ငိုကြွေးပြီးရင် ပြန်ပြုံးနိုင်ဖို့ကြိုးစားပါ
*********************ကိုယ်ကချစ်ပေမယ့် ကိုယ့်ကိုမချစ်တော့တဲ့သူတစ်ယောက်အတွက်မင်းရဲ့ အချစ်တွေ စတေးဖို့ မလိုတော့ဘူး သူငယ်ချင်းကိုယ်ကမြတ်နိုးပေမယ့် ကိုယ့်ကိုတန်ဖိုးမထားတဲ့သူတစ်ယောက်အတွက်
မင်းရဲ့ သိက္ခာတွေ ချနင်းဖို့ မလိုတော့ဘူး သူငယ်ချင်းကိုယ်ကကြင်နာပေမယ့် ကိုယ့်ကိုရင်နာစေသူတစ်ယောက်အတွက်
မင်းရဲ့ ကြင်နာမှုတွေနဲ့ ယုယဖို့ မလိုတော့ဘူး သူငယ်ချင်းကိုယ်ကမေတ္တာပေးပေမယ့် ကိုယ့်ကိုဝေဒနာပေးတဲ့သူတစ်ယောက်အတွက်
မင်းရဲ့ မေတ္တာတွေ ဖွင့်ချဖို့ မလိုတော့ဘူး သူငယ်ချင်းကိုယ်ကနွေးထွေးမှုပေးပေမယ့်
ကိုယ့်အပေါ် အေးစက်နေသူတစ်ယောက်အတွက်
မင်းရဲ့ နွေးထွေးမှုတွေနဲ့ ထွေးပွေ့ဖို့ မလိုတော့ဘူး သူငယ်ချင်းကိုယ်ကလွမ်းနေပေမယ့်
ကိုယ့်ကိုမေ့နေသူတစ်ယောက်အတွက်
မင်းရဲ့ တမ်းတစိတ်တွေ သတိရစရာမလိုတော့ဘူး
သူငယ်ချင်းကိုယ်ကရှေ့ဆက်ချင်ပေမယ့်
ကိုယ့်ကိုမပတ်သက်ချင်တော့တဲ့သူတစ်ယောက်အတွက်
မင်းရဲ့ အချိန်တွေ အကုန်ခံဖို့ မလိုတော့ဘူး သူငယ်ချင်းကိုယ်က ဂရုစိုက်ပေမယ့် ကိုယ့်ကိုဥပေက္ခာပြုနိုင်သူတစ်ယောက်အတွက်
မင်းရဲ့ ဂရုစိုက်မှုတွေထပ်ပေးဖို့ မလိုတော့ဘူး သူငယ်ချင်းကိုယ်ကမပြောင်းလဲပေမယ့် ကိုယ့်အပေါ်ပြောင်းလဲသွားသူတစ်ယောက်အတွက်
မင်းရဲ့ သစ္စာတွေ စောင့်သိဖို့ မလိုတော့ဘူး သူငယ်ချင်းမင်းရဲ့ ပေးဆပ်ခြင်းတွေအတွက်
တုန့်ပြန်မှုမရတဲ့အပြင် အသိအမှတ်ပြုတောင်မခံရတဲ့အခြေအနေမှာ
ဘာကို မက်မက်မောပြီး ဖက်တွယ်နေအုံးမှာလဲ
ခံစားချက်မကင်းတဲ့လူသားတစ်ယောက်မို့
ခံစားရတာ အပြစ်မဆိုပါဘူး
ဒါပေမယ့် ( အတိုင်းအတာတစ်ခုထိပေါ့ )ကိုယ်ချစ်မြတ်နိုးပြီး တန်ဖိုးထားရတဲ့သူတစ်ယောက်ရဲ့
ကျောခိုင်းစွန့်လွှတ်ပစ်ပယ်ခြင်းခံရတာ
နာကျင်ဝမ်းနည်းရမယ်ဆိုတာ နားလည်ပါတယ်
အဲ့ဒါကြောင့် ခံစားရတဲ့ဝေဒနာအတွက်
အားရအောင် ငိုချလိုက်ပါ
မျက်ရည်တွေနဲ့အတူ
နာကျင်ခြင်း ဝမ်းနည်းခြင်း
တမ်းတခြင်း ပူဆွေးခြင်းတွေကိုပါ တစ်ပါတည်းသယ်ဆောင်သွားပါ
အားရအောင်ငိုကြွေးပြီးရင်တော့
အလှပဆုံးဖြစ်အောင်ပြန်ပြုံးထားလိုက်ပါ
( အသည်းကွဲတာ ဘဝပျက်တာမှမဟုတ်ဘဲ)ဘဝမှာပြုပြင်လို့ရတဲ့အမှားရှိသလို
ပြုပြင်လို့မရတဲ့အမှားဆိုတာရှိတယ် သူငယ်ချင်း
တဒင်္ဂ အချစ်ကို ကိုးကွယ်မိလို့ အမှားတွေ့တယ်ဆို
အဲ့ဒီအမှားကို သင်ခန်းစာယူပြီး ထပ်မမှားဖို့ ပြင်ဆင်ခွင့်ရလိုက်တာပါ
ဘယ်လိုအကြောင်းကြောင့်ပဲ လမ်းခွဲခဲ့သည်ဖြစ်စေ
ကိုယ့်အတွက် နာကျင်စေမယ့်သူမျိုးနဲ့လွဲခဲ့တာ ကံကောင်းတယ်တွေးလိုက်ပါ
ခဏတာချစ်ခဲ့ရခြင်းအတွက်
တစ်သက်တာ သင်ခန်းစာရလိုက်တာ
ကျေးဇူးတင်လိုက်ပါချစ်သူကထားခဲ့လို့ဆိုပြီး
သူ့ထက်သာတဲ့သူမျိုးနဲ့ရွဲ့တွဲရမှာမဟုတ်ဘူး
ကိုယ့်ကိုယ်ကိုယ် အရင်ကထက်သာအောင်လုပ်ရမှာ
ပြီးတော့ သူထားခဲ့တဲ့ နေရာမှာ ရပ်မနေဘဲ ရှေ့ဆက်ပြီး ပျော်ရွှင်သာယာစွာ လျှောက်လှမ်းနေတယ်ဆိုတာရယ်
ကိုယ့်ရဲ့ အနာဂတ်ကို ကိုယ်ကိုယ်တိုင် လှလှပပပုံဖော်နိုင်တယ်ဆိုတာ
ကံတရားကမျက်နှာသာပေးတဲ့အခါ
သူ့ကို သိစေပါတစ်ချိန်ကမျက်ရည်တွေဟာ
နောင်တစ်ချိန်မှာ ဟာသအဖြစ်နဲ့ပြုံးနိုင်ဖို့
ခုတော့ ခံစားမှု သက်သာအောင် ငိုချလိုက်ပါသူငယ်ချင်း
( အားရအောင်ငိုကြွေးပြီးရင်တော့ အလှပဆုံးပြုံးနိုင်အောင်ကြိုးစားပါ ) P.Z.EUnicodeငိုကြွေးပြီးရင် ပြန်ပြုံးနိုင်ဖို့ကြိုးစားပါ

( အားရအောင်ငိုကြွေးပြီးရင်တော့ အလှပဆုံးပြုံးနိုင်အောင်ကြိုးစားပါ ) P.Z.E