပ်ပျက်ဆီးရင် သွေးက အပေါ်မတက်နိုင်ရင်လည်း မူးတတ်တယ် ။ သွေးပေါင်ကျလည်း မူးတတ်တယ်။ ကျောက်ကပ်ကို အထူးဂရုစိုက်ပေးကြပါ …။

(9) သရက်ရွက်မကောင်းရင် ခေါင်းတခြမ်းကိုက်တတ်တယ် လည်ပင်းဇက်ကျောတက်လွယ်။ ဝမ်းချူပ် ဝမ်းလျှော ၂ မျိုးလုံးဖြစ်တတ်တယ်။

အစာချေဖျက်မှုကောင်းအောင် လုပ်နိုင်ပီးဝမ်းမှန်ရင် ခေါင်းကိုက် ပျောက်လွယ်တယ်။ ခေါင်းကိုက်တိုင်း အကိုက်ခဲပျောက်ဆေးသိပ် မသောက်ပါနဲ့။

အကိုက်ခဲပျောက်ဆေးကအသောက်များရင်ကျောက်ကပ်နဲ့အစာအိမ် အူလမ်းကြောင်းထိပီး သွေးယို တတ်ပါတယ်။

ဝမ်းသွား သွေးပါရင် သတိထားပါ သွေးရောင်နီတာက လိပ်ခေါင်းကြောင့် ဖြစ်နိုင်သလို သွေးရောင် မဲညစ်ညစ်ဆို အစာအိမ်အူလမ်းကြောင်းရဲ့နံရံပါး (သို့) ပေါက်ပီး ဖြစ်တတ်တယ်။ ကိုယ်ဝမ်းသွားပီးတိုင်း ကိုယ့်ဝမ်းပုံ စံအမြဲကြည့်ပါ။

ရှောကနဲ အဖြောင့်လိုက်သွားပီး ဖင်မကပ်ရင် အကောင်းဆုံးပါ။ ပြတ်တောင်းပြတ်တောင်း ဆိတ်ချီးတုံးပုံဆို ဝမ်းသွားမစင်ဘူး။ တခါလေ မနက်ရေနွေးသောက်လို့မနက်ပိုင်း ဝေါကနဲ ပန်းတာမျိူးက အပူတွေထုတ်ပစ်တာ ကြောက်စရာမလို။ ကောင်းတယ်။

တရက် လုံး ပန်းရင်တော့ဝမ်းလျှောပီ။ အကောင်းဆုံးက နေ့တိုင်း ဝမ်းမှန်အောင်လုပ်ပါ။ စကားပုံရှိတဲ့အတိုင်း “ဝမ်းတလုံးကောင်းခေါင်းမခဲ” ဆိုသလိုပါပဲ။

(10) အူမကြီးမကောင်းရင် ပါးစပ်ခါးပီး တချိန်လုံး ရေငတ်ရေသောက်ချင် ရေငတ်တတ်တယ်။နှာခေါင်းပိတ်တတ် နှာရည်ယိုတတ်တယ် သွားပိုးမစားဘဲ သွားကိုက် သွားနာဖြစ်တတ်တယ်။လည်ပင်းရောင် ဖေါင်းတတ်တယ်။ တော်ရုံနဲနဲ လေးတာတောင် အလေး မ မ နိုင်ပါဘူး။

ဝမ်းချူပ်ရင်လည်းသွား ကိုက်တတ်တယ် အပူများတဲ့သဘော..ဝမ်းချူပ်ရင် ခါးလည်း တခါလေ နာတတ်တယ်။ အူမကြီးက ဝမ်းနဲ့ဆိုင်တယ်။

ခုကမ္ဘာမှာ အူမကြီးကင်ဆာက နံပါတ် ၂ စွဲနေတယ်။ လူတွေက အစားတွေ စုံအောင်စားပီး ဝမ်းအဖြစ် အညစ်အကြေး မထုတ်ပစ်လို့ နဲနဲစီ အူနံရံမှာ ကပ်ပီး ကြာတော့ အညစ်ကြေးကနေ ကင်ဆာဖြစ်သွားပါတယ်။

အစာအိမ်ကနေ အူနံရံပါးပီးအနာဖြစ် ပီးသွေးယိုလည်း ကြာရင် ကင်ဆာ ဖြစ်တတ်တယ်။ အစာအိမ်နဲ့အူလမ်းကြောင်းက ဆက်နေတယ်။ အစာလည်း မခံပါနဲ့။ ဗိုက်ဆာရင်စားပါ။

အပိန်ကျင့်ပီး အစာမစားတာလည်း မလုပ်ပါနဲ့ အစာအိမ်အချဉ်ဖေါက်ပီး လည်ပြွန်ပေါ် ပြန်တက်တာလည်း အပူအစပ်ရှောင်ပါ။ နဲနဲချင်းနဲ့ အကြိမ်ရေတွက် များများစားပါ။

တခါထဲ အများကြီးမစားပါနဲ့ တချို့ကျလည်း ဘယ်လောက်စားစား မဝကြဘူး။ ပိန်ပိန်ဘဲ။ အဲမျိုးက ကျန်းမာရင်တော့ ပြသာနာမရှိပါ။ သို့သော်ဘယ်လောက် စားစား (or) မစားနိုင်ဘဲ ပိန်ပိန်လာပီး လက်ဆစ်တွေ ငေါထွက်လာရင် ဂေါက်ရောဂါနဲ့ အစာအိမ်က စုပ်ယူအား မကောင်းတော့ဘူး ဗီတာမင် မယူနိုင်တော့ဘူး။

အဲဒါမျိုးဆို ဆရာဝန်သေချာပြပါ။ ဂေါက် ရောဂါ ရှိရင် beer နဲ့မတည့်ပါဘူး။

ရေချိုးရင်မချော်တတ်တဲ့ ဘိနပ်စီးပီး ချိုးပါ။ ခြေထောက်ကျောက်ပြား တိုက်ရိုက်ထိ အေးရင်လည်းအကြောချဉ် ကိုက်တတ်တယ်။ ချော်လဲကျလွယ်တယ်။ အသက်ကြီးရင် အရိုးအဆစ်တွေက အားနည်းညနေပီ။ အရိုးအားဆေးစားပါ ချော်လဲ မကျပါစေနဲ့နော်။

မူရင်းအား လေးစားစွာဖြင့်